အာဆင်နယ်စတားအချို့ ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းနေကြောင်း အာတီတာအတည်ပြု

မီခေးလ်အာတီတာကအာဆင်နယ်စတားအချို့မှာကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေကြကြောင်းနှင့်အချို့မှာလည်းဒုတိယကာကွယ်ဆေးထိုးရခြင်းမရှိသေးကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာအသင်းတွင်ကိုဗစ်ကူးစက်ခံရတဲ့ကစားသမားလေးဦးရှိနေမှုနဲ့အတူပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တန်းတက်ဘရန့်ဖို့ဒ်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်၊အလက်ဇန္ဒားလာကာဇက်တီ၊ဝီလီယံနှင့်အဲလက်စ်ရူနာဆင်တို့ကိုဗစ်ကူးစက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ယခုအခါအူဘာမီယန်မှာကိုဗစ်နက်ဂတစ်ဖြစ်သွားပြီဖြစ်လို့လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာဖြစ်ပါတယ်။

အာတီတာဟာအသင်းတွင်ကိုဗစ်ကူးစက်ခံရတဲ့ကစားသမားလေးဦးအထိရှိနေပေမယ့်လည်းဘရန့်ဖို့ဒ်နှင့်ပွဲစဉ်အားကစားရန်ပရီးမီးယားလိဂ်ရဲ့ဆုံးဖြတ်ချက်အပေါ်အံ့ဩရကြောင်းလည်းဆိုသွားပါတယ်။

အာတီတာက “ကစားသမားတော်တော်များများကတော့ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားတွေပါ။တစ်ချို့လည်းတစ်ကြိမ်ဘဲထိုးရသေးတယ်။ကျွန်တော်တို့လည်းသူတို့ကိုကိုဗစ်ကာကွယ်ဆေးထိုးဖို့တွန်းအားပေးပါတယ်။ဒါပေမယ့်ဒါတွေကကိုယ်ရေးကိုယ်တာနဲ့လည်းဆိုင်နေပါတယ်။။နောက်ဆုံးတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကအဓိကပါပဲ”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်အာတီတာက ကိုဗစ်ကာကွယ်ဆေးထိုးရေးမှုအရေးပါပုံနှင့်ပတ်သက်ပြီး “ဒါကကျွန်တော်တို့ကိုချည်းကာကွယ်ပေးတာမဟုတ်ပါဘူး။ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်းကာကွယ်ပေးတာဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာလာမယ့်တနင်္ဂနွေနေ့မှာလန်ဒန်ဒါဘီပွဲစဉ်အဖြစ်ချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

အာဆင္နယ္စတားအခ်ိဳ႕ ကိုဗစ္ကာကြယ္ေဆးထိုးရန္ ျငင္းေနေၾကာင္း အာတီတာအတည္ျပဳ

မီေခးလ္အာတီတာကအာဆင္နယ္စတားအခ်ိဳ႕မွာကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုေနၾကေၾကာင္းႏွင့္အခ်ိဳ႕မွာလည္းဒုတိယကာကြယ္ေဆးထိုးရျခင္းမရွိေသးေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာအသင္းတြင္ကိုဗစ္ကူးစက္ခံရတဲ့ကစားသမားေလးဦးရွိေနမႈနဲ႔အတူပရီးမီးယားလိဂ္အဖြင့္ပြဲတြင္တန္းတက္ဘရန႔္ဖို႔ဒ္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္၊အလက္ဇႏၵားလာကာဇက္တီ၊ဝီလီယံႏွင့္အဲလက္စ္႐ူနာဆင္တို႔ကိုဗစ္ကူးစက္ခံခဲ့ရျခင္းျဖစ္ပါတယ္။ယခုအခါအူဘာမီယန္မွာကိုဗစ္နက္ဂတစ္ျဖစ္သြားၿပီျဖစ္လို႔ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

အာတီတာဟာအသင္းတြင္ကိုဗစ္ကူးစက္ခံရတဲ့ကစားသမားေလးဦးအထိရွိေနေပမယ့္လည္းဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္အားကစားရန္ပရီးမီးယားလိဂ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚအံ့ဩရေၾကာင္းလည္းဆိုသြားပါတယ္။

အာတီတာက “ကစားသမားေတာ္ေတာ္မ်ားမ်ားကေတာ့ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးသားေတြပါ။တစ္ခ်ိဳ႕လည္းတစ္ႀကိမ္ဘဲထိုးရေသးတယ္။ကြၽန္ေတာ္တို႔လည္းသူတို႔ကိုကိုဗစ္ကာကြယ္ေဆးထိုးဖို႔တြန္းအားေပးပါတယ္။ဒါေပမယ့္ဒါေတြကကိုယ္ေရးကိုယ္တာနဲ႔လည္းဆိုင္ေနပါတယ္။။ေနာက္ဆုံးေတာ့ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ကအဓိကပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္အာတီတာက ကိုဗစ္ကာကြယ္ေဆးထိုးေရးမႈအေရးပါပုံႏွင့္ပတ္သက္ၿပီး “ဒါကကြၽန္ေတာ္တို႔ကိုခ်ည္းကာကြယ္ေပးတာမဟုတ္ပါဘူး။ကိုယ့္ပတ္ဝန္းက်င္ကလူေတြကိုလည္းကာကြယ္ေပးတာျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာလာမယ့္တနဂၤေႏြေန႔မွာလန္ဒန္ဒါဘီပြဲစဥ္အျဖစ္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။