
Love Island စတားအမ်ဘာဂေးလ်ကအာဆင်နယ်အမျိုးသမီးအသင်းစတားဂျန်ဘီတီနှင့်ချစ်ကြိုက်နေကြောင်းလူသိရှင်ကြားဖွင့်ဟလာပါတယ်။သူမဟာသူမရဲ့ချစ်ဇာတ်လမ်းကိုလူသိရှင်ကြားဖြစ်တဲ့အချိန်အထိလျို့ဝှက်ထားပြီးမှဖွင့်ဟလာခဲ့တာလည်းဖြစ်ပါတယ်။
၂၀၁၉ခုနှစ် Love Island စီးရီးအနိုင်ရသူအသက်၂၅နှစ်ရှိအမ်ဘာဂေးလ်ဟာသူမကိုနှစ်ဖက်ချွန်လို့လှောင်ပြောင်နေသူများကိုလည်းတုံ့ပြန်မှုပြုလုပ်လာပါတယ်။
သူမဟာအသက်၃၁နှစ်ရှိအာဆင်နယ်စတားဂျန်ဘီတီနှင့်ချစ်ကြိုက်နေတာ အနည်းငယ်ကြာပြီဖြစ်ပေမဲ့လူပြောသူပြောများတဲ့အချိန်အထိလျို့ဝှက်ထားခဲ့တာပါ။
အမ်ဘာက “ကျွန်မတော့အရမ်းပျော်နေတယ်။ရှင်တို့လည်းသိမှာပေါ့။တကယ်တော့ပြောဖို့အဆင်သင့်မဖြစ်သေးတာ။ရှင်တို့အားလုံးသိသွားပြီဆိုတဲ့အချိန်အထိစောင့်နေခဲ့တာ။ဒါကတကယ့်အစစ်အမှန်ပါ။ပြီးတော့မှအားလုံးသိအောင်ရင်ဖွင့်မယ်ပေါ့။ပုံမှန်ချစ်ကြိုက်တာနဲ့အတူတူပါပဲ။ကိုယ့်အမေကိုတော့ကျွန်မတော့ကောင်မလေးတစ်ယောက်နဲ့ချစ်ကြိုက်နေပြီလို့ဘယ်သွားပြောမလဲ။ဖြည်းဖြည်းချင်းသွားရတာပေါ့”လို့ပြောကြားပါတယ်။
အမ်ဘာဂေးလ်နှင့်ဂျန်ဘီတီတို့ဟာပြီးခဲ့တဲ့နှစ်ကတည်းကချစ်ကြိုက်နေကြောင်းသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။
သူမဟာယခင်တုန်းကမန်စီးတီးနှင့်အင်္ဂလန်စတားဂျက်ဂရဲလ်လစ်ရှ်နှင့်ချစ်ကြိုက်ခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
အာဆင္နယ္စတားႏွင့္ ခ်စ္ႀကိဳက္ေနေၾကာင္း ဖြင့္ဟလာတဲ့ ႏွစ္ဖက္ခြၽန္ Love Island စတားအမ္ဘာေဂးလ္
Love Island စတားအမ္ဘာေဂးလ္ကအာဆင္နယ္အမ်ိဳးသမီးအသင္းစတားဂ်န္ဘီတီႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္းလူသိရွင္ၾကားဖြင့္ဟလာပါတယ္။သူမဟာသူမရဲ႕ခ်စ္ဇာတ္လမ္းကိုလူသိရွင္ၾကားျဖစ္တဲ့အခ်ိန္အထိလ်ိဳ႕ဝွက္ထားၿပီးမွဖြင့္ဟလာခဲ့တာလည္းျဖစ္ပါတယ္။
၂၀၁၉ခုႏွစ္ Love Island စီးရီးအႏိုင္ရသူအသက္၂၅ႏွစ္ရွိအမ္ဘာေဂးလ္ဟာသူမကိုႏွစ္ဖက္ခြၽန္လို႔ေလွာင္ေျပာင္ေနသူမ်ားကိုလည္းတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။
သူမဟာအသက္၃၁ႏွစ္ရွိအာဆင္နယ္စတားဂ်န္ဘီတီႏွင့္ခ်စ္ႀကိဳက္ေနတာ အနည္းငယ္ၾကာၿပီျဖစ္ေပမဲ့လူေျပာသူေျပာမ်ားတဲ့အခ်ိန္အထိလ်ိဳ႕ဝွက္ထားခဲ့တာပါ။
အမ္ဘာက “ကြၽန္မေတာ့အရမ္းေပ်ာ္ေနတယ္။ရွင္တို႔လည္းသိမွာေပါ့။တကယ္ေတာ့ေျပာဖို႔အဆင္သင့္မျဖစ္ေသးတာ။ရွင္တို႔အားလုံးသိသြားၿပီဆိုတဲ့အခ်ိန္အထိေစာင့္ေနခဲ့တာ။ဒါကတကယ့္အစစ္အမွန္ပါ။ၿပီးေတာ့မွအားလုံးသိေအာင္ရင္ဖြင့္မယ္ေပါ့။ပုံမွန္ခ်စ္ႀကိဳက္တာနဲ႔အတူတူပါပဲ။ကိုယ့္အေမကိုေတာ့ကြၽန္မေတာ့ေကာင္မေလးတစ္ေယာက္နဲ႔ခ်စ္ႀကိဳက္ေနၿပီလို႔ဘယ္သြားေျပာမလဲ။ျဖည္းျဖည္းခ်င္းသြားရတာေပါ့”လို႔ေျပာၾကားပါတယ္။
အမ္ဘာေဂးလ္ႏွင့္ဂ်န္ဘီတီတို႔ဟာၿပီးခဲ့တဲ့ႏွစ္ကတည္းကခ်စ္ႀကိဳက္ေနေၾကာင္းသတင္းထြက္လာခဲ့တာျဖစ္ပါတယ္။
သူမဟာယခင္တုန္းကမန္စီးတီးႏွင့္အဂၤလန္စတားဂ်က္ဂရဲလ္လစ္ရွ္ႏွင့္ခ်စ္ႀကိဳက္ခဲ့ဖူးတဲ့သူလည္းျဖစ္ပါတယ္။