အာဆင်နယ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆာကာဆွတ်ခူး

ဘူကာယိုဆာကာဟာ၂၀၂၀-၂၁ဘောလုံးရာသီအတွက်အာဆင်နယ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

အသက်၁၉နှစ်ရှိကစားသမားဟာမကြာသေးမီတုန်းကအင်္ဂလန်အတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

၂၀၂၀-၂၁ဘောလုံးရာသီတွင်အာဆင်နယ်မှာရလဒ်ကောင်းများရယူနိုင်ရန်ရုန်းကန်ခဲ့ရသော်လည်းဘူကာယိုဆာကာမှာမူအကောင်းဆုံးခြေစွမ်းဖြင့်ကစားနိုင်ခဲ့ပါတယ်။

သူဟာအာဆင်နယ်ပရိသတ်များရဲ့မဲ၅၁ရာခိုင်နှုန်းရရှိကာအာဆင်နယ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာအာဆင်နယ်အတွက်၇ဂိုးသွင်းယူပြီး၁၀ကြိမ်ဖန်တီးနိုင်ခဲ့မှုကြောင့် PFA ရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ဆန်ကာတင်စာရင်းမှာလည်းပါဝင်နေပါတယ်။

ZawGyi





