အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ရန်အယ်နီနီမျှော်လင့်နေ

မိုဟာမက်အယ်နီနီဟာအာဆင်နယ်တွင်အခွင့်အရေးများပြန်လည်ရရှိလာပြီးနောက်အသင်းနှင့်စာချုပ် သက်တမ်းတိုးချုပ်ဆိုနိုင်ရန်မျှော်လင့်နေပါတယ်။

အီဂျစ်လက်ရွေးစင်ကစားသမားဟာ၂၀၁၉-၂၀ရာသီအစတုန်းကဘီဆစ်တပ်သို့အငှားချခြင်းခံခဲ့ရသော် လည်းနည်းပြမီခေးလ်အာတီတာလက်ထက်တွင်အခွင့်အရေးပြန်လည်ရရှိလာခဲ့ပါတယ်။

အသက်၂၈နှစ်ရှိအယ်လ်နီနီက “ကျွန်တော်ကတော့အာဆင်နယ်အပေါ်မှာအမြဲတမ်းသစ္စာရှိပါတယ်။ တကယ်လို့အာဆင်နယ်ကသာစာချုပ်သစ်ချုပ်ဆိုမယ်လို့ပြောလာရင်လည်းပျော်ပျော်ကြီးလက်မှတ်ထိုး သွားပါမယ်”လို့ပြောကြားသွားပါတယ်။

လုပ်အားကောင်းတဲ့အလယ်တန်းကစားသမားတစ်ဦးဖြစ်တဲ့အယ်လ်နီနီဟာ၂၀၁၆ခုနှစ်၊ဇန်နဝါရီလတုန်းက ဘေဆယ်မှရောက်လာခဲ့သူဖြစ်ပြီးအာဆင်နယ်အတွက်၁၁၉ပွဲကစားပေးထားပါတယ်။သူဟာယခုရာ သီတွင်လည်းအာဆင်နယ်ပြိုင်ပွဲအရပ်ရပ်တွင်၃၁ပွဲကစားထားပါတယ်။

ZawGyi




