အာဆင်နယ်နှင့်ချဲလ်ဆီးနောက်ခံလူဟောင်းဒေးဗစ်လုဇ် ဖလာမင်ဂိုသို့ ပြောင်းရွှေ့

ချဲလ်ဆီးနှင့်အာဆင်နယ်နောက်ခံလူဟောင်းဒေးဗစ်ဟာဖလာမင်ဂိုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိဒေးဗစ်လုဇ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာအာဆင်နယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ထွက်ခွာလာခဲ့သူဖြစ်ပြီးယခုအခါဘရာဇီးထိပ်သီးကလပ်သို့ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

ဒေးဗစ်လုဇ်ဟာဖလာမင်ဂိုအသင်းနှင့်၂၀၂၂ခုနှစ်၊ဒီဇင်ဘာလအထိစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးကျောနံပါတ်၂၃ကိုဝတ်ဆင်ကစားသွားပါမယ်။

ဒေးဗစ်လုဇ်ဟာဖလာမင်ဂိုသို့မပြောင်းမီစီးရီးအေတန်းတက်ဆာလာနီတာနာနှင့်လာဇီယိုအသင်းတို့ရဲ့ကမ်းလှမ်းမှုရရှိခဲ့ပါတယ်။

ဒါပေမယ့်ဒေးဗစ်လုဇ်ဟာကစားသမားဘဝနှောင်းပိုင်းသို့ရောက်ရှိနေတာနဲ့အညီမွေးရပ်မြေဘရာဇီးတွင်ကစားသမားဘဝကုန်ဆုံးခြင်းကအသင့်တော်ဆုံးလို့ယုံကြည်တာကြောင့်ဖလာမင်ဂိုသို့ပြောင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္ႏွင့္ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းေဒးဗစ္လုဇ္ ဖလာမင္ဂိုသို႔ ေျပာင္းေ႐ႊ႕

ခ်ဲလ္ဆီးႏွင့္အာဆင္နယ္ေနာက္ခံလူေဟာင္းေဒးဗစ္ဟာဖလာမင္ဂိုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိေဒးဗစ္လုဇ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာအာဆင္နယ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ထြက္ခြာလာခဲ့သူျဖစ္ၿပီးယခုအခါဘရာဇီးထိပ္သီးကလပ္သို႔ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။

ေဒးဗစ္လုဇ္ဟာဖလာမင္ဂိုအသင္းႏွင့္၂၀၂၂ခုႏွစ္၊ဒီဇင္ဘာလအထိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးေက်ာနံပါတ္၂၃ကိုဝတ္ဆင္ကစားသြားပါမယ္။

ေဒးဗစ္လုဇ္ဟာဖလာမင္ဂိုသို႔မေျပာင္းမီစီးရီးေအတန္းတက္ဆာလာနီတာနာႏွင့္လာဇီယိုအသင္းတို႔ရဲ႕ကမ္းလွမ္းမႈရရွိခဲ့ပါတယ္။

ဒါေပမယ့္ေဒးဗစ္လုဇ္ဟာကစားသမားဘဝေႏွာင္းပိုင္းသို႔ေရာက္ရွိေနတာနဲ႔အညီေမြးရပ္ေျမဘရာဇီးတြင္ကစားသမားဘဝကုန္ဆုံးျခင္းကအသင့္ေတာ္ဆုံးလို႔ယုံၾကည္တာေၾကာင့္ဖလာမင္ဂိုသို႔ေျပာင္းခဲ့တာျဖစ္ပါတယ္။