အာဆင်နယ်နည်းပြရာထူးကို ကယ်တင်ဖို့ ငါးပွဲသာ အခွင့်အရေးရှိတော့တဲ့ အာတီတာ

အာဆင်နယ်ဘုတ်အဖွဲ့ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၂ပွဲရှုံးနိမ့်ကာရဂိုး၁ဂိုးမျှမရှိထားမှုကြောင့်ကလပ်သမိုင်းတွင်အဆိုးရွားဆုံးရာသီအစနှင့်ကြုံတွေ့နေရပေမယ့်လည်းနည်းပြမီခေးလ်အာတီတာအပေါ်အပြည့်အဝထောက်ခံနေကြဆဲဖြစ်ပါတယ်။

ဒါပေမယ့်အာဆင်နယ်ဘုတ်အဖွဲ့ဟာလာမယ့်အောက်တိုဘာလအထိသာအာတီတာအားအခွင့်အရေးပေးမှာဖြစ်ပြီးရလဒ်တိုးတက်မှုမပြသလျှင်ရာထူးမှထုတ်ပယ်သွားပါမယ်။

အာတီတာဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားခေါ်ယူအားဖြည့်ရေးအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀အသုံးပြုထားကာပရီးမီးယားလိဂ်တွင်ငွေသုံးအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

လက်ရှိအချိန်တွင်အာဆင်နယ်နည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားနေသူကတော့ အန်တိုနီယိုကွန်တီဖြစ်ပါတယ်။ကွန်တီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်ကိုစကူဒက်တိုဖလားရရှိအောင်စွမ်းဆောင်နိုင်ပြီးရက်အနည်းငယ်အကြာတွင်ရာထူးမှထွက်ခွာခဲ့သူဖြစ်ပါတယ်။

ကွန်တီဟာနွေတုန်းကစပါးစ်နည်းပြရာထူးအတွက်ဆွေးနွေးမှုများရှိခဲ့ပေမယ့်အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၁၀၀တောင်းဆိုမှု၊တစ်နှစ်လုပ်ခပေါင်၁၅သန်းတောင်းဆိုမှုတို့ကြောင့်ပျက်ပြယ်ခဲ့သူဖြစ်ပါတယ်။

၎င်းက “ပရော့ဂျက်ကိုပဲကြည့်ပါတယ်။ကျွန်တော်မယုံကြည်တဲ့ပရော့ဂျက်ဆိုရင်တော့ အိမ်မှာဘဲနေပါမယ်။ပရော့ဂျက်အပေါ်ယုံကြည်မှုမရှိရင်ငွေဘယ်လောက်ပဲရရကျွန်တော်လက်မခံပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

အာဆင္နယ္နည္းျပရာထူးကို ကယ္တင္ဖို႔ ငါးပြဲသာ အခြင့္အေရးရွိေတာ့တဲ့ အာတီတာ

အာဆင္နယ္ဘုတ္အဖြဲ႕ဟာပရီးမီးယားလိဂ္အဖြင့္ပြဲ၂ပြဲရႈံးနိမ့္ကာရဂိုး၁ဂိုးမွ်မရွိထားမႈေၾကာင့္ကလပ္သမိုင္းတြင္အဆိုး႐ြားဆုံးရာသီအစႏွင့္ႀကဳံေတြ႕ေနရေပမယ့္လည္းနည္းျပမီေခးလ္အာတီတာအေပၚအျပည့္အဝေထာက္ခံေနၾကဆဲျဖစ္ပါတယ္။

ဒါေပမယ့္အာဆင္နယ္ဘုတ္အဖြဲ႕ဟာလာမယ့္ေအာက္တိုဘာလအထိသာအာတီတာအားအခြင့္အေရးေပးမွာျဖစ္ၿပီးရလဒ္တိုးတက္မႈမျပသလွ်င္ရာထူးမွထုတ္ပယ္သြားပါမယ္။

အာတီတာဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားေခၚယူအားျဖည့္ေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀အသုံးျပဳထားကာပရီးမီးယားလိဂ္တြင္ေငြသုံးအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။

လက္ရွိအခ်ိန္တြင္အာဆင္နယ္နည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားေနသူကေတာ့ အန္တိုနီယိုကြန္တီျဖစ္ပါတယ္။ကြန္တီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအင္တာမီလန္ကိုစကူဒက္တိုဖလားရရွိေအာင္စြမ္းေဆာင္ႏိုင္ၿပီးရက္အနည္းငယ္အၾကာတြင္ရာထူးမွထြက္ခြာခဲ့သူျဖစ္ပါတယ္။

ကြန္တီဟာေႏြတုန္းကစပါးစ္နည္းျပရာထူးအတြက္ေဆြးေႏြးမႈမ်ားရွိခဲ့ေပမယ့္အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္သန္း၁၀၀ေတာင္းဆိုမႈ၊တစ္ႏွစ္လုပ္ခေပါင္၁၅သန္းေတာင္းဆိုမႈတို႔ေၾကာင့္ပ်က္ျပယ္ခဲ့သူျဖစ္ပါတယ္။

၎က “ပေရာ့ဂ်က္ကိုပဲၾကည့္ပါတယ္။ကြၽန္ေတာ္မယုံၾကည္တဲ့ပေရာ့ဂ်က္ဆိုရင္ေတာ့ အိမ္မွာဘဲေနပါမယ္။ပေရာ့ဂ်က္အေပၚယုံၾကည္မႈမရွိရင္ေငြဘယ္ေလာက္ပဲရရကြၽန္ေတာ္လက္မခံပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။