အာဆင်နယ်စတားဟောင်းကို ခေါ်ယူရန် အေလိဂ်ကလပ် ဆွေးနွေးနေ

အာဆင်နယ်နှင့်ဘုန်းမောက်ကစားသမားဟောင်းဂျက်ဝီရှိုင်းယားဟာပြီးခဲ့တဲ့ရာသီအကုန်မှာဘုန်းမောက်မှထွက်ခွာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေတုန်းဖြစ်ပါတယ်။ဒါပေမယ့်ယခုအခါမှာတော့သူဟာကစားသမားဘဝပြန်လည်နလန်ထူရေးအခွင့်လမ်းစပေါ်လာပြီလို့ယူဆရပါတယ်။

ဩစတြေးလျအေလိဂ်ကလပ် နယူးကာဆယ်ဂျက်စ်ကဂျက်ဝီရှိုင်းယားကိုကမ်းလှမ်းမှုပြုလုပ်ထားပြီးအေးဂျင့်နှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။

၂၀၁၁ခုနှစ်တုန်းက ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုဆွတ်ခူးခဲ့ဖူးတဲ့ဂျက်ဝီရှိုင်းယားဟာကစားသမားဘဝတစ်လျှောက်ဒဏ်ရာပြဿနာပေါင်းများစွာကြုံခဲ့ရဖူးမှုနဲ့အတူသူ့ကိုခေါ်ယူရန်ကလပ်များကလက်တွန့်နေကြတာလည်းဖြစ်ပါတယ်။

ဂျက်ဝီရှိုင်းယားဟာအာဆင်နယ်တွင်ဆယ်နှစ်နီးပါးကစားခဲ့စဉ်အတွင်းတွင်ပွဲနှစ်ရာနီးပါးကစားခဲ့ဖူးသူဖြစ်ပါတယ်။

မကြာသေးမီတုန်းကအင်တာဗျူးတစ်ခုတွင်ဂျက်ဝီရှိုင်းယားကကလပ်ရှာဖွေမတွေ့မှုကြောင့်ကစားသမားဘဝမှအနားယူရန်စဉ်းစားနေကြောင်းဖွင့်ဟခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်အာဆင်နယ်နည်းပြအာတီတာကကစားဖော်ဟောင်းအတွက်အာဆင်နယ်ကတံခါးဖွင့်ပေးထားကြောင်းဆိုခဲ့ဖူးပါတယ်။

ZawGyi

အာဆင္နယ္စတားေဟာင္းကို ေခၚယူရန္ ေအလိဂ္ကလပ္ ေဆြးေႏြးေန

အာဆင္နယ္ႏွင့္ဘုန္းေမာက္ကစားသမားေဟာင္းဂ်က္ဝီရႈိင္းယားဟာၿပီးခဲ့တဲ့ရာသီအကုန္မွာဘုန္းေမာက္မွထြက္ခြာၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနတုန္းျဖစ္ပါတယ္။ဒါေပမယ့္ယခုအခါမွာေတာ့သူဟာကစားသမားဘဝျပန္လည္နလန္ထူေရးအခြင့္လမ္းစေပၚလာၿပီလို႔ယူဆရပါတယ္။

ဩစေၾတးလ်ေအလိဂ္ကလပ္ နယူးကာဆယ္ဂ်က္စ္ကဂ်က္ဝီရႈိင္းယားကိုကမ္းလွမ္းမႈျပဳလုပ္ထားၿပီးေအးဂ်င့္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။

၂၀၁၁ခုႏွစ္တုန္းက ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုဆြတ္ခူးခဲ့ဖူးတဲ့ဂ်က္ဝီရႈိင္းယားဟာကစားသမားဘဝတစ္ေလွ်ာက္ဒဏ္ရာျပႆနာေပါင္းမ်ားစြာႀကဳံခဲ့ရဖူးမႈနဲ႔အတူသူ႔ကိုေခၚယူရန္ကလပ္မ်ားကလက္တြန႔္ေနၾကတာလည္းျဖစ္ပါတယ္။

ဂ်က္ဝီရႈိင္းယားဟာအာဆင္နယ္တြင္ဆယ္ႏွစ္နီးပါးကစားခဲ့စဥ္အတြင္းတြင္ပြဲႏွစ္ရာနီးပါးကစားခဲ့ဖူးသူျဖစ္ပါတယ္။

မၾကာေသးမီတုန္းကအင္တာဗ်ဴးတစ္ခုတြင္ဂ်က္ဝီရႈိင္းယားကကလပ္ရွာေဖြမေတြ႕မႈေၾကာင့္ကစားသမားဘဝမွအနားယူရန္စဥ္းစားေနေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္အာဆင္နယ္နည္းျပအာတီတာကကစားေဖာ္ေဟာင္းအတြက္အာဆင္နယ္ကတံခါးဖြင့္ေပးထားေၾကာင္းဆိုခဲ့ဖူးပါတယ္။