
အင်္ဂလန်လက်ရွေးစင်အလယ်တန်းကစားသမားဟောင်းအဲလက်စ်အောက်စ်လက်ချမ်ဘာလိန်းဟာ လီဗာပူးနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာပြီးနောက် တူရကီကလပ် ဘီဆစ်တပ်သို့ ပြောင်းရွှေ့လာပါတယ်။
အသက် ၂၉ နှစ်ရှိ ချမ်ဘာလိန်းဟာ အင်္ဂလန်အတွက် ၃၅ ပွဲကစားခွင့်ရခဲ့ပေမဲ့လည်း နောက်ဆုံးအကြိမ် ကစားခဲ့တာ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်ပါတယ်။ သူဟာ တူရကီထိပ်သီးကလပ်နှင့် ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ချမ်ဘာလိန်းဟာ ၂၀၂၀ ခုနှစ်တုန်းက လီဗာပူးကို ပရီးမီးယားလိဂ်ဖလား ရရှိအောင်ကူညီပေးခဲ့ပေမဲ့လည်း အန်ဖီးလ်တွင် ကစားစဉ်အတွင်း ဒဏ်ရာပြဿနာများနှင့် ကြုံခဲ့ရပါတယ်။
ဆောက်သမ်တန်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးအတွက် ၁၃ ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။
ချမ်ဘာလိန်းဟာ ၂၀၁၇ ခုနှစ်တွင် အာဆင်နယ်မှ ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူးတွင် ကစားစဉ်အတွင်း ဒူးဒဏ်ရာ ၂ ကြိမ်အထိ ကြုံခဲ့ရပြီး ၁၄၆ ပွဲတည်းသာ ကစားနိုင်ခဲ့ကာ ၁၈ ဂိုးသွင်းပေးခဲ့ပါတယ်။
ဘီဆစ်တပ်ရဲ့ ကြေညာချက်အရ ချမ်ဘာလိန်းဟာ တစ်နှစ်လုပ်ခ ယူရို ၂.၂ သန်းရရှိလာမှာ ဖြစ်ပြီး ပွဲတစ်ပွဲကစားနိုင်တိုင်း ယူရို ၁၀၀၀၀ (ပေါင် ၈၆၀၀) ရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။
အစ္စတန်ဘူလ်အခြေစိုက်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက တူရကီစူပါလိဂ်တွင် အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။