အာဆင်နယ်ဂန္ထဝင်ဘားကမ့်ရဲ့သမီးတွင် ဗန်ဒီဘိခ်ရဲ့ရင်သွေးလေးလွယ်ထားရပြီ

ဒွန်နီဗန်ဒီဘိခ်ကသူ့လက်တွဲဖော်အက်စ်တဲလ်လီဘားကမ့်တွင်သူ့ရဲ့ရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်းကြေညာလာပါတယ်။

ဒွန်နီဗန်ဒီဘိခ်ဟာကွင်းထဲမှာဘာဆိုဘာမှအဆင်မပြေမှုကြုံဆုံရခြင်းမရှိပေမယ့်ကွင်းပြင်ပမှာတော့အားလုံးအဆင်ပြေနေပုံပါပဲ။

ယနေ့မှာဒတ်ချ်ကွင်းလယ်ကစားသမားဟာအာထရာဆောင်းဓာတ်ပုံကိုင်ပြီးပျော်ရွှင်နေတဲ့ချစ်သူအက်စ်တဲလ်လီနှင့်ယှဉ်တွဲရိုက်ကူးထားတဲ့ဓာတ်ပုံကိုအင်စတာဂရမ်မှာတင်ကာပရိသတ်များကိုအသိပေးလာတာဖြစ်ပါတယ်။

အသက်၂၅နှစ်အရွယ်ရှိအက်စ်တဲလ်လီဟာလည်းသူတို့စုံတွဲရဲ့ဝမ်းသာစရာသတင်းကိုသူမရဲ့အကောင့်ကနေကြေညာမှုပြုလုပ်သွားခဲ့ပါတယ်။

အသက်၂၄နှစ်ရှိအေဂျက်စ်ကွင်းလယ်ကစားသမားဟောင်းဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်မှာ၆မိနစ်တည်းသာကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာအမ်စတာဒမ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့နှစ်မှစတင်ကာအတူနေထိုင်လာခဲ့တာဖြစ်ပါတယ်။အက်စ်တဲလ်လီဘားကမ့်ကို ဖခင်ဖြစ်သူဘားကမ့် အာဆင်နယ်တွင်အကြီးအကျယ်အောင်မြင်နေချိန်တွင်လန်ဒန်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္ဂႏၴဝင္ဘားကမ့္ရဲ႕သမီးတြင္ ဗန္ဒီဘိခ္ရဲ႕ရင္ေသြးေလးလြယ္ထားရၿပီ

ဒြန္နီဗန္ဒီဘိခ္ကသူ႔လက္တြဲေဖာ္အက္စ္တဲလ္လီဘားကမ့္တြင္သူ႔ရဲ႕ရင္ေသြးေလးလြယ္ထားရၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ဒြန္နီဗန္ဒီဘိခ္ဟာကြင္းထဲမွာဘာဆိုဘာမွအဆင္မေျပမႈႀကဳံဆုံရျခင္းမရွိေပမယ့္ကြင္းျပင္ပမွာေတာ့အားလုံးအဆင္ေျပေနပုံပါပဲ။

ယေန႔မွာဒတ္ခ်္ကြင္းလယ္ကစားသမားဟာအာထရာေဆာင္းဓာတ္ပုံကိုင္ၿပီးေပ်ာ္႐ႊင္ေနတဲ့ခ်စ္သူအက္စ္တဲလ္လီႏွင့္ယွဥ္တြဲ႐ိုက္ကူးထားတဲ့ဓာတ္ပုံကိုအင္စတာဂရမ္မွာတင္ကာပရိသတ္မ်ားကိုအသိေပးလာတာျဖစ္ပါတယ္။

အသက္၂၅ႏွစ္အ႐ြယ္ရွိအက္စ္တဲလ္လီဟာလည္းသူတို႔စုံတြဲရဲ႕ဝမ္းသာစရာသတင္းကိုသူမရဲ႕အေကာင့္ကေနေၾကညာမႈျပဳလုပ္သြားခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိေအဂ်က္စ္ကြင္းလယ္ကစားသမားေဟာင္းဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္မွာ၆မိနစ္တည္းသာကစားခြင့္ရရွိထားသူျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာအမ္စတာဒမ္မွာေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာျဖစ္ၿပီးၿပီးခဲ့တဲ့ႏွစ္မွစတင္ကာအတူေနထိုင္လာခဲ့တာျဖစ္ပါတယ္။အက္စ္တဲလ္လီဘားကမ့္ကို ဖခင္ျဖစ္သူဘားကမ့္ အာဆင္နယ္တြင္အႀကီးအက်ယ္ေအာင္ျမင္ေနခ်ိန္တြင္လန္ဒန္မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။