အာဆင်နယ်ဂိုးသမားကို ကန်ကျောက်ခဲ့တဲ့ စပါးစ်ပရိသတ် လေးပွဲပယ်ခံရ

အာဆင်နယ်ဂိုးသမားအေရွန်ရမ်ဒေးလ်ကိုကန်ကျောက်ခဲ့တဲ့စပါးစ်ပရိသတ်ကိုဘောလုံးပွဲကြည့်ခွင့်လေးနှစ်ပိတ်ပင်လာပါတယ်။

အသက်၂၄နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဂိုးသမားရမ်ဒေးလ်ဟာဇန်နဝါရီလတုန်းကစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်အပြီးတွင်အကန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

လန်ဒန်အရှေ့ပိုင်းဒယ်စတန်တွင်နေထိုင်တဲ့အသက်၃၅နှစ်ရှိဂျိုးဆက်ဖ်ဝတ်ဟာUxbridge Magistrates တရားရုံးတွင်သူ့အမှားကိုဝန်ခံခဲ့ပါတယ်။

သူဟာလူမှုရေးလုပ်ငန်းလုပ်ရန်အမိန့်ချမှတ်ခြင်းခံခဲ့ရတဲ့အပြင်ရမ်ဒေးလ်ကိုလည်းနစ်နာကြေးပေါင်၁၀၀ပေးရပါမယ်။

ဇန်နဝါရီလ၁၅ရက်နေ့တုန်းကမြောက်လန်ဒန်ဒါဘီပွဲစဉ်အပြီးတွင်ရမ်ဒေးလ်ဟာစပါးစ်စတားရီချာလီဆင်နှင့်အချင်းများပြီးနောက်ဂိုးတိုင်နောက်သို့သွားကာရေသောက်ရန်ပြင်နေစဉ်စပါးစ်ပရိသတ်ရဲ့တိုက်ခိုက်မှုခံခဲ့ရတာဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္ဂိုးသမားကို ကန္ေက်ာက္ခဲ့တဲ့ စပါးစ္ပရိသတ္ ေလးပြဲပယ္ခံရ

အာဆင္နယ္ဂိုးသမားေအ႐ြန္ရမ္ေဒးလ္ကိုကန္ေက်ာက္ခဲ့တဲ့စပါးစ္ပရိသတ္ကိုေဘာလုံးပြဲၾကည့္ခြင့္ေလးႏွစ္ပိတ္ပင္လာပါတယ္။

အသက္၂၄ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ဂိုးသမားရမ္ေဒးလ္ဟာဇန္နဝါရီလတုန္းကစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္အၿပီးတြင္အကန္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

လန္ဒန္အေရွ႕ပိုင္းဒယ္စတန္တြင္ေနထိုင္တဲ့အသက္၃၅ႏွစ္ရွိဂ်ိဳးဆက္ဖ္ဝတ္ဟာUxbridge Magistrates တရား႐ုံးတြင္သူ႔အမွားကိုဝန္ခံခဲ့ပါတယ္။

သူဟာလူမႈေရးလုပ္ငန္းလုပ္ရန္အမိန႔္ခ်မွတ္ျခင္းခံခဲ့ရတဲ့အျပင္ရမ္ေဒးလ္ကိုလည္းနစ္နာေၾကးေပါင္၁၀၀ေပးရပါမယ္။

ဇန္နဝါရီလ၁၅ရက္ေန႔တုန္းကေျမာက္လန္ဒန္ဒါဘီပြဲစဥ္အၿပီးတြင္ရမ္ေဒးလ္ဟာစပါးစ္စတားရီခ်ာလီဆင္ႏွင့္အခ်င္းမ်ားၿပီးေနာက္ဂိုးတိုင္ေနာက္သို႔သြားကာေရေသာက္ရန္ျပင္ေနစဥ္စပါးစ္ပရိသတ္ရဲ႕တိုက္ခိုက္မႈခံခဲ့ရတာျဖစ္ပါတယ္။