အာဆင်နယ်နှင့်ပွဲမတိုင်မီ အူဘာမီယန်ကို အလွန်နှိမ့်ချစွာနေထိုင်သူလို့ ပေါ်တာချီးကျူးလာ

ပီယာရီအီမီရစ်ခ်အူဘာမီယန်ဟာချဲလ်ဆီးတွင်ကစားနေစဉ်အတွင်းလေ့ကျင့်ခန်းအစီအစဉ်သို့နေ့စဉ်အချိန်မီရောက်လာတဲ့အပြင်နှိမ့်ချစွာနေထိုင်တတ်မှုကြောင့်ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာရဲ့အံ့ဩသင့်ခြင်းခံနေရပါတယ်။

ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာကဂါဘွန်တိုက်စစ်မှူးမှာစူပါပြိုင်ကားရူးသွပ်သူတစ်ဦးဖြစ်ပေမဲ့လည်းတကယ်တမ်းတွင်တိတ်ဆိတ်စွာနေထိုင်တတ်သလို နှိမ့်ချတတ်သူတစ်ဦးဖြစ်ကြောင်းဆိုသွားပါတယ်။

အူဘာမီယန်ဟာမနက်ဖြန်တနင်္ဂနွေနေ့တွင်သူ့ကိုဇန်နဝါရီလတုန်းကကန်ထုတ်လိုက်တဲ့အသင်းဟောင်းအာဆင်နယ်နှင့်ပြန်လည်ရင်ဆိုင်လာရမှာလည်းဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာက “ဒီလိုကားတွေမောင်းပြီးတော့မှနောက်ကျပြီးမှရောက်လာလို့ရမလား။လူတိုင်းကအကျင့်စရိုက်မျိုးစုံရှိတယ်။မတူကြဘူး။ပြိုင်ကားမောင်းတယ်ဆိုပြီးတော့သူ့စရိုက်သွားဆုံးဖြတ်လို့မရဘူး။ပြိုင်ကားကြိုက်တတ်တာလည်းဖြစ်မှာပေါ့။အမှန်အတိုင်းပြောရရင်ဒါကကျွန်တော့်အတွက်ဘာမှမဖြစ်ပါဘူး။လူတိုင်းမှာကွဲပြားတဲ့စရိုက်ရှိတယ်။သူနဲ့ပတ်သက်ပြီးကျွန်တော်သိတာပြောရရင်သူ့ကတကယ့်ကိုကောင်းတဲ့သူပါ။သူကဆိတ်ဆိတ်နေတတ်တယ်။တကယ်ပဲနှိမ့်ချနေတတ်တယ်။အသင်းကိုအားပေးချင်တဲ့အချိန်တိုင်းတလေးတစားနေထိုင်တတ်တဲ့လူယဉ်ကျေးတစ်ဦးပါ။ကျွန်တော့်အတွက်တော့လုံးဝကွဲပြားတယ်။ဝတ်တာစားတာလည်းအနည်းငယ်ကွဲတယ်။ဒါပေမဲ့ကျွန်တော်တို့အကြားတူတာလေးတွေရှိတယ်။သူ့မှာကလေးတွေရှိတယ်။မိသားစုရှိတယ်။သူကဘောလုံးနဲ့ပျော်ချင်တယ်။သူလည်းပျော်ပျော်နေချင်တယ်။အားပေးချင်တယ်။အသင်းရဲ့အစိတ်အပိုင်းဖြစ်ချင်တယ်။ကျွန်တော်ကတော့သူ့ကိုအလုပ်တွဲလုပ်ရတာကောင်းတဲ့သူတစ်ယောက်လို့ပဲမြင်တယ်”လို့ပြောကြားသွားပါတယ်။

အသက်၃၃နှစ်ရှိအာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာနွေရာသီတွင်ဘာစီလိုနာမှချဲလ်ဆီးသို့ပြောင်းလာပြီးနောက် ချဲလ်ဆီးရဲ့ကျိန်စာသင့်ကျောနံပါတ်၉ကိုဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးအတွက်ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးတည်းသာသွင်းထားနိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္ႏွင့္ပြဲမတိုင္မီ အူဘာမီယန္ကို အလြန္ႏွိမ့္ခ်စြာေနထိုင္သူလို႔ ေပၚတာခ်ီးက်ဴးလာ

ပီယာရီအီမီရစ္ခ္အူဘာမီယန္ဟာခ်ဲလ္ဆီးတြင္ကစားေနစဥ္အတြင္းေလ့က်င့္ခန္းအစီအစဥ္သို႔ေန႔စဥ္အခ်ိန္မီေရာက္လာတဲ့အျပင္ႏွိမ့္ခ်စြာေနထိုင္တတ္မႈေၾကာင့္ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာရဲ႕အံ့ဩသင့္ျခင္းခံေနရပါတယ္။

ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာကဂါဘြန္တိုက္စစ္မႉးမွာစူပါၿပိဳင္ကား႐ူးသြပ္သူတစ္ဦးျဖစ္ေပမဲ့လည္းတကယ္တမ္းတြင္တိတ္ဆိတ္စြာေနထိုင္တတ္သလို ႏွိမ့္ခ်တတ္သူတစ္ဦးျဖစ္ေၾကာင္းဆိုသြားပါတယ္။

အူဘာမီယန္ဟာမနက္ျဖန္တနဂၤေႏြေန႔တြင္သူ႔ကိုဇန္နဝါရီလတုန္းကကန္ထုတ္လိုက္တဲ့အသင္းေဟာင္းအာဆင္နယ္ႏွင့္ျပန္လည္ရင္ဆိုင္လာရမွာလည္းျဖစ္ပါတယ္။

ဂေရဟမ္ေပၚတာက “ဒီလိုကားေတြေမာင္းၿပီးေတာ့မွေနာက္က်ၿပီးမွေရာက္လာလို႔ရမလား။လူတိုင္းကအက်င့္စ႐ိုက္မ်ိဳးစုံရွိတယ္။မတူၾကဘူး။ၿပိဳင္ကားေမာင္းတယ္ဆိုၿပီးေတာ့သူ႔စ႐ိုက္သြားဆုံးျဖတ္လို႔မရဘူး။ၿပိဳင္ကားႀကိဳက္တတ္တာလည္းျဖစ္မွာေပါ့။အမွန္အတိုင္းေျပာရရင္ဒါကကြၽန္ေတာ့္အတြက္ဘာမွမျဖစ္ပါဘူး။လူတိုင္းမွာကြဲျပားတဲ့စ႐ိုက္ရွိတယ္။သူနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္သိတာေျပာရရင္သူ႔ကတကယ့္ကိုေကာင္းတဲ့သူပါ။သူကဆိတ္ဆိတ္ေနတတ္တယ္။တကယ္ပဲႏွိမ့္ခ်ေနတတ္တယ္။အသင္းကိုအားေပးခ်င္တဲ့အခ်ိန္တိုင္းတေလးတစားေနထိုင္တတ္တဲ့လူယဥ္ေက်းတစ္ဦးပါ။ကြၽန္ေတာ့္အတြက္ေတာ့လုံးဝကြဲျပားတယ္။ဝတ္တာစားတာလည္းအနည္းငယ္ကြဲတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔အၾကားတူတာေလးေတြရွိတယ္။သူ႔မွာကေလးေတြရွိတယ္။မိသားစုရွိတယ္။သူကေဘာလုံးနဲ႔ေပ်ာ္ခ်င္တယ္။သူလည္းေပ်ာ္ေပ်ာ္ေနခ်င္တယ္။အားေပးခ်င္တယ္။အသင္းရဲ႕အစိတ္အပိုင္းျဖစ္ခ်င္တယ္။ကြၽန္ေတာ္ကေတာ့သူ႔ကိုအလုပ္တြဲလုပ္ရတာေကာင္းတဲ့သူတစ္ေယာက္လို႔ပဲျမင္တယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၃၃ႏွစ္ရွိအာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းဟာေႏြရာသီတြင္ဘာစီလိုနာမွခ်ဲလ္ဆီးသို႔ေျပာင္းလာၿပီးေနာက္ ခ်ဲလ္ဆီးရဲ႕က်ိန္စာသင့္ေက်ာနံပါတ္၉ကိုဝတ္ဆင္ကစားေနသူျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးအတြက္ပရီးမီးယားလိဂ္ဂိုးတစ္ဂိုးတည္းသာသြင္းထားႏိုင္သူလည္းျဖစ္ပါတယ္။