
ရိုမဲလူလူကာကူဟာလာမယ့်တနင်္ဂနွေနေ့မှာအာဆင်နယ်နှင့်ပွဲစဉ်တွင်ချဲလ်ဆီးအတွက်ဒုတိယအကြိမ်မြောက်ပထမဆုံးပွဲကိုကစားသွားရပါမယ်။
အာဆင်နယ်ဟာဘရန့်ဖို့ဒ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းကနောက်တန်းအမှားများစွာရှိခဲ့မှုနဲ့အတူ တိုက်စစ်မှူးအများစုကသူတို့နဲ့ရင်ဆိုင်လိုနေကြပါတယ်။ဒါပေမယ့်ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကတော့သူ့ရဲ့ချဲလ်ဆီးတစ်ကျော့ပြန်ခရီးမှာအာဆင်နယ်နဲ့စတင်ဖွင့်လှစ်ရမှာစိုးရိမ်ကောင်းစိုးရိမ်နေပါလိမ့်မယ်။
အသက်၂၈နှစ်ရှိလူကာကူဟာပြီးခဲ့တဲ့အပတ်တုန်းကအင်တာမီလန်မှပေါင်၉၇.၅သန်းဖြင့်ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
သူဟာယခုအပတ်အကုန်မှာအာဆင်နယ်နှင့်ကစားရမယ့်ပွဲစဉ်မှာချဲလ်ဆီးအတွက်ပထမဆုံးအဖြစ်ပါဝင်ကစားသွားပါမယ်။
ကံဆိုးတာကတော့လူကာကူအတွက်အာဆင်နယ်ကကံဆိုးစေတဲ့အသင်းတစ်သင်းဖြစ်နေပါတယ်။
သူဟာအဲဗာတန်၊ဝက်စ်ဘရွန်း၊မန်ယူတို့မှာကစားခဲ့စဉ်အတွင်းအာဆင်နယ်နှင့်ပရီးမီးယားလိဂ်မှာ၁၅ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာ၂ဂိုးတည်းပဲသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်လူကာကူဟာ၁၅ပွဲကစားခဲ့ရာမှာ၁ကြိမ်တည်းဘဲဖန်တီးနိုင်ခဲ့ပါတယ်။တစ်ဖက်တွင်လူကာကူဟာအာဆင်နယ်နှင့်ကစားခဲ့ရတဲ့ပွဲများမှာဂိုးပါဝင်ပတ်သက်မှု၀.၂ရာခိုင်နှုန်းဘဲရှိထားပါတယ်။
တစ်ဖက်တွင်လူကာကူဟာယခင်ကလိုလူငယ်တစ်ယောက်မဟုတ်တော့ဘဲပိုကောင်းတဲ့ကစားသမားတစ်ဦးအဖြစ်စတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်ရောက်လာရာခံစစ်အမှားများတဲ့အာဆင်နယ်နှင့်ပွဲမှာကံကောင်းမှုများကြုံလာရမလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
ZawGyi
အာဆင်နယ်နဲ့တွေ့တိုင်း ဆိုးရွားခဲ့တဲ့ လူကာကူကို ချဲလ်ဆီးတစ်ကျော့ပြန်မိပထမဆုံးပွဲ တွင် စောင့်ကြည့်ရမည်
တစ်ဖက်တွင်လူကာကူဟာယခင်ကလိုလူငယ်တစ်ယောက်မဟုတ်တော့ဘဲပိုကောင်းတဲ့ကစားသမားတစ်ဦးအဖြစ်စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ပြန်ရောက်လာရာခံစစ်အမှားများတဲ့အာဆင်နယ်နှင့်ပွဲမှာကံကောင်းမှုများကြုံလာရမလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။