အာဆင်နယ်နည်းစနစ်ဒါရိုက်တာရာထူးကို အီဒူးထံမှ ရယူရန် စိတ်ဝင်စားကြောင်း ဖွင့်ဟလာတဲ့ မာ့ခ်အိုဗားမား

မာ့ခ်အိုဗားမားကတစ်နေ့တွင်အာဆင်နယ်တွင်အီဒူးရဲ့ရာထူးကိုရယူရန်ဆန္ဒရှိကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။

အာဆင်နယ်တောင်ပံကစားသမားဟောင်းဟာလက်ရှိအချိန်တွင်အေဂျက်စ်ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးအာဆင်နယ်နည်းစနစ်ဒါရိုက်တာရာထူးအတွက်သတင်းပြေးနေသူလည်းဖြစ်ပါတယ်။

အသက်၄၈နှစ်ရှိနယ်သာလန်လက်ရွေးစင်တောင်ပံစတားဟောင်းဟာ၁၉၉၇ခုနှစ်မှ၂၀၀၀ခုနှစ်အထိအာဆင်နယ်အသင်းတွင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအာဆင်နယ်သို့အီဒူးမရောက်မီတစ်နှစ်တွင်အာဆင်နယ်မှထွက်ခွာကာဘာစီလိုနာသို့ပြောင်းခဲ့ရာအီဒူးနှင့်တွဲမကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အီဒူးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပြောင်းရွှေ့ကြေးပေါင်၁၃၅သန်းကျော်အထိအသုံးပြုကာကစားသမားခေါ်ယူအားဖြည့်ခဲ့သော်လည်းကွင်းတွင်းတွင်ရလဒ်ပိုင်းမတိုးတက်မှုကြောင့်ဖိအားများနှင့်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။

၂၀၁၂ခုနှစ်ကတည်းကအေဂျက်စ်ဘောလုံးဒါရိုက်တာရာထူးကိုရယူလာခဲ့တဲ့အိုဗားမားက “သေချာတာကတော့အေဂျက်စ်မှာကျွန်တော်ဆက်ရှိရင်ရှိ မဟုတ်ဘူးဆိုရင်နိုင်ငံခြားသို့သွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်(သို့မဟုတ်)ဘာစီလိုနာသို့သွားမလားဟုမေးမြန်းမှုကို၎င်းက “နှစ်သင်းလုံးကစိတ်ဝင်စားဖို့ကောင်းပါတယ်။ကျွန်တော့်မိသားစုကတော့စပိန်ကိုရွေးချယ်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့မိသားစုဟာအဲဒီမှာတကယ့်ကိုသက်တောင့်သက်သာနဲ့နေခဲ့ရတယ်။သူတို့ကတော့ဘာစီလိုနာကိုရွေးမယ်ထင်တယ်”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာစနေနေ့တုန်းကနော့ဝှစ်ချ်အသင်းကိုအူဘာမီယန်ရဲ့တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရရှိကာယခုရာသီပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ZawGyi

အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာရာထူးကို အီဒူးထံမွ ရယူရန္ စိတ္ဝင္စားေၾကာင္း ဖြင့္ဟလာတဲ့ မာ့ခ္အိုဗားမား

မာ့ခ္အိုဗားမားကတစ္ေန႔တြင္အာဆင္နယ္တြင္အီဒူးရဲ႕ရာထူးကိုရယူရန္ဆႏၵရွိေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။

အာဆင္နယ္ေတာင္ပံကစားသမားေဟာင္းဟာလက္ရွိအခ်ိန္တြင္ေအဂ်က္စ္ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီးအာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာရာထူးအတြက္သတင္းေျပးေနသူလည္းျဖစ္ပါတယ္။

အသက္၄၈ႏွစ္ရွိနယ္သာလန္လက္ေ႐ြးစင္ေတာင္ပံစတားေဟာင္းဟာ၁၉၉၇ခုႏွစ္မွ၂၀၀၀ခုႏွစ္အထိအာဆင္နယ္အသင္းတြင္ကစားခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအာဆင္နယ္သို႔အီဒူးမေရာက္မီတစ္ႏွစ္တြင္အာဆင္နယ္မွထြက္ခြာကာဘာစီလိုနာသို႔ေျပာင္းခဲ့ရာအီဒူးႏွင့္တြဲမကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

အီဒူးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၃၅သန္းေက်ာ္အထိအသုံးျပဳကာကစားသမားေခၚယူအားျဖည့္ခဲ့ေသာ္လည္းကြင္းတြင္းတြင္ရလဒ္ပိုင္းမတိုးတက္မႈေၾကာင့္ဖိအားမ်ားႏွင့္ႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။

၂၀၁၂ခုႏွစ္ကတည္းကေအဂ်က္စ္ေဘာလုံးဒါ႐ိုက္တာရာထူးကိုရယူလာခဲ့တဲ့အိုဗားမားက “ေသခ်ာတာကေတာ့ေအဂ်က္စ္မွာကြၽန္ေတာ္ဆက္ရွိရင္ရွိ မဟုတ္ဘူးဆိုရင္ႏိုင္ငံျခားသို႔သြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္(သို႔မဟုတ္)ဘာစီလိုနာသို႔သြားမလားဟုေမးျမန္းမႈကို၎က “ႏွစ္သင္းလုံးကစိတ္ဝင္စားဖို႔ေကာင္းပါတယ္။ကြၽန္ေတာ့္မိသားစုကေတာ့စပိန္ကိုေ႐ြးခ်ယ္မယ္လို႔ထင္ပါတယ္။ကြၽန္ေတာ္တို႔မိသားစုဟာအဲဒီမွာတကယ့္ကိုသက္ေတာင့္သက္သာနဲ႔ေနခဲ့ရတယ္။သူတို႔ကေတာ့ဘာစီလိုနာကိုေ႐ြးမယ္ထင္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာစေနေန႔တုန္းကေနာ့ဝွစ္ခ်္အသင္းကိုအူဘာမီယန္ရဲ႕တစ္လုံးတည္းေသာဂိုးျဖင့္အႏိုင္ရရွိကာယခုရာသီပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။