
မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင်အာဆင်နယ်ဂိုးသမားအေရွန်ရမ်ဒေးလ်ကိုကန်ကျောက်ခဲ့တဲ့စပါးစ်ပရိသတ်တစ်ဦးကိုရန်ပြုတိုက်ခိုက်မှုဖြင့်စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။
ဟက်နေတွင်နေထိုင်နေတဲ့အသက်၃၅နှစ်ရှိဂျိုးဆက်ဝတ်ဟာတနင်္ဂနွေနေ့ညတုန်းကTottenham Hotspur Stadium တွင်အာဆင်နယ်ဂိုးသမားရမ်ဒေးလ်ကိုကန်ကျောက်မှုပြုလုပ်မှုအတွက်အရေးယူခံလာရတော့မှာလည်းဖြစ်ပါတယ်။
အာဆင်နယ်က၂-၀ဂိုးဖြင့်အနိုင်ရတဲ့မြောက်လန်ဒန်ဒါဘီပွဲအပြီးတွင်အေရွန်ရမ်ဒေးလ်ဟာစပါးစ်ကစားသမားရီချာလီဆင်နှင့်အချင်းများပြီးနောက် ရေသောက်ရန်ဂိုးနောက်ဘက်သို့ရောက်လာချိန်တွင်စပါးစ်ပရိသတ်ရဲ့ကန်ကျောက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အေရွန်ရမ်ဒေးလ်ဟာယင်းပရိသတ်ရဲ့တိုက်ခိုက်မှုကြောင့်တစုံတရာဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။
ယခုအခါမှာတော့မီထရိုပီလီတန်ရဲတပ်ဖွဲ့ကရမ်ဒေးလ်ကိုတိုက်ခိုက်ခဲ့တဲ့စပါးစ်ပရိသတ်ကိုနာကျင်စေမှု၊ကွင်းအတွင်းဝင်ရောက်မှု၊ကွင်းအတွင်းပစ္စည်းဖြင့်ပစ်ပေါက်မှုတို့ဖြင့်စွဲချက်တင်လာပြီဖြစ်ပါတယ်။
စပါးစ်ပရိသတ်ဟာလာမယ့်ဖေဖော်ဝါရီလ၁၉ရက်နေ့တွင်ဟိုက်ဘူရီတရားရုံးတွင်အမှုရင်ဆိုင်ရပါမယ်။
စပါးစ်အသင်းကလည်းယင်းပရိသတ်ကိုရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ကြေညာထားပါတယ်။
ZawGyi
အာဆင်နယ်ဂိုးသမားရမ်ဒေးလ်ကို ကန်ကျောက်ခဲ့တဲ့ စပါးစ်ပရိသတ်စွဲချက်တင်ခံရ