အာဆင်နယ်နှင့်ပွဲမတိုင်မီ ဂန္ထဝင်ကစားသမားများဖြစ်တဲ့ ကွန်ပနီနှင့် ဆေးလ်ဗားရုပ်ထုကို မန်စီးတီးဖွင့်လှစ်မည်

မန်စီးတီးဟာလာမယ့်စနေနေ့တွင်အီတီဟတ်ကွင်းတွင်အာဆင်နယ်အားဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီကွင်းအပြင်ဘက်တွင်ဒေးဗစ်ဆေးလ်ဗားနှင့်ဗင်းဆင့်ကွန်ပနီတို့ရဲ့ရုပ်ထုများကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

မန်စီးတီးဟာကလပ်သမိုင်းတွင်အကြီးကျယ်ကစားသမားနှစ်ဦးအဖြစ်ဆေးလ်ဗားနှင့်ကွန်ပနီတို့အားရုပ်ထုထုလုပ်ဂုဏ်ပြုလာမှာလည်းဖြစ်ပါတယ်။မန်စီးတီးဟာအီတီဟတ်ကွင်းအပြင်ဘက်တွင်တတိယရုပ်ထုအဖြစ်ဂန္ထဝင်တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးရဲ့ရုပ်ထုကိုလည်းထုလုပ်ဂုဏ်ပြုသွားဦးမှာဖြစ်ပါတယ်။

ကွန်ပနီမှာမန်စီးတီးတွင်၁၁နှစ်ကြာကစားခဲ့ပြီးဆေးလ်ဗားမှာ၁၀နှစ်အသီးသီးကစားခဲ့ကြကာမန်စီးတီးအားအင်္ဂလန်ဘောလုံးလောကရဲ့ထိပ်သီးကလပ်တစ်ခုဖြစ်လာရေးပြောင်းလဲရေးတွင်အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ခဲ့ကြပါတယ်။

ဆေးလ်ဗားနှင့်ကွန်ပနီတို့ရဲ့ရုပ်ထုများကိုဗြိတိန်မှနာမည်ကျော်အနုပညာရှင်အင်ဒီစကော့ကဖန်တီးထားတာဖြစ်ပါတယ်။

စကော့ဟာကိုဗစ်ကာလအတွင်းတွင်ဖီလာဒယ်ဖီယာရှိသူ့ရဲ့စတီဒီယိုတွင်ဖန်တီးလာခဲ့တာလည်းဖြစ်ပါတယ်။

ကွန်ပနီဟာမန်စီးတီးသမိုင်းတွင်သက်တမ်းအရှည်ဆုံးအသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၄ကြိမ်၊လိဂ်ဖလား၄ကြိမ်၊အက်ဖ်အေဖလား၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။လက်ရှိအချိန်တွင်ဆိုစီဒက်တွင်ကစားနေတဲ့ဆေးလ်ဗားကကွန်ပနီထက်လိဂ်ဖလား၁ကြိမ်ပိုရထားပါတယ်။

ZawGyi

အာဆင္နယ္ႏွင့္ပြဲတြင္ ဂႏၴဝင္ကစားသမားမ်ားျဖစ္တဲ့ ကြန္ပနီႏွင့္ ေဆးလ္ဗား႐ုပ္ထုကို မန္စီးတီးဖြင့္လွစ္မည္

မန္စီးတီးဟာလာမယ့္စေနေန႔တြင္အီတီဟတ္ကြင္းတြင္အာဆင္နယ္အားဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီကြင္းအျပင္ဘက္တြင္ေဒးဗစ္ေဆးလ္ဗားႏွင့္ဗင္းဆင့္ကြန္ပနီတို႔ရဲ႕႐ုပ္ထုမ်ားကိုဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

မန္စီးတီးဟာကလပ္သမိုင္းတြင္အႀကီးက်ယ္ကစားသမားႏွစ္ဦးအျဖစ္ေဆးလ္ဗားႏွင့္ကြန္ပနီတို႔အား႐ုပ္ထုထုလုပ္ဂုဏ္ျပဳလာမွာလည္းျဖစ္ပါတယ္။မန္စီးတီးဟာအီတီဟတ္ကြင္းအျပင္ဘက္တြင္တတိယ႐ုပ္ထုအျဖစ္ဂႏၴဝင္တိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးရဲ႕႐ုပ္ထုကိုလည္းထုလုပ္ဂုဏ္ျပဳသြားဦးမွာျဖစ္ပါတယ္။

ကြန္ပနီမွာမန္စီးတီးတြင္၁၁ႏွစ္ၾကာကစားခဲ့ၿပီးေဆးလ္ဗားမွာ၁၀ႏွစ္အသီးသီးကစားခဲ့ၾကကာမန္စီးတီးအားအဂၤလန္ေဘာလုံးေလာကရဲ႕ထိပ္သီးကလပ္တစ္ခုျဖစ္လာေရးေျပာင္းလဲေရးတြင္အေရးပါတဲ့အခန္းက႑မွပါဝင္ခဲ့ၾကပါတယ္။

ေဆးလ္ဗားႏွင့္ကြန္ပနီတို႔ရဲ႕႐ုပ္ထုမ်ားကိုၿဗိတိန္မွနာမည္ေက်ာ္အႏုပညာရွင္အင္ဒီစေကာ့ကဖန္တီးထားတာျဖစ္ပါတယ္။

စေကာ့ဟာကိုဗစ္ကာလအတြင္းတြင္ဖီလာဒယ္ဖီယာရွိသူ႔ရဲ႕စတီဒီယိုတြင္ဖန္တီးလာခဲ့တာလည္းျဖစ္ပါတယ္။

ကြန္ပနီဟာမန္စီးတီးသမိုင္းတြင္သက္တမ္းအရွည္ဆုံးအသင္းေခါင္းေဆာင္တစ္ဦးျဖစ္ၿပီးပရီးမီးယားလိဂ္ဖလား၄ႀကိမ္၊လိဂ္ဖလား၄ႀကိမ္၊အက္ဖ္ေအဖလား၂ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။လက္ရွိအခ်ိန္တြင္ဆိုစီဒက္တြင္ကစားေနတဲ့ေဆးလ္ဗားကကြန္ပနီထက္လိဂ္ဖလား၁ႀကိမ္ပိုရထားပါတယ္။