အာဆင်နယ်နှင့်ပွဲမတိုင်မီ ဂျိုရှာနှင့်အိုဆေးတို့ပွဲအား စပါးစ်စတားများကို ကြည့်ခွင့်ပေးလိုက်တဲ့ နူနို

နူနိုအက်စ်ပီရီတိုဆန်တိုဟာတနင်္ဂနွေနေ့တွင်အာဆင်နယ်နှင့်မြောက်လန်ဒန်ဒါဘီပွဲကစားရန်ရှိနေပေမယ့်လည်းယနေ့ညတွင်အန်တိုနီဂျိုရှာရဲ့ချန်ပီယံဘွဲ့ကာကွယ်ပွဲအားကြည့်ခွင့် ပေးလိုက်ကြောင်းသိရပါတယ်။

စပါးစ်နည်းပြဟာနောက်တစ်နေ့တွင်အာဆင်နယ်နှင့်အရေးပါတဲ့ပွဲကစားရမှာရှိပေမယ့်လည်းကစားသမားများအားစိတ်ဖိစီးမှုလျှော့ကျစေလိုမှုနဲ့အတူဂျိူရှာနှင့်အိုဆေးတို့ရဲ့လက်ဝှေ့ပွဲကိုကြည့်ခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။တစ်ဖက်တွင်စပါးစ်အတွက်အားတက်စရာကောင်းတဲ့သတင်းတစ်ခုမှာဒဏ်ရာကြောင့်နားနေရတဲ့မော်ရာပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာရန်းနက်စ်နှင့်ကွန်ဖရင့်လိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့မှုကြောင့်ချဲလ်ဆီးအား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနဲ့ဝုဗ်အားအနိုင်ရရှိတဲ့ခါရာဘောင်ပွဲတို့အားလွဲချော်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဒဏ်ရာမှအပြည့်အဝပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီးစပါးစ်ရဲ့လူစာရင်းတွင်ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။

စပါးစ်နည်းပြနှင့်ကစားသမားတို့ဟာအာဆင်နယ်နှင့်ပွဲမတိုင်မီလန်ဒန်ဟိုတယ်တစ်ခုတွင် နေထိုင်ကြပါမယ်။ဒါပေမယ့်နူနိုဟာကစားသမားများအနေဖြင့်အန်တိုနီဂျိုရှာနှင့်အိုလက်ဇန္ဒားအိုဆေးတို့ထိုးသတ်ပွဲကိုသွားကြည့်လိုတယ်ဆိုပါကသွားကြည့်ခွင့်ပေးထားပါတယ်။

ဂျိုရှာနှင့်အူဆိုင်းတို့ဟာယနေ့ညမှာစပါးစ်ရဲ့ကွင်းမှာထိုးသတ်မှာဖြစ်ပြီးပရိသတ်၆၆၀၀၀အပြည့်လာရောက်ကြည့်ကြပါမယ်။

နူနိုက “ကစားသမားတွေနဲ့ဒီလက်ဝှေ့ပွဲကိုကြည့်ချင်သပဆိုရင်ကြည့်နိုင်ပါတယ်။ကျွန်တော်တို့လည်းကြည့်ခွင့်ရမယ်ဆိုရင်ကြည့်ပါမယ်။ကျွန်တော်တို့အတွက်အထူးစပါရှယ်အခိုက်တန့်ပါ။ကျွန်တော်တို့ကွင်းမှာပထမဆုံးအကြိမ်အဖြစ်ပရိသတ်၆၆၀၀၀လုံးလာကြည့်မယ့်ပွဲပါ။တကယ့်ပွဲကြီးပါ”လို့ပြောကြားထားပါတယ်။

ZawGyi

အာဆင္နယ္ႏွင့္ပြဲမတိုင္မီ ဂ်ိဳရွာႏွင့္အိုေဆးတို႔ပြဲအား စပါးစ္စတားမ်ားကို ၾကည့္ခြင့္ေပးလိုက္တဲ့ ႏူႏို

ႏူႏိုအက္စ္ပီရီတိုဆန္တိုဟာတနဂၤေႏြေန႔တြင္အာဆင္နယ္ႏွင့္ေျမာက္လန္ဒန္ဒါဘီပြဲကစားရန္ရွိေနေပမယ့္လည္းယေန႔ညတြင္အန္တိုနီဂ်ိဳရွာရဲ႕ခ်န္ပီယံဘြဲ႕ကာကြယ္ပြဲအားၾကည့္ခြင့္ ေပးလိုက္ေၾကာင္းသိရပါတယ္။

စပါးစ္နည္းျပဟာေနာက္တစ္ေန႔တြင္အာဆင္နယ္ႏွင့္အေရးပါတဲ့ပြဲကစားရမွာရွိေပမယ့္လည္းကစားသမားမ်ားအားစိတ္ဖိစီးမႈေလွ်ာ့က်ေစလိုမႈနဲ႔အတူဂ်ိဴရွာႏွင့္အိုေဆးတို႔ရဲ႕လက္ေဝွ႔ပြဲကိုၾကည့္ခြင့္ေပးလိုက္တာလည္းျဖစ္ပါတယ္။တစ္ဖက္တြင္စပါးစ္အတြက္အားတက္စရာေကာင္းတဲ့သတင္းတစ္ခုမွာဒဏ္ရာေၾကာင့္နားေနရတဲ့ေမာ္ရာျပန္လည္ေကာင္းမြန္လာတာျဖစ္ပါတယ္။

ဘရာဇီးတိုက္စစ္သမားဟာရန္းနက္စ္ႏွင့္ကြန္ဖရင့္လိဂ္ပြဲစဥ္တြင္ဒဏ္ရာရရွိခဲ့မႈေၾကာင့္ခ်ဲလ္ဆီးအား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲနဲ႔ဝုဗ္အားအႏိုင္ရရွိတဲ့ခါရာေဘာင္ပြဲတို႔အားလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဒဏ္ရာမွအျပည့္အဝျပန္လည္ေကာင္းမြန္လာၿပီျဖစ္ၿပီးစပါးစ္ရဲ႕လူစာရင္းတြင္ျပန္လည္ပါဝင္လာၿပီျဖစ္ပါတယ္။

စပါးစ္နည္းျပႏွင့္ကစားသမားတို႔ဟာအာဆင္နယ္ႏွင့္ပြဲမတိုင္မီလန္ဒန္ဟိုတယ္တစ္ခုတြင္ ေနထိုင္ၾကပါမယ္။ဒါေပမယ့္ႏူႏိုဟာကစားသမားမ်ားအေနျဖင့္အန္တိုနီဂ်ိဳရွာႏွင့္အိုလက္ဇႏၵားအိုေဆးတို႔ထိုးသတ္ပြဲကိုသြားၾကည့္လိုတယ္ဆိုပါကသြားၾကည့္ခြင့္ေပးထားပါတယ္။

ဂ်ိဳရွာႏွင့္အူဆိုင္းတို႔ဟာယေန႔ညမွာစပါးစ္ရဲ႕ကြင္းမွာထိုးသတ္မွာျဖစ္ၿပီးပရိသတ္၆၆၀၀၀အျပည့္လာေရာက္ၾကည့္ၾကပါမယ္။

ႏူႏိုက “ကစားသမားေတြနဲ႔ဒီလက္ေဝွ႔ပြဲကိုၾကည့္ခ်င္သပဆိုရင္ၾကည့္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔လည္းၾကည့္ခြင့္ရမယ္ဆိုရင္ၾကည့္ပါမယ္။ကြၽန္ေတာ္တို႔အတြက္အထူးစပါရွယ္အခိုက္တန႔္ပါ။ကြၽန္ေတာ္တို႔ကြင္းမွာပထမဆုံးအႀကိမ္အျဖစ္ပရိသတ္၆၆၀၀၀လုံးလာၾကည့္မယ့္ပြဲပါ။တကယ့္ပြဲႀကီးပါ”လို႔ေျပာၾကားထားပါတယ္။