အာဆင်နယ်တိုက်စစ်မှူးဟောင်းဘန်တနာနှင့်လမ်းခွဲကာ စပိုက်ဒါမန်းကို ခိုက်နေတဲ့ မော်ဒယ်ဖီလိုင်း

မော်ဒယ်ဖီလိုင်းရိုးစတော့ဖ်ကအာဆင်နယ်တိုက်စစ်မှူးဟောင်းနစ်ကလပ်ဘန်တနာနှင့်လမ်းခွဲကာစပိုက်ဒါမန်းစတားတွမ်ဟော်လန်ကိုချစ်ကြိုက်နေကြောင်းဖွင့်ဟလာပါတယ်။

မော်ဒယ်ဖီလိုင်းဟာ၂၀၁၇ခုနှစ်ကတည်းကဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးနှင့်ချစ်ကြိုက်လာခဲ့တာဖြစ်ပြီးကိုယ်ပိုင် Reality Show ကို Danish TV မှာတင်ဆက်ခဲ့ဖူးပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့အသက်၂၈နှစ်ရှိဖီလိုင်းကသူမနှင့်ဘောလုံးသမားတို့လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၃၃နှစ်ရှိဂျူဗင်တပ်တိုက်စစ်မှူးဟောင်းဟာယခုလအစောပိုင်းတုန်းကကိုပင်ဟေဂင်အနီးရှိပင်လယ်ကမ်းခြေတစ်ခုတွင်အမည်မသိရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးတစ်ဦးနှင့်ရေခဲမုန့်စားနေတဲ့ဓာတ်ပုံထွက်ပေါ်လာခဲ့ဖူးပါတယ်။

ယခုအခါဖီလိုင်းကရုပ်သံအစီအစဉ်ကနေတဆင့်ဘန်တနာနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းနှင့် Raya Dating App တွင်အင်္ဂလန်ရုပ်ရှင်မင်းသားဟော်လန်နှင့်ချစ်ကြိုက်နေကြောင်းဆိုလာပါတယ်။

သူမက “Raya ကိုဒေါင်းခဲ့တယ်။စပိုက်ဒါမန်းတွမ်ဟော်လန်နဲ့တွဲထားပါတယ်။သူ့ကိုအရမ်းခိုက်တယ်။ကျွန်မစပိုက်ဒါမန်းကိုကြိုက်တယ်။ဒါပေမယ့်သူကကျွန်မအတွက်အရပ်တိုကောင်းတိုလိမ့်မယ်။Google မှာရှာကြည့်တော့သူ့အရပ်က၅ပေ၊၇လက်မဘဲရှိတာတွေ့ရတယ်။သိပ်တော့အဆင်မပြေလှဘူး။ကျွန်မနည်းနည်းအရပ်ရှည်တယ်။၅ပေ၊၁၀လက်မရှိတယ်လေ။ဒေါက်ဖိနပ်စီးလိုက်ရင်ပိုတောင်ရှည်နေသေးတယ်။Raya App မှာအချစ်တွေ့မယ်လို့တော့မထင်ပါဘူး။အင်စတာဂရမ်နဲ့ Raya တို့ကကျွန်မအတွက်ကောင်လေးတွေနဲ့ချိတ်ဆက်နိုင်တဲ့နေရာတွေပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟောင်းဘန်တနာဟာကွင်းပြင်ပပြဿနာများစွာနဲ့ရင်ဆိုင်နေရသူဖြစ်ပြီးယာဉ်စည်းကမ်းချိုးဖောက်မှုများအတွက်စွဲချက်၇ခုတင်ခြင်းခံထားရကာ ပေါင်၂၄၀၀၀၀တန် Porsche ကားအသိမ်းခံရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။

ဘန်တနာဟာအာဆင်နယ်တွင်၉ရာသီကစားခဲ့စဉ်အတွင်း၁၇၁ပွဲကစားကာ၄၅ဂိုးသွင်းယူခဲ့ပါတယ်။သူဟာဘာမင်ဂမ်၊ဆန်းဒါးလန်း၊နော်တင်ဟမ်ဖောရက်စ်၊ဂျူဗင်တပ်၊ဝုဖ်ဘတ်၊ရိုဆင်ဘော့နှင့်ကိုပင်ဟေဂင်တို့မှာကစားခဲ့ဖူးပါတယ်။

ZawGyi

အာဆင္နယ္တိုက္စစ္မႉးေဟာင္းဘန္တနာႏွင့္လမ္းခြဲကာ စပိုက္ဒါမန္းကို ခိုက္ေနတဲ့ ေမာ္ဒယ္ဖီလိုင္း

ေမာ္ဒယ္ဖီလိုင္း႐ိုးစေတာ့ဖ္ကအာဆင္နယ္တိုက္စစ္မႉးေဟာင္းနစ္ကလပ္ဘန္တနာႏွင့္လမ္းခြဲကာစပိုက္ဒါမန္းစတားတြမ္ေဟာ္လန္ကိုခ်စ္ႀကိဳက္ေနေၾကာင္းဖြင့္ဟလာပါတယ္။

ေမာ္ဒယ္ဖီလိုင္းဟာ၂၀၁၇ခုႏွစ္ကတည္းကဒိန္းမတ္လက္ေ႐ြးစင္တိုက္စစ္မႉးႏွင့္ခ်စ္ႀကိဳက္လာခဲ့တာျဖစ္ၿပီးကိုယ္ပိုင္ Reality Show ကို Danish TV မွာတင္ဆက္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့အသက္၂၈ႏွစ္ရွိဖီလိုင္းကသူမႏွင့္ေဘာလုံးသမားတို႔လမ္းခြဲလိုက္ၾကၿပီျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၃၃ႏွစ္ရွိဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းဟာယခုလအေစာပိုင္းတုန္းကကိုပင္ေဟဂင္အနီးရွိပင္လယ္ကမ္းေျခတစ္ခုတြင္အမည္မသိေ႐ႊေရာင္ဆံပင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦးႏွင့္ေရခဲမုန႔္စားေနတဲ့ဓာတ္ပုံထြက္ေပၚလာခဲ့ဖူးပါတယ္။

ယခုအခါဖီလိုင္းက႐ုပ္သံအစီအစဥ္ကေနတဆင့္ဘန္တနာႏွင့္လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းႏွင့္ Raya Dating App တြင္အဂၤလန္႐ုပ္ရွင္မင္းသားေဟာ္လန္ႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္းဆိုလာပါတယ္။

သူမက “Raya ကိုေဒါင္းခဲ့တယ္။စပိုက္ဒါမန္းတြမ္ေဟာ္လန္နဲ႔တြဲထားပါတယ္။သူ႔ကိုအရမ္းခိုက္တယ္။ကြၽန္မစပိုက္ဒါမန္းကိုႀကိဳက္တယ္။ဒါေပမယ့္သူကကြၽန္မအတြက္အရပ္တိုေကာင္းတိုလိမ့္မယ္။Google မွာရွာၾကည့္ေတာ့သူ႔အရပ္က၅ေပ၊၇လက္မဘဲရွိတာေတြ႕ရတယ္။သိပ္ေတာ့အဆင္မေျပလွဘူး။ကြၽန္မနည္းနည္းအရပ္ရွည္တယ္။၅ေပ၊၁၀လက္မရွိတယ္ေလ။ေဒါက္ဖိနပ္စီးလိုက္ရင္ပိုေတာင္ရွည္ေနေသးတယ္။Raya App မွာအခ်စ္ေတြ႕မယ္လို႔ေတာ့မထင္ပါဘူး။အင္စတာဂရမ္နဲ႔ Raya တို႔ကကြၽန္မအတြက္ေကာင္ေလးေတြနဲ႔ခ်ိတ္ဆက္ႏိုင္တဲ့ေနရာေတြပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္တိုက္စစ္မႉးေဟာင္းဘန္တနာဟာကြင္းျပင္ပျပႆနာမ်ားစြာနဲ႔ရင္ဆိုင္ေနရသူျဖစ္ၿပီးယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈမ်ားအတြက္စြဲခ်က္၇ခုတင္ျခင္းခံထားရကာ ေပါင္၂၄၀၀၀၀တန္ Porsche ကားအသိမ္းခံရမယ့္အေရးနဲ႔ရင္ဆိုင္ေနရပါတယ္။

ဘန္တနာဟာအာဆင္နယ္တြင္၉ရာသီကစားခဲ့စဥ္အတြင္း၁၇၁ပြဲကစားကာ၄၅ဂိုးသြင္းယူခဲ့ပါတယ္။သူဟာဘာမင္ဂမ္၊ဆန္းဒါးလန္း၊ေနာ္တင္ဟမ္ေဖာရက္စ္၊ဂ်ဴဗင္တပ္၊ဝုဖ္ဘတ္၊႐ိုဆင္ေဘာ့ႏွင့္ကိုပင္ေဟဂင္တို႔မွာကစားခဲ့ဖူးပါတယ္။