အာဆင်နယ်တွင် နှစ်များစွာ ရင်းနှီးပေးဆပ်ခဲ့မှုအပေါ် နောင်တရမိကြောင်း အာစင်ဝင်းဂါးဖွင့်ချလာ

အာစင်ဝင်းဂါးက၂၀၀၇ခုနှစ်တွင်အာဆင်နယ်သို့ စတန်ခရွန်ယန်ကီရောက် လာကတည်းက အာဆင်နယ်နည်းပြမှထွက်ခွာခဲ့သင့်ကြောင်းနှင့်အာဆင်နယ်တွင်သူ့ဘဝရဲ့အချိန်များကိုနှစ်ပေါင်းများစွာရင်းနှီးပေးဆပ်ခဲ့ရမှုအတွက်အကြီးအကျယ်နောင်တရမိကြောင်းပထမဆုံးအကြိမ်အဖြစ်ဖွင့်ဟလာပါတယ်။

ဒါ့အပြင်အာစင်ဝင်းဂါးကအသင်းကို၂၂နှစ်ကြာကိုင်တွယ်ပြီးနောက်ထုတ်ပယ်ခြင်းပြုလုပ်ခဲ့တဲ့အာဆင်နယ်သို့ပြန်သွားစရာအကြောင်းမရှိကြောင်းလည်းထုတ်ဖော်ပြောကြားသွားပါတယ်။

အသက်၇၂နှစ်ရှိပြင်သစ်လူမျိုးနည်းပြက၂၀၁၈ခုနှစ်တုန်းကအာဆင်နယ်မှထွက်ခွာရန်တောင်းဆိုမှုမပြုလုပ်မီကမ္ဘာ့ထိပ်သီးကလပ်အချို့တို့ရဲ့ကမ်းလှမ်းမှုလည်းရရှိခဲ့ကြောင်းဆိုသွားပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်မှထွက်ခွာပြီးနောက်ပိုင်းတွင်အမ်းမရိတ်ကွင်းသို့တစ်ကြိမ်မျှခြေချခြင်းမပြုလုပ်သူလည်းဖြစ်ပါတယ်။

ဝင်းဂါးက “တကယ်ဆိုရင်အစောကြီးကတည်းကအခြားတစ်နေရာသို့ထွက်ခွာသွားခဲ့သင့်တာ။ကျွန်တော့်ရှိနေတဲ့နေရာကိုအရမ်းချစ်တော့ကျွန်တော့်ကံကြမ္မာကဒီလိုဖြစ်ဖို့ကကံပါလာတယ်ပေါ့ဗျာ။ကျွန်တော်ဟာအာဆင်နယ်အတွက်အရမ်းကိုအပြီးပြည့်စုံဆုံးလုပ်ပေးခဲ့တယ်။ဒါကအမှားတစ်ခုပါ။ဒီအမှားအတွက်လည်းနောင်တရမိတယ်။ဒါပေမယ့်အခုအချိန်မှာတော့အဲဒီကိုပြန်သွားဖို့အကြောင်းပြချက်တစ်ခုမှမရှိပါဘူး။ပြင်သစ်အသင်းကိုကိုင်တွယ်နိုင်ခဲ့တယ်။အင်္ဂလန်အသင်းကိုကိုင်တွယ်ဖို့လည်းအခွင့်အရေးသုံးခါရခဲ့တယ်။ရီးရဲလ်မက်ဒရစ်သို့နှစ်ကြိမ်သွားခွင့်ရခဲ့တယ်။ဂျူဗင်တပ်၊ပီအက်စ်ဂျီနဲ့မန်ချက်စတာယူနိုက်တက်သို့တောင်သွားနိုင်မယ့်အခွင့်အရေးရခဲ့တယ်”လို့ပြောကြားသွားပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်ကိုထိပ်သီးကလပ်အဖြစ်ပြောင်းလဲရာတွင်အဓိကနေရာမှပါဝင်ခဲ့ပေမယ့်၂၀၁၇-၁၈ရာသီအကုန်တွင်ပရိသတ်များနှင့်ဘုတ်အဖွဲ့ဝင်များတို့ရဲ့ဖိအားပေးမှုနဲ့အတူထွက်ခွာခဲ့ရပါတယ်။

၎င်းက “ဘဝအဆုံးသတ်သွားသလိုပဲ။အသုဘတစ်ခုလိုပဲ။အဲဒီနေ့မှာလူတိုင်းကကိုယ့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်။အဲဒီမတိုင်ခင်တစ်ပတ်တုန်းကဆိုဝေဖန်တွေနဲ့တောက်လျှောက်ကြုံရတယ်။ခံစားချက်ထိန်းချုပ်ခဲ့ရပါတယ်။ဒါပေမယ့်နောက်ဆုံးမှာတော့အချစ်ပုံပြင်ကဝမ်းနည်းစရာနဲ့အဆုံးသတ်ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင်ဖီဖာတွင်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဝင်းဂါးဟာအာဆင်နယ်ကိုဟိုက်ဘူရီမှအမ်းမရိတ်ကွင်းသို့ပြောင်းနိုင်အောင်အဓိကနေရာမှလုပ်ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

၎င်းက “ဟိုက်ဘူရီကကျွန်တော့်ဝိဉာဉ်ပါ။အမ်းမရိတ်ကတော့ကျွန်တော့်ရဲ့နာကျင်မှုတွေရှိတဲ့နေရာပါ။အစတုန်းကကျွန်တော်တို့တတ်နိုင်တဲ့ပေါင်သန်း၂၀၀နဲ့လုပ်မယ်ဆိုပြီးစတင်ခဲ့တယ်။တကယ်တမ်းမှာပေါင်၄၂၈သန်းကုန်ကျခဲ့တယ်။တကယ့်အဆုံးအဖြတ်ကာလက၂၀၀၇ခုနှစ်ပါ။ဒေးဗစ်ဒိန်းကစတန်ခရွန်ယန်ကီကိုခေါ်ဆောင်ဖို့သဘောတူညီလိုက်တဲ့အချိန်မှာဘုတ်အဖွဲ့မှာပြဿနာတက်တယ်။ကျွန်တော်ဟာကလပ်အပေါ်သစ္စာရှိမှုနဲ့ဒေးဗစ်အပေါ်သစ္စာရှိမှုအကြားကြေကွဲခဲ့ရတယ်။ဒီစီမံကိန်းပြီးရင်ထွက်ခွာဖို့စဉ်းစားခဲ့တယ်။တကယ်လို့များကျုပ်သာမှန်မှန်ကန်ကန်လုပ်ခဲ့ရင်ဘဝကဒီအတိုင်းဖြစ်လာမှာမဟုတ်လို့အံ့ဩရတုန်းပါ။ကွင်းသစ်ပြောင်းပြီးတဲ့နောက်ကျွန်တော့်ရဲ့ပထမနေရာကနေဒုတိယသို့ဆင်းရတယ်။ပြီးတော့တတိယ၊စတုတ္ထသို့ဆင်းလိုက်ရတယ်။အကောင်းဆုံးကစားသမားတွေကိုဆုံးရှုံးရတယ်။အသက်၃၀နှစ်အထက်ကစားသမားတွေကိုဆုံးရှုံးရတယ်။နောက်တော့၂၅နှစ်ကစားသမားတွေကိုဆုံးရှုံးရတယ်။အလုပ်လုပ်ဖို့ကအခက်အခဲတွေရှိခဲ့တယ်။ကလပ်ကို၂၀၀၆ကနေ၂၀၁၅ခုနှစ်အထိပေးရမယ့်အကြွေးတွေကိုရှင်းပေးနိုင်ခဲ့တယ်။အလုပ်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ယုံကြည်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အာစင်ဝင်းဂါးကအာဆင်နယ်ကိုကိုင်တွယ်တုန်းကအဓိကပြိုင်ဘက်ဖြစ်ခဲ့တဲ့မန်ယူနည်းပြဆာအဲလက်စ်ဖာဂူဆန်မှာအင်္ဂလိပ်ဘောလုံးလောကတစ်ခုလုံးကကြောက်ရွှံ့ရသူဖြစ်ကြောင်း၊သို့ရာတွင်၎င်းမှာမည်သူ့ကိုမှမကြောက်ခဲ့ကြောင်းဆိုသွားပါတယ်။

ဝင်းဂါးက “ဖာဂူဆန်ကအင်္ဂလိပ်ဘောလုံးလောကကိုလွှမ်းမိုးထားသူပါ။သူ့ကိုလူတိုင်းကြောက်ရတယ်။သတင်းစာကနေဒိုင်တွေအထိကြောက်ရတယ်။ဒါပေမယ့်ကျွန်တော်ဟာဘောလုံးဘယ်လိုကစားရမယ်ဆိုတာကိုပြသဖို့တင်မကကိုယ့်အစွမ်းလည်းပြနိုင်မှာဖြစ်လို့တိုက်ပွဲဝင်ဖို့အသင့်ဖြစ်ခဲ့တယ်။ရည်မှန်းချက်တူတဲ့ခြ​​သေႅ့နှစ်ကောင်ကတစ်ကောင်နဲ့တစ်ကောင်ဝါးမျိုရမှာပဲလေ။ကျုပ်ကတော့ဘောလုံးလောကမှာဘယ်သူ့ကိုမှမကြောက်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

အာဆင္နယ္တြင္ ႏွစ္မ်ားစြာ ရင္းႏွီးေပးဆပ္ခဲ့မႈအေပၚ ေနာင္တရမိေၾကာင္း အာစင္ဝင္းဂါးဖြင့္ခ်လာ

အာစင္ဝင္းဂါးက၂၀၀၇ခုႏွစ္တြင္အာဆင္နယ္သို႔ စတန္ခ႐ြန္ယန္ကီေရာက္ လာကတည္းက အာဆင္နယ္နည္းျပမွထြက္ခြာခဲ့သင့္ေၾကာင္းႏွင့္အာဆင္နယ္တြင္သူ႔ဘဝရဲ႕အခ်ိန္မ်ားကိုႏွစ္ေပါင္းမ်ားစြာရင္းႏွီးေပးဆပ္ခဲ့ရမႈအတြက္အႀကီးအက်ယ္ေနာင္တရမိေၾကာင္းပထမဆုံးအႀကိမ္အျဖစ္ဖြင့္ဟလာပါတယ္။

ဒါ့အျပင္အာစင္ဝင္းဂါးကအသင္းကို၂၂ႏွစ္ၾကာကိုင္တြယ္ၿပီးေနာက္ထုတ္ပယ္ျခင္းျပဳလုပ္ခဲ့တဲ့အာဆင္နယ္သို႔ျပန္သြားစရာအေၾကာင္းမရွိေၾကာင္းလည္းထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

အသက္၇၂ႏွစ္ရွိျပင္သစ္လူမ်ိဳးနည္းျပက၂၀၁၈ခုႏွစ္တုန္းကအာဆင္နယ္မွထြက္ခြာရန္ေတာင္းဆိုမႈမျပဳလုပ္မီကမာၻ႔ထိပ္သီးကလပ္အခ်ိဳ႕တို႔ရဲ႕ကမ္းလွမ္းမႈလည္းရရွိခဲ့ေၾကာင္းဆိုသြားပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္မွထြက္ခြာၿပီးေနာက္ပိုင္းတြင္အမ္းမရိတ္ကြင္းသို႔တစ္ႀကိမ္မွ်ေျခခ်ျခင္းမျပဳလုပ္သူလည္းျဖစ္ပါတယ္။

ဝင္းဂါးက “တကယ္ဆိုရင္အေစာႀကီးကတည္းကအျခားတစ္ေနရာသို႔ထြက္ခြာသြားခဲ့သင့္တာ။ကြၽန္ေတာ့္ရွိေနတဲ့ေနရာကိုအရမ္းခ်စ္ေတာ့ကြၽန္ေတာ့္ကံၾကမၼာကဒီလိုျဖစ္ဖို႔ကကံပါလာတယ္ေပါ့ဗ်ာ။ကြၽန္ေတာ္ဟာအာဆင္နယ္အတြက္အရမ္းကိုအၿပီးျပည့္စုံဆုံးလုပ္ေပးခဲ့တယ္။ဒါကအမွားတစ္ခုပါ။ဒီအမွားအတြက္လည္းေနာင္တရမိတယ္။ဒါေပမယ့္အခုအခ်ိန္မွာေတာ့အဲဒီကိုျပန္သြားဖို႔အေၾကာင္းျပခ်က္တစ္ခုမွမရွိပါဘူး။ျပင္သစ္အသင္းကိုကိုင္တြယ္ႏိုင္ခဲ့တယ္။အဂၤလန္အသင္းကိုကိုင္တြယ္ဖို႔လည္းအခြင့္အေရးသုံးခါရခဲ့တယ္။ရီးရဲလ္မက္ဒရစ္သို႔ႏွစ္ႀကိမ္သြားခြင့္ရခဲ့တယ္။ဂ်ဴဗင္တပ္၊ပီအက္စ္ဂ်ီနဲ႔မန္ခ်က္စတာယူႏိုက္တက္သို႔ေတာင္သြားႏိုင္မယ့္အခြင့္အေရးရခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္ကိုထိပ္သီးကလပ္အျဖစ္ေျပာင္းလဲရာတြင္အဓိကေနရာမွပါဝင္ခဲ့ေပမယ့္၂၀၁၇-၁၈ရာသီအကုန္တြင္ပရိသတ္မ်ားႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားတို႔ရဲ႕ဖိအားေပးမႈနဲ႔အတူထြက္ခြာခဲ့ရပါတယ္။

၎က “ဘဝအဆုံးသတ္သြားသလိုပဲ။အသုဘတစ္ခုလိုပဲ။အဲဒီေန႔မွာလူတိုင္းကကိုယ့္ကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံၾကတယ္။အဲဒီမတိုင္ခင္တစ္ပတ္တုန္းကဆိုေဝဖန္ေတြနဲ႔ေတာက္ေလွ်ာက္ႀကဳံရတယ္။ခံစားခ်က္ထိန္းခ်ဳပ္ခဲ့ရပါတယ္။ဒါေပမယ့္ေနာက္ဆုံးမွာေတာ့အခ်စ္ပုံျပင္ကဝမ္းနည္းစရာနဲ႔အဆုံးသတ္ရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ဖီဖာတြင္ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ဝင္းဂါးဟာအာဆင္နယ္ကိုဟိုက္ဘူရီမွအမ္းမရိတ္ကြင္းသို႔ေျပာင္းႏိုင္ေအာင္အဓိကေနရာမွလုပ္ေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။

၎က “ဟိုက္ဘူရီကကြၽန္ေတာ့္ဝိဉာဥ္ပါ။အမ္းမရိတ္ကေတာ့ကြၽန္ေတာ့္ရဲ႕နာက်င္မႈေတြရွိတဲ့ေနရာပါ။အစတုန္းကကြၽန္ေတာ္တို႔တတ္ႏိုင္တဲ့ေပါင္သန္း၂၀၀နဲ႔လုပ္မယ္ဆိုၿပီးစတင္ခဲ့တယ္။တကယ္တမ္းမွာေပါင္၄၂၈သန္းကုန္က်ခဲ့တယ္။တကယ့္အဆုံးအျဖတ္ကာလက၂၀၀၇ခုႏွစ္ပါ။ေဒးဗစ္ဒိန္းကစတန္ခ႐ြန္ယန္ကီကိုေခၚေဆာင္ဖို႔သေဘာတူညီလိုက္တဲ့အခ်ိန္မွာဘုတ္အဖြဲ႕မွာျပႆနာတက္တယ္။ကြၽန္ေတာ္ဟာကလပ္အေပၚသစၥာရွိမႈနဲ႔ေဒးဗစ္အေပၚသစၥာရွိမႈအၾကားေၾကကြဲခဲ့ရတယ္။ဒီစီမံကိန္းၿပီးရင္ထြက္ခြာဖို႔စဥ္းစားခဲ့တယ္။တကယ္လို႔မ်ားက်ဳပ္သာမွန္မွန္ကန္ကန္လုပ္ခဲ့ရင္ဘဝကဒီအတိုင္းျဖစ္လာမွာမဟုတ္လို႔အံ့ဩရတုန္းပါ။ကြင္းသစ္ေျပာင္းၿပီးတဲ့ေနာက္ကြၽန္ေတာ့္ရဲ႕ပထမေနရာကေနဒုတိယသို႔ဆင္းရတယ္။ၿပီးေတာ့တတိယ၊စတုတၳသို႔ဆင္းလိုက္ရတယ္။အေကာင္းဆုံးကစားသမားေတြကိုဆုံးရႈံးရတယ္။အသက္၃၀ႏွစ္အထက္ကစားသမားေတြကိုဆုံးရႈံးရတယ္။ေနာက္ေတာ့၂၅ႏွစ္ကစားသမားေတြကိုဆုံးရႈံးရတယ္။အလုပ္လုပ္ဖို႔ကအခက္အခဲေတြရွိခဲ့တယ္။ကလပ္ကို၂၀၀၆ကေန၂၀၁၅ခုႏွစ္အထိေပးရမယ့္အေႂကြးေတြကိုရွင္းေပးႏိုင္ခဲ့တယ္။အလုပ္ကိုအေကာင္းဆုံးလုပ္ႏိုင္ခဲ့တယ္လို႔ယုံၾကည္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အာစင္ဝင္းဂါးကအာဆင္နယ္ကိုကိုင္တြယ္တုန္းကအဓိကၿပိဳင္ဘက္ျဖစ္ခဲ့တဲ့မန္ယူနည္းျပဆာအဲလက္စ္ဖာဂူဆန္မွာအဂၤလိပ္ေဘာလုံးေလာကတစ္ခုလုံးကေၾကာက္႐ႊံ႕ရသူျဖစ္ေၾကာင္း၊သို႔ရာတြင္၎မွာမည္သူ႔ကိုမွမေၾကာက္ခဲ့ေၾကာင္းဆိုသြားပါတယ္။

ဝင္းဂါးက “ဖာဂူဆန္ကအဂၤလိပ္ေဘာလုံးေလာကကိုလႊမ္းမိုးထားသူပါ။သူ႔ကိုလူတိုင္းေၾကာက္ရတယ္။သတင္းစာကေနဒိုင္ေတြအထိေၾကာက္ရတယ္။ဒါေပမယ့္ကြၽန္ေတာ္ဟာေဘာလုံးဘယ္လိုကစားရမယ္ဆိုတာကိုျပသဖို႔တင္မကကိုယ့္အစြမ္းလည္းျပႏိုင္မွာျဖစ္လို႔တိုက္ပြဲဝင္ဖို႔အသင့္ျဖစ္ခဲ့တယ္။ရည္မွန္းခ်က္တူတဲ့ျခ​​ေသႅ့ႏွစ္ေကာင္ကတစ္ေကာင္နဲ႔တစ္ေကာင္ဝါးမ်ိဳရမွာပဲေလ။က်ဳပ္ကေတာ့ေဘာလုံးေလာကမွာဘယ္သူ႔ကိုမွမေၾကာက္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။