အာဆင်နယ်စတားကီရန်တီယာနေးကို အင်္ကျီပြဲအောင် လိုက်ဆွဲပေမဲ့ အဝါကတ်ပြသမခံခဲ့ရတဲ့ ဇူးရစ်ကစားသမား

ကီရန်တီယာနေးဟာမနေ့ညတုန်းကယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင်အင်္ကျီဆိုးဆိုးရွားရွားစုတ်ပြဲသွားတဲ့အပြင် ပြိုင်ဘက်ကစားသမားရဲ့လိုက်ဆွဲခြင်းခံခဲ့ရပါတယ်။

ဇူးရစ်စတားနီကိုလာဘိုရာနီဂျာဆီဗစ်ဟာစကော့တလန်နောက်ခံလူတီယာနေးကိုတားဆီးရေးအတွက်ကြိုးပမ်းခဲ့ရာမှာအင်္ကျီလိုက်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။

စကော့တလန်လက်ရွေးစင်နောက်ခံလူဟာဘိုရာနီဂျာဆီဗစ်ရဲ့အင်္ကျီလိုက်ဆွဲမှုကြောင့်အင်္ကျီတခြမ်းနီးပါးပြဲသွားခဲ့ပြီးနောက် အကြီးအကျယ်အံ့ဩတုန်လှုပ်နေခဲ့ပါတယ်။

ဒါပေမဲ့လည်းအသက်၃၀နှစ်ရှိဆားဘီးယားကစားသမားဟာကံကောင်းထောက်မစွာဘဲအဝါကတ်ပြသခြင်းခံခဲ့ရခြင်းမရှိပါဘူး။

တီယာနေးဟာမနေ့ညတုန်းကဇူးရစ်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်အာဆင်နယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ZawGyi





