
ဘူကာယိုဆာကာဟာအာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဘူကာယိုဆာကာဟာစာချုပ်သစ်ကြောင့်အာဆင်နယ်တွင်တစ်ပတ်လုပ်ခပေါင်၂သိန်းအထိရရှိလာပါမယ်။
အာဆင်နယ်တောင်ပံကစားသမားဟာနိုဝင်ဘာလတုန်းက၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်နှင့်အတူခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပြီး L’Equipe ရဲ့ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာကမ္ဘာ့ဖလားနောက်ပိုင်းတွင်လည်းအာဆင်နယ်နှင့်အတူဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။သူ့ရဲ့လက်ရှိစာချုပ်မှာ၁၈လသက်တမ်းသာကျန်ပါတော့တယ်။
သူဟာကမ္ဘာ့ဖလားနောက်ပိုင်းတွင်အာဆင်နယ်အတွက်၅ဂိုးအထိသွင်းထားနိုင်ပြီးပြီးခဲ့တဲ့အပတ်တုန်းကလည်းဗီလာကို၄-၂ဂိုးဖြင့်အနိုင်ရရှိအောင်ကူညီခဲ့ပါတယ်။
ယခုကဲ့သို့ဆာကာနှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားမှုမှာစနေနေ့တွင်လက်စတာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမဲ့အာဆင်နယ်အတွက်သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။
လက်ရှိအချိန်တွင်အာဆင်နယ်ဘက်ကဆာကာရဲ့စာချုပ်သစ်ကိုတရားဝင်ကြေညာခြင်းမရှိသေးပေမဲ့လည်းသင့်တော်တဲ့အချိန်ကျရောက်တဲ့အခါကြေညာသွားပါမယ်။
ZawGyi
အာဆင္နယ္ႏွင့္ တစ္ပတ္လုပ္ခေပါင္ ၂ သိန္းတန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈ ရရွိသြားၿပီျဖစ္တဲ့ ဆာကာ
ဘူကာယိုဆာကာဟာအာဆင္နယ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ဘူကာယိုဆာကာဟာစာခ်ဳပ္သစ္ေၾကာင့္အာဆင္နယ္တြင္တစ္ပတ္လုပ္ခေပါင္၂သိန္းအထိရရွိလာပါမယ္။
အာဆင္နယ္ေတာင္ပံကစားသမားဟာႏိုဝင္ဘာလတုန္းက၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္ႏွင့္အတူေျခစြမ္းျပႏိုင္ခဲ့သူလည္းျဖစ္ၿပီး L’Equipe ရဲ႕ကမာၻ႔အေကာင္းဆုံးအသင္းတြင္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။
သူဟာကမာၻ႔ဖလားေနာက္ပိုင္းတြင္လည္းအာဆင္နယ္ႏွင့္အတူဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။သူ႔ရဲ႕လက္ရွိစာခ်ဳပ္မွာ၁၈လသက္တမ္းသာက်န္ပါေတာ့တယ္။
သူဟာကမာၻ႔ဖလားေနာက္ပိုင္းတြင္အာဆင္နယ္အတြက္၅ဂိုးအထိသြင္းထားႏိုင္ၿပီးၿပီးခဲ့တဲ့အပတ္တုန္းကလည္းဗီလာကို၄-၂ဂိုးျဖင့္အႏိုင္ရရွိေအာင္ကူညီခဲ့ပါတယ္။
ယခုကဲ့သို႔ဆာကာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားမႈမွာစေနေန႔တြင္လက္စတာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမဲ့အာဆင္နယ္အတြက္သတင္းေကာင္းတစ္ခုျဖစ္ေနပါတယ္။
လက္ရွိအခ်ိန္တြင္အာဆင္နယ္ဘက္ကဆာကာရဲ႕စာခ်ဳပ္သစ္ကိုတရားဝင္ေၾကညာျခင္းမရွိေသးေပမဲ့လည္းသင့္ေတာ္တဲ့အခ်ိန္က်ေရာက္တဲ့အခါေၾကညာသြားပါမယ္။