အာဆင်နယ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆာခါ သုံးလဆက်တိုက်ဆွတ်ခူး

အာဆင်နယ်စတားဘူကာယိုဆာခါဟာဖေဖော်ဝါရီလအတွက်အာဆင်နယ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပြီးနောက်ယင်းဆုကိုသုံးလဆက်ဆွတ်ခူးလိုက်နိုင်ခဲ့ပါတယ်။

အသက်၁၉နှစ်ရှိဆာခါဟာမဲအားလုံးရဲ့တစ်ဝက်နီးပါးအထိရရှိခဲ့ပြီးဂရာနစ်ဇာခါ၊အူဘာမီယန်တို့ကိုကျော်ဖြတ်ကာအာဆင်နယ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုရာသီတွင်အာဆင်နယ်ရဲ့အရေးပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြနေတဲ့ဆာခါဟာဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင်လည်းအာဆင်နယ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကဘင်ဖီကာနှင့်ယူရိုပါလိဂ်ပွဲနှစ်ပွဲတွင်၁ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးကာအာဆင်နယ်ကိုယူရိုပါလိဂ်၁၆သင်းအဆင့်သို့တက်ရောက်နိုင်အောင်ကူညီခဲ့ပါတယ်။

ZawGyi

အာဆင္နယ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆာခါသုံးလဆက္တိုက္ဆြတ္ခူး

အာဆင္နယ္စတားဘူကာယိုဆာခါဟာေဖေဖာ္ဝါရီလအတြက္အာဆင္နယ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ယင္းဆုကိုသုံးလဆက္ဆြတ္ခူးလိုက္ႏိုင္ခဲ့ပါတယ္။

အသက္၁၉ႏွစ္ရွိဆာခါဟာမဲအားလုံးရဲ႕တစ္ဝက္နီးပါးအထိရရွိခဲ့ၿပီးဂရာနစ္ဇာခါ၊အူဘာမီယန္တို႔ကိုေက်ာ္ျဖတ္ကာအာဆင္နယ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ယခုရာသီတြင္အာဆင္နယ္ရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ေျခစြမ္းျပေနတဲ့ဆာခါဟာဒီဇင္ဘာလႏွင့္ဇန္နဝါရီလတို႔တြင္လည္းအာဆင္နယ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကဘင္ဖီကာႏွင့္ယူ႐ိုပါလိဂ္ပြဲႏွစ္ပြဲတြင္၁ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးကာအာဆင္နယ္ကိုယူ႐ိုပါလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္ႏိုင္ေအာင္ကူညီခဲ့ပါတယ္။