အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကို မူးမူးနဲ့ကစားခဲ့ကြောင်း ရီယိုဖာဒီနန်ဖွင့်ဟလာ

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ကအာဆင်နယ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုအရက်သောက်စားပြီး ကစားခဲ့ဖူးကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ထိုစဉ်ကဆယ်ကျော်သက်တစ်ဦးအဖြစ်သာရှိနေတဲ့ဖာဒီနန်ဟာဝက်စ်ဟမ်းကစားသမားဘဝအစကာလမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ဖာဒီနန်ရဲ့ပြောကြားချက်အရထိုစဉ်ကဝက်စ်ဟမ်းအသင်းအတွင်းတွင်အရက်သောက် စားတဲ့ အလေ့အထရှိပြီးယင်းယဉ်ကျေးမှုကသူ့အပေါ်လွှမ်းမိုးခဲ့ကြောင်းဆိုသွားပါတယ်။

ဖာဒီနန်ဟာ၁၉၉၆-၉၇တုန်းကအာဆင်နယ်ကိုဟိုက်ဘူရီမှာသွားကစားရတဲ့အဝေးကွင်းပွဲစဉ်မတိုင်မီဘားမှာအရက် သုံးခွက်သောက်ခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က “ငယ်ငယ်တုန်းကရှုးရှုးမိုက်မိုက်လုပ်ခဲ့တာတွေရှိခဲ့တယ်။တစ်နေ့လုံးသောက်ရင်သောက်နေတတ်တယ်။ ဘီယာ ၁၀ပိုင့်လောက်သောက်ပြီး ဗော်ကာတောင်သောက်သေးတယ်။(အာဆင်နယ်နဲ့ပွဲမတိုင်ခင်)ကစားသမား အဝတ်အစားလဲခန်းမှာကစားဖော်တွေနဲ့ဘရန်ဒီသုံးခွက်သောက်ခဲ့တယ်။Kit Man (အဝတ်အစားအတွက်ပြင်ဆင်သူ) ရောက်လာပြီး ရီယို မင်းပြောင်းလဲဖို့လိုပြီလို့ပြောခဲ့တယ်။ကျွန်တော့်လက်မှာ ဘရန်ဒီတစ်ခွက်နဲ့Coke ရှိနေတယ်။ဘရန်ဒီသုံးခွက်နဲ့Coke သောက်ပြီး ဟိုက်ဘူရီမှာကစားရမယ်ပေါ့။အရန်ခုံ ရောက်တော့ ဘရန်ဒီသောက်ထားပြီးမူးနေတော့ကျွန်တော့်ကိုမကစားခိုင်းဖို့ဆုတောင်းနေခဲ့တယ်။နောက်တော့ ကျွန်တော့်ကိုလူစားထည့်တော့တာပဲ”လို့ပြောကြားသွားပါတယ်။

ရီယိုဖာဒီနန်ဟာဒင်းနစ်ဘားကမ့်၊အီရန်ရိုက်တို့ပါဝင်တဲ့အာဆင်နယ်အသင်းကိုဘရန်ဒီသုံးခွက်သောက်ပြီးဟိုက်ဘူရီမှာရင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယင်းပွဲမှာအာဆင်နယ်ကဂျွန်ဟတ်ဆင်၊ဘားကမ့်တို့ရဲ့ဂိုးဖြင့်၂-၀ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါပေမယ့်ဝက်စ်ဟမ်းဟာရီယိုဖာဒီနန်ကွင်းထဲရောက်နေချိန်မှာဂိုးပေးခဲ့ရတာတော့မဟုတ် ပါဘူး။

ဖာဒီနန်ဟာ၂၀၀၀ခုနှစ်မှာဝက်စ်ဟမ်းမှလိဒ်သို့ပြောင်းခဲ့ပြီးယင်းမှတစ်ဆင့်၂၀၀၂ခုနှစ်မှာမန်ယူသို့ထိုစဉ်ကနောက်ခံ လူတစ်ဦးအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၃၀ဖြင့်ပြောင်းခဲ့ပါတယ်။

သူဟာမန်ယူတွင်ကစားစဉ်ကာလအတွင်းပရီးမီးယားလိဂ်ဖလားခြောက်ကြိမ်၊ချန်ပီယံလိဂ်တစ်ကြိမ်အပါအဝင် ဆုဖလားများစွာရရှိခဲ့ပါတယ်။ဒါပေမယ့်ယင်းပွဲတွေမှာတော့ဖာဒီနန်ဟာပွဲမတိုင်ခင်မှာဘရန်ဒီသုံးခွက်နှင့် Coke သောက်ပြီးကစားခဲ့တာမဟုတ်ပါဘူး။

ZawGyi

အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲကို မူးမူးနဲ႔ကစားခဲ့ေၾကာင္း ရီယိုဖာဒီနန္ဖြင့္ဟလာ

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ကအာဆင္နယ္ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုအရက္ေသာက္စားၿပီး ကစားခဲ့ဖူးေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ထိုစဥ္ကဆယ္ေက်ာ္သက္တစ္ဦးအျဖစ္သာရွိေနတဲ့ဖာဒီနန္ဟာဝက္စ္ဟမ္းကစားသမားဘဝအစကာလမွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ဖာဒီနန္ရဲ႕ေျပာၾကားခ်က္အရထိုစဥ္ကဝက္စ္ဟမ္းအသင္းအတြင္းတြင္အရက္ေသာက္ စားတဲ့ အေလ့အထရွိၿပီးယင္းယဥ္ေက်းမႈကသူ႔အေပၚလႊမ္းမိုးခဲ့ေၾကာင္းဆိုသြားပါတယ္။

ဖာဒီနန္ဟာ၁၉၉၆-၉၇တုန္းကအာဆင္နယ္ကိုဟိုက္ဘူရီမွာသြားကစားရတဲ့အေဝးကြင္းပြဲစဥ္မတိုင္မီဘားမွာအရက္ သုံးခြက္ေသာက္ခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္က “ငယ္ငယ္တုန္းကရႈးရႈးမိုက္မိုက္လုပ္ခဲ့တာေတြရွိခဲ့တယ္။တစ္ေန႔လုံးေသာက္ရင္ေသာက္ေနတတ္တယ္။ ဘီယာ ၁၀ပိုင့္ေလာက္ေသာက္ၿပီး ေဗာ္ကာေတာင္ေသာက္ေသးတယ္။(အာဆင္နယ္နဲ႔ပြဲမတိုင္ခင္)ကစားသမား အဝတ္အစားလဲခန္းမွာကစားေဖာ္ေတြနဲ႔ဘရန္ဒီသုံးခြက္ေသာက္ခဲ့တယ္။Kit Man (အဝတ္အစားအတြက္ျပင္ဆင္သူ) ေရာက္လာၿပီး ရီယို မင္းေျပာင္းလဲဖို႔လိုၿပီလို႔ေျပာခဲ့တယ္။ကြၽန္ေတာ့္လက္မွာ ဘရန္ဒီတစ္ခြက္နဲ႔Coke ရွိေနတယ္။ဘရန္ဒီသုံးခြက္နဲ႔Coke ေသာက္ၿပီး ဟိုက္ဘူရီမွာကစားရမယ္ေပါ့။အရန္ခုံ ေရာက္ေတာ့ ဘရန္ဒီေသာက္ထားၿပီးမူးေနေတာ့ကြၽန္ေတာ့္ကိုမကစားခိုင္းဖို႔ဆုေတာင္းေနခဲ့တယ္။ေနာက္ေတာ့ ကြၽန္ေတာ့္ကိုလူစားထည့္ေတာ့တာပဲ”လို႔ေျပာၾကားသြားပါတယ္။

ရီယိုဖာဒီနန္ဟာဒင္းနစ္ဘားကမ့္၊အီရန္႐ိုက္တို႔ပါဝင္တဲ့အာဆင္နယ္အသင္းကိုဘရန္ဒီသုံးခြက္ေသာက္ၿပီးဟိုက္ဘူရီမွာရင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။ယင္းပြဲမွာအာဆင္နယ္ကဂြၽန္ဟတ္ဆင္၊ဘားကမ့္တို႔ရဲ႕ဂိုးျဖင့္၂-၀ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဒါေပမယ့္ဝက္စ္ဟမ္းဟာရီယိုဖာဒီနန္ကြင္းထဲေရာက္ေနခ်ိန္မွာဂိုးေပးခဲ့ရတာေတာ့မဟုတ္ ပါဘူး။

ဖာဒီနန္ဟာ၂၀၀၀ခုႏွစ္မွာဝက္စ္ဟမ္းမွလိဒ္သို႔ေျပာင္းခဲ့ၿပီးယင္းမွတစ္ဆင့္၂၀၀၂ခုႏွစ္မွာမန္ယူသို႔ထိုစဥ္ကေနာက္ခံ လူတစ္ဦးအတြက္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀ျဖင့္ေျပာင္းခဲ့ပါတယ္။

သူဟာမန္ယူတြင္ကစားစဥ္ကာလအတြင္းပရီးမီးယားလိဂ္ဖလားေျခာက္ႀကိမ္၊ခ်န္ပီယံလိဂ္တစ္ႀကိမ္အပါအဝင္ ဆုဖလားမ်ားစြာရရွိခဲ့ပါတယ္။ဒါေပမယ့္ယင္းပြဲေတြမွာေတာ့ဖာဒီနန္ဟာပြဲမတိုင္ခင္မွာဘရန္ဒီသုံးခြက္ႏွင့္ Coke ေသာက္ၿပီးကစားခဲ့တာမဟုတ္ပါဘူး။