
အာဆင်နယ်ကစားသမားသစ်ယာကော့ကီဝီယော်ဟာအာဆင်နယ်သို့ရောက်ပြီးမကြာမီမှာပဲစံချိန်သစ်များရေးထိုးထားပြီးဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်များဟာပိုလန်လက်ရွေးစင်စတားရဲ့အလားအလာကောင်းများအတွက်အထူးပဲစိတ်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။
ဗဟိုနောက်ခံလူဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်စီးရီးအေကလပ်စပီဇီယာမှပေါင်၂၁သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပိုလန်နှင့်အတူပါဝင်ကစားခဲ့တဲ့ကီဝီယောဟာအာဆင်နယ်သို့နှစ်ရှည်စာချုပ်ဖြင့်ပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။
ကီဝီယော်ဟာအာဆင်နယ်သို့ရောက်လာတဲ့ပထမရက်သတ္တပတ်မှာတင် London Colney လေ့ကျင့်ရေးကွင်းတွင်အာဆင်နယ်ရဲ့စံချိန်များစွာကိုရိုက်ချိုးထားနိုင်ပါတယ်။
London World ရဲ့ဖော်ပြချက်အရအသက်၂၂နစ်ရှိနောက်ခံလူဟာအာဆင်နယ်ရဲ့တာတိုအမြန်ဆုံးစံချိန်၊အမြင့်ခုန်စံချိန်နှင့်Standing Sprint စံချိန်သစ်တို့ရေးထိုးထားကြောင်းသိရပါတယ်။
ယခင်တုန်းကအာဆင်နယ်ရဲ့အမြန်ဆုံးကစားသမားဘူကာယိုဆာကာကရပ်တည်လာခဲ့တာဖြစ်ပြီးယခုအခါယာကော့ကီဝီယော်ကအာဆင်နယ်ရဲ့တာတိုဘုရင်နေရာကိုလွဲပြောင်းရယူလိုက်ပြီဖြစ်ပါတယ်။
ဘယ်သန်ဗဟိုနောက်ခံလူဟာယခုရာသီတွင်ကလပ်နှင့်နိုင်ငံအတွက်၂၄ပွဲကစားထားသူဖြစ်ပြီးပိုလန်နှင့်အတူကမ္ဘာ့ဖလားပွဲ၄ပွဲလုံးပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
အာဆင္နယ္တြင္ စံခ်ိန္သစ္သုံးခုေရးထိုးထားၿပီးျဖစ္တဲ့ ကစားသမားသစ္ကီဝီေယာ္
အာဆင္နယ္ကစားသမားသစ္ယာေကာ့ကီဝီေယာ္ဟာအာဆင္နယ္သို႔ေရာက္ၿပီးမၾကာမီမွာပဲစံခ်ိန္သစ္မ်ားေရးထိုးထားၿပီးျဖစ္ပါတယ္။အာဆင္နယ္ပရိသတ္မ်ားဟာပိုလန္လက္ေ႐ြးစင္စတားရဲ႕အလားအလာေကာင္းမ်ားအတြက္အထူးပဲစိတ္လႈပ္ရွားေနၾကၿပီျဖစ္ပါတယ္။
ဗဟိုေနာက္ခံလူဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္စီးရီးေအကလပ္စပီဇီယာမွေပါင္၂၁သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပိုလန္ႏွင့္အတူပါဝင္ကစားခဲ့တဲ့ကီဝီေယာဟာအာဆင္နယ္သို႔ႏွစ္ရွည္စာခ်ဳပ္ျဖင့္ေျပာင္းလာခဲ့တာလည္းျဖစ္ပါတယ္။
ကီဝီေယာ္ဟာအာဆင္နယ္သို႔ေရာက္လာတဲ့ပထမရက္သတၱပတ္မွာတင္ London Colney ေလ့က်င့္ေရးကြင္းတြင္အာဆင္နယ္ရဲ႕စံခ်ိန္မ်ားစြာကို႐ိုက္ခ်ိဳးထားႏိုင္ပါတယ္။
London World ရဲ႕ေဖာ္ျပခ်က္အရအသက္၂၂နစ္ရွိေနာက္ခံလူဟာအာဆင္နယ္ရဲ႕တာတိုအျမန္ဆုံးစံခ်ိန္၊အျမင့္ခုန္စံခ်ိန္ႏွင့္Standing Sprint စံခ်ိန္သစ္တို႔ေရးထိုးထားေၾကာင္းသိရပါတယ္။
ယခင္တုန္းကအာဆင္နယ္ရဲ႕အျမန္ဆုံးကစားသမားဘူကာယိုဆာကာကရပ္တည္လာခဲ့တာျဖစ္ၿပီးယခုအခါယာေကာ့ကီဝီေယာ္ကအာဆင္နယ္ရဲ႕တာတိုဘုရင္ေနရာကိုလြဲေျပာင္းရယူလိုက္ၿပီျဖစ္ပါတယ္။
ဘယ္သန္ဗဟိုေနာက္ခံလူဟာယခုရာသီတြင္ကလပ္ႏွင့္ႏိုင္ငံအတြက္၂၄ပြဲကစားထားသူျဖစ္ၿပီးပိုလန္ႏွင့္အတူကမာၻ႔ဖလားပြဲ၄ပြဲလုံးပါဝင္ကစားခဲ့သူလည္းျဖစ္ပါတယ္။