အာဆင်နယ်နှင့်ပွဲ နောက်ကွယ်မှ မှတ်တမ်းအရ ဟယ်ရီကိန်း ခြေစွမ်းမှာ အံ့ဩစရာကောင်းအောင် ဆိုးရွားနေ

ဟယ်ရီကိန်းဟာမနေ့ညတုန်းကအမ်းမရိတ်မှာအာဆင်နယ်အား၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာခြေစွမ်းပိုင်းအားရစရာအနေအထားမှာမရှိခဲ့ပါဘူး။အာဆင်နယ်နှင့်ပွဲမှဟယ်ရီကိန်းရဲ့အချက်အလက်များအရအသင်းခေါင်းဆောင်ရဲ့ခြေစွမ်းမှာ တော်တော်လေးဆိုးရွားနေတာလည်းတွေ့ရပါတယ်။

နွေရာသီတုန်းကမန်စီးတီးသို့ပြောင်းရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့တဲ့ဟယ်ရီကိန်းဟာယခုရာသီမှာအထနှေးလျက်ရှိပြီးပရီးမီးယားလိဂ်ပွဲငါးပွဲကစားပြီးအထိဂိုးပေါက်မတွေ့သေးပါဘူး။

သူဟာမြောက်လန်ဒန်ဒါဘီသမိုင်းမှာဂိုအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေပေမယ့်လည်းမနေ့ညကပွဲမှာတေ့စပါးစ်တိုက်စစ်အတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။

အာဆင်နယ်နှင့်ပွဲစဉ်မှာဟယ်ရီကိန်းဟာဘောလုံးဆုံးရှုံးမှု၁၁ကြိမ်အထိရှိခဲ့ပြီးဘောလုံးဆုံးရှုံးမှုကအောင်မြင်တဲ့ဘောလုံးပေးပို့မှုထက်များနေခဲ့ပါတယ်။သူဟာဘောလုံးပေးပို့မှု၄၆ရာခိုင်နှုန်းသာအောင်မြင်ခဲ့ပါတယ်။ဂိုးပေါက်ကန်သွင်းမှု၄ကြိမ်ရှိခဲ့ပေမယ့်လည်း အခွင့်အရေးဖန်တီးမှုတစ်ကြိမ်မျှမရှိခဲ့သလိုလိမ်ခေါက်မှုလည်းတစ်ကြိမ်မျှမရခဲ့ပါဘူး။

အတိအကျပြောရမယ်ဆိုရင်ဘောလုံးပေးပို့မှုအောင်မြင်တာ၅ကြိမ်တည်းသာရှိခဲ့ပါတယ်။ဂိုးပေါက်သို့၄ကြိမ်ကန်ခဲ့ရာမှာလည်း၁ကြိမ်သာဂိုးပေါက်တည့်ခဲ့ပါတယ်။ဒုတိယပိုင်း၆၁မိနစ်မှာအခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့်လွဲသွားခဲ့ပါသေးတယ်။

ပိုပြီးတော့ဆိုးရွားသွားတာကတော့အာဆင်နယ်အတွက်ဆာကာသွင်းယူခဲ့တဲ့တတိယဂိုးကသူ့အမှားနဲ့မကင်းပါဘူး။

အသက်၂၈နှစ်ရှိဟယ်ရီကိန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှာဂိုးသွင်းဘုရင်ဖြစ်ခဲ့သလိုဖန်တီးမှုလည်းမြင့်မားခဲ့ပါတယ်။

ယခုရာသီမှာသူ့ခြေစွမ်းဘာကြောင့်ဆိုးဆိုးရွားရွားကျဆင်းသွားလဲမခန့်မှန်းတတ်အောင် ဖြစ်ရပါတယ်။

မန်ယူဂန္ထဝင်ရွိုင်ကိန်းကတော့ချဲလ်ဆီးအား၃-၀ဂိုးနဲ့ရှုံးနိမ့်တဲ့ပွဲအပြီးမှာဟယ်ရီကိန်းမှာ စပါးစ်တွင်မပျော်တဲ့ပုံပေါက်နေကာကြိုးစားအားထုတ်မှုလည်းနည်းပါးနေကြောင်း ဝေဖန်သွားခဲ့ဖူးပါတယ်။

ZawGyi

အာဆင္နယ္ႏွင့္ပြဲ ေနာက္ကြယ္မွ မွတ္တမ္းအရ ဟယ္ရီကိန္း ေျခစြမ္းမွာ အံ့ဩစရာေကာင္းေအာင္ ဆိုး႐ြားေန

ဟယ္ရီကိန္းဟာမေန႔ညတုန္းကအမ္းမရိတ္မွာအာဆင္နယ္အား၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာေျခစြမ္းပိုင္းအားရစရာအေနအထားမွာမရွိခဲ့ပါဘူး။အာဆင္နယ္ႏွင့္ပြဲမွဟယ္ရီကိန္းရဲ႕အခ်က္အလက္မ်ားအရအသင္းေခါင္းေဆာင္ရဲ႕ေျခစြမ္းမွာ ေတာ္ေတာ္ေလးဆိုး႐ြားေနတာလည္းေတြ႕ရပါတယ္။

ေႏြရာသီတုန္းကမန္စီးတီးသို႔ေျပာင္းရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့တဲ့ဟယ္ရီကိန္းဟာယခုရာသီမွာအထေႏွးလ်က္ရွိၿပီးပရီးမီးယားလိဂ္ပြဲငါးပြဲကစားၿပီးအထိဂိုးေပါက္မေတြ႕ေသးပါဘူး။

သူဟာေျမာက္လန္ဒန္ဒါဘီသမိုင္းမွာဂိုအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနေပမယ့္လည္းမေန႔ညကပြဲမွာေတ့စပါးစ္တိုက္စစ္အတြက္ဘာမွမလုပ္ေပးႏိုင္ခဲ့ပါဘူး။

အာဆင္နယ္ႏွင့္ပြဲစဥ္မွာဟယ္ရီကိန္းဟာေဘာလုံးဆုံးရႈံးမႈ၁၁ႀကိမ္အထိရွိခဲ့ၿပီးေဘာလုံးဆုံးရႈံးမႈကေအာင္ျမင္တဲ့ေဘာလုံးေပးပို႔မႈထက္မ်ားေနခဲ့ပါတယ္။သူဟာေဘာလုံးေပးပို႔မႈ၄၆ရာခိုင္ႏႈန္းသာေအာင္ျမင္ခဲ့ပါတယ္။ဂိုးေပါက္ကန္သြင္းမႈ၄ႀကိမ္ရွိခဲ့ေပမယ့္လည္း အခြင့္အေရးဖန္တီးမႈတစ္ႀကိမ္မွ်မရွိခဲ့သလိုလိမ္ေခါက္မႈလည္းတစ္ႀကိမ္မွ်မရခဲ့ပါဘူး။

အတိအက်ေျပာရမယ္ဆိုရင္ေဘာလုံးေပးပို႔မႈေအာင္ျမင္တာ၅ႀကိမ္တည္းသာရွိခဲ့ပါတယ္။ဂိုးေပါက္သို႔၄ႀကိမ္ကန္ခဲ့ရာမွာလည္း၁ႀကိမ္သာဂိုးေပါက္တည့္ခဲ့ပါတယ္။ဒုတိယပိုင္း၆၁မိနစ္မွာအခြင့္အေရးတစ္ႀကိမ္ရခဲ့ေပမယ့္လြဲသြားခဲ့ပါေသးတယ္။

ပိုၿပီးေတာ့ဆိုး႐ြားသြားတာကေတာ့အာဆင္နယ္အတြက္ဆာကာသြင္းယူခဲ့တဲ့တတိယဂိုးကသူ႔အမွားနဲ႔မကင္းပါဘူး။

အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွာဂိုးသြင္းဘုရင္ျဖစ္ခဲ့သလိုဖန္တီးမႈလည္းျမင့္မားခဲ့ပါတယ္။

ယခုရာသီမွာသူ႔ေျခစြမ္းဘာေၾကာင့္ဆိုးဆိုး႐ြား႐ြားက်ဆင္းသြားလဲမခန႔္မွန္းတတ္ေအာင္ ျဖစ္ရပါတယ္။

မန္ယူဂႏၴဝင္႐ြိဳင္ကိန္းကေတာ့ခ်ဲလ္ဆီးအား၃-၀ဂိုးနဲ႔ရႈံးနိမ့္တဲ့ပြဲအၿပီးမွာဟယ္ရီကိန္းမွာ စပါးစ္တြင္မေပ်ာ္တဲ့ပုံေပါက္ေနကာႀကိဳးစားအားထုတ္မႈလည္းနည္းပါးေနေၾကာင္း ေဝဖန္သြားခဲ့ဖူးပါတယ္။