အာဆင်နယ်စတားရမ်ဒေးလ်နှင့် အချင်းများမှုအတွက် အက်ဖ်အေရဲ့အရေးယူခြင်းခံရမှုမဟုတ်တဲ့ စပါးစ်စတားရီချာလီဆင်

စပါးစ်တိုက်စစ်မှူးရီချာလီဆင်ဟာမြောက်လန်ဒန်ဒါဘီပွဲစဉ်တွင်အာဆင်နယ်စတားအေရွန်ရမ်ဒေးလ်နှင့်အချင်းများမှုအတွက်အက်ဖ်အေရဲ့အရေးယူခြင်းခံလာရမှာမဟုတ်ကြောင်းသိရပါတယ်။

တနင်္ဂနွေနေ့တုန်းကအာဆင်နယ်ကစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးတွင်ရီချာလီဆင်ဟာစပါးစ်ပရိသတ်များရဲ့လှောင်ပြောင်မှုကိုတုံ့ပြန်ခဲ့တဲ့အင်္ဂလန်ဂိုးသမားရမ်ဒေးလ်နှင့်အချင်းများခဲ့ပါတယ်။

ဘရာဇီးစတားဟာရမ်ဒေးလ်ရဲ့မျက်နှာကိုလက်ဖြင့်နှစ်ကြိမ်တိုင်တိုင်တွန်းမှုပြုလုပ်ခဲ့ပါတယ်။

ရမ်ဒေးလ်ဟာရီချာလီဆင်ရဲ့ရန်လိုတဲ့အပြုအမူခံရပြီးနောက်ဂိုးနောက်သို့သွားကာရေသောက်ရန်ပြင်နေစဉ်စပါးစ်ပရိသတ်တစ်ဦးရဲ့ကန်ကျောက်ခြင်းခံခဲ့ရပါတယ်။

အသက်၃၄နှစ်ရှိစပါးစ်ပရိသတ်ဟာယင်းလုပ်ရပ်အတွက်ရဲတပ်ဖွဲ့ရဲ့စွဲချက်တင်ခြင်းခံထားရပြီဖြစ်ပြီးဖေဖော်ဝါရီလတွင်အမှုရင်ဆိုင်ရပါမယ်။ဒါ့အပြင်စပါးစ်ကလည်းယင်းဆိုးသွမ်းပရိသတ်ကိုရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ကြေညာထားပါတယ်။

ရီချာလီဆင်ဟာရမ်ဒေးလ်ကိုရန်လိုတဲ့အပြုအမူမျိုးဖြင့်ပြုမှူခဲ့မှုကြောင့်အရေးယူခြင်းခံရမှုလို့ယူဆခဲ့ရပေမဲ့လည်းအက်ဖ်အေကအရေးယူမှုမပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္စတားရမ္ေဒးလ္ႏွင့္ အခ်င္းမ်ားမႈအတြက္ အက္ဖ္ေအရဲ႕အေရးယူျခင္းခံရမႈမဟုတ္တဲ့ စပါးစ္စတားရီခ်ာလီဆင္

စပါးစ္တိုက္စစ္မႉးရီခ်ာလီဆင္ဟာေျမာက္လန္ဒန္ဒါဘီပြဲစဥ္တြင္အာဆင္နယ္စတားေအ႐ြန္ရမ္ေဒးလ္ႏွင့္အခ်င္းမ်ားမႈအတြက္အက္ဖ္ေအရဲ႕အေရးယူျခင္းခံလာရမွာမဟုတ္ေၾကာင္းသိရပါတယ္။

တနဂၤေႏြေန႔တုန္းကအာဆင္နယ္ကစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးတြင္ရီခ်ာလီဆင္ဟာစပါးစ္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈကိုတုံ႔ျပန္ခဲ့တဲ့အဂၤလန္ဂိုးသမားရမ္ေဒးလ္ႏွင့္အခ်င္းမ်ားခဲ့ပါတယ္။

ဘရာဇီးစတားဟာရမ္ေဒးလ္ရဲ႕မ်က္ႏွာကိုလက္ျဖင့္ႏွစ္ႀကိမ္တိုင္တိုင္တြန္းမႈျပဳလုပ္ခဲ့ပါတယ္။

ရမ္ေဒးလ္ဟာရီခ်ာလီဆင္ရဲ႕ရန္လိုတဲ့အျပဳအမူခံရၿပီးေနာက္ဂိုးေနာက္သို႔သြားကာေရေသာက္ရန္ျပင္ေနစဥ္စပါးစ္ပရိသတ္တစ္ဦးရဲ႕ကန္ေက်ာက္ျခင္းခံခဲ့ရပါတယ္။

အသက္၃၄ႏွစ္ရွိစပါးစ္ပရိသတ္ဟာယင္းလုပ္ရပ္အတြက္ရဲတပ္ဖြဲ႕ရဲ႕စြဲခ်က္တင္ျခင္းခံထားရၿပီျဖစ္ၿပီးေဖေဖာ္ဝါရီလတြင္အမႈရင္ဆိုင္ရပါမယ္။ဒါ့အျပင္စပါးစ္ကလည္းယင္းဆိုးသြမ္းပရိသတ္ကိုရာသက္ပန္ပြဲၾကည့္ခြင့္ပိတ္ပင္သြားမယ္လို႔ေၾကညာထားပါတယ္။

ရီခ်ာလီဆင္ဟာရမ္ေဒးလ္ကိုရန္လိုတဲ့အျပဳအမူမ်ိဳးျဖင့္ျပဳမႉခဲ့မႈေၾကာင့္အေရးယူျခင္းခံရမႈလို႔ယူဆခဲ့ရေပမဲ့လည္းအက္ဖ္ေအကအေရးယူမႈမျပဳလုပ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။