အာဆင်နယ်က ဖုန်းဆက်သွယ်လာမှုကို စီးရီးအေစတားရဲ့အေးဂျင့်ကပြန်ဖြေကြားရန်ငြင်းဆိုနေ

အာဆင်နယ်ရဲ့ဖီအိုရင်တီးနားစတားဒူဆန်ဗလာဟိုဗစ်ကိုခေါ်ယူရေးကြိုးပမ်းမှုမှာကျရှုံးလာဖို့ရှိနေပါတယ်။ဗလာဟိုဗစ်ရဲ့အေးဂျင့်ဟာအာဆင်နယ်အသင်းထံမှဖုန်းဆက်သွယ်မှုများကိုပြန်လည်ဖြေကြားရန်ငြင်းဆိုနေပါတယ်။

အာဆင်နယ်ဟာယခုရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အခြေအနေကောင်းများရရှိလာပြီးနောက်လာမယ့်ဇန်နဝါရီတွင်ကစားသမားဝယ်ယူအားဖြည့်ရန်စီစဉ်နေပါတယ်။

အာတီတာဟာအသင်းရဲ့အားအနည်းဆုံးအပိုင်းဖြစ်တဲ့တိုက်စစ်ကိုအားဖြည့်လိုနေပြီးဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကိုခေါ်ယူလိုနေပါတယ်။ဖီအိုရင်တီးနားဟာတိုက်စစ်မှူးဗလာဟိုဗစ်အတွက်ပြောင်းရွှေ့ကြေးပေါင်၆၈သန်းရရှိလိုနေပါတယ်။

အာဆင်နယ်ဟာဇန်နဝါရီအဓိကပစ်မှတ်အဖြစ်ဗလာဟိုဗစ်ကိုခေါ်ယူလိုနေပေမယ့်လည်းကစားသမားရဲ့အေးဂျင့်ကအာဆင်နယ်ဘက်ဖုန်းဆက်သွယ်လာမှုများကိုပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဒါကိုကြည့်ရင်ဗလာဟိုဗစ်ဟာအာဆင်နယ်သို့ပြောင်းရန်စိတ်ဝင်စားခြင်းမရှိဘူးဆိုတာမြင်တွေ့နိုင်ပါတယ်။အာဆင်နယ်ဟာလည်းအေးဂျင့်နှင့်ဆက်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိမှုနဲ့အတူအပြောင်းအရွှေ့ကိစ္စလုပ်ရေးအတွက်မည်သို့မျှလုပ်ဆောင်မရဖြစ်နေပါတယ်။

ဗလာဟိုဗစ်ဟာဖီအိုရင်တီးနားနှင့်၂၀၂၃ခုနှစ်အထိသာစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးစာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းဖီအိုရင်တီးနားဟာလာမယ့်အပြောင်းအရွှေ့ဈေးကွက်များတွင်အသက်၂၁နှစ်ရှိတိုက်စစ်မှူးကိုရောင်းချရန်စီစဉ်ထားပါတယ်။

လက်ရှိအချိန်တွင်ဂျူဗင်တပ်ကဗလာဟိုဗစ်ကိုခေါ်ယူရန်ထိပ်ဆုံးမှစိတ်ဝင်စားနေရာကစားသမားရဲ့အေးဂျင့်ဟာအာဆင်နယ်ရဲ့ဖုန်းဆက်သွယ်မှုကိုဖြေကြားဖို့ငြင်းဆန်နေတာလို့ယူဆရပါတယ်။

ဗလာဟိုဗစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကစီးရီးအေးပွဲ၃၇ပွဲတွင်၂၁ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပြီးယခုရာသီတွင်လည်းပြိုင်ပွဲအရပ်ရပ်တွင်၁၃ပွဲကစားထားရာမှာ၁၁ဂိုးအထိသွင်းထားနိုင်ပါတယ်။

ZawGyi

အာဆင္နယ္က ဖုန္းဆက္သြယ္လာမႈကို စီးရီးေအစတားရဲ႕ေအးဂ်င့္ကျပန္ေျဖၾကားရန္ျငင္းဆိုေန

အာဆင္နယ္ရဲ႕ဖီအိုရင္တီးနားစတားဒူဆန္ဗလာဟိုဗစ္ကိုေခၚယူေရးႀကိဳးပမ္းမႈမွာက်ရႈံးလာဖို႔ရွိေနပါတယ္။ဗလာဟိုဗစ္ရဲ႕ေအးဂ်င့္ဟာအာဆင္နယ္အသင္းထံမွဖုန္းဆက္သြယ္မႈမ်ားကိုျပန္လည္ေျဖၾကားရန္ျငင္းဆိုေနပါတယ္။

အာဆင္နယ္ဟာယခုရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိရန္အေျခအေနေကာင္းမ်ားရရွိလာၿပီးေနာက္လာမယ့္ဇန္နဝါရီတြင္ကစားသမားဝယ္ယူအားျဖည့္ရန္စီစဥ္ေနပါတယ္။

အာတီတာဟာအသင္းရဲ႕အားအနည္းဆုံးအပိုင္းျဖစ္တဲ့တိုက္စစ္ကိုအားျဖည့္လိုေနၿပီးဖီအိုရင္တီးနားတိုက္စစ္မႉးဗလာဟိုဗစ္ကိုေခၚယူလိုေနပါတယ္။ဖီအိုရင္တီးနားဟာတိုက္စစ္မႉးဗလာဟိုဗစ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၆၈သန္းရရွိလိုေနပါတယ္။

အာဆင္နယ္ဟာဇန္နဝါရီအဓိကပစ္မွတ္အျဖစ္ဗလာဟိုဗစ္ကိုေခၚယူလိုေနေပမယ့္လည္းကစားသမားရဲ႕ေအးဂ်င့္ကအာဆင္နယ္ဘက္ဖုန္းဆက္သြယ္လာမႈမ်ားကိုျပန္လည္ေျဖၾကားျခင္းမရွိပါဘူး။

ဒါကိုၾကည့္ရင္ဗလာဟိုဗစ္ဟာအာဆင္နယ္သို႔ေျပာင္းရန္စိတ္ဝင္စားျခင္းမရွိဘူးဆိုတာျမင္ေတြ႕ႏိုင္ပါတယ္။အာဆင္နယ္ဟာလည္းေအးဂ်င့္ႏွင့္ဆက္သြယ္မႈျပဳလုပ္ႏိုင္ျခင္းမရွိမႈနဲ႔အတူအေျပာင္းအေ႐ႊ႕ကိစၥလုပ္ေရးအတြက္မည္သို႔မွ်လုပ္ေဆာင္မရျဖစ္ေနပါတယ္။

ဗလာဟိုဗစ္ဟာဖီအိုရင္တီးနားႏွင့္၂၀၂၃ခုႏွစ္အထိသာစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီးစာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားၿပီးျဖစ္ပါတယ္။ဒါေၾကာင့္လည္းဖီအိုရင္တီးနားဟာလာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္အသက္၂၁ႏွစ္ရွိတိုက္စစ္မႉးကိုေရာင္းခ်ရန္စီစဥ္ထားပါတယ္။

လက္ရွိအခ်ိန္တြင္ဂ်ဴဗင္တပ္ကဗလာဟိုဗစ္ကိုေခၚယူရန္ထိပ္ဆုံးမွစိတ္ဝင္စားေနရာကစားသမားရဲ႕ေအးဂ်င့္ဟာအာဆင္နယ္ရဲ႕ဖုန္းဆက္သြယ္မႈကိုေျဖၾကားဖို႔ျငင္းဆန္ေနတာလို႔ယူဆရပါတယ္။

ဗလာဟိုဗစ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကစီးရီးေအးပြဲ၃၇ပြဲတြင္၂၁ဂိုးအထိသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီးယခုရာသီတြင္လည္းၿပိဳင္ပြဲအရပ္ရပ္တြင္၁၃ပြဲကစားထားရာမွာ၁၁ဂိုးအထိသြင္းထားႏိုင္ပါတယ္။