အာဆင်နယ်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာတဲ့ ဂါဘရီရယ်

ဂါဘရီရယ်မာဂယ်ဟေးစ်ဟာ အာဆင်နယ်တွင်၂၀၂၇ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်ကိုချုပ်ဆိုလိုက်ပါတယ်။

ဘရာဇီးလက်ရွေးစင်နောက်ခံလူဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတုန်းကလိုင်လီမှအာဆင်နယ်သို့ပေါင်၂၃.၁၄သန်းဖြင့်အာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

ဂါဘရီရယ်ဟာအာဆင်နယ်နှင့်ယခင်စာချုပ်မှာ၃နှစ်စာချုပ်သက်တမ်းကျန်နေသေးသူဖြစ်ပြီး ငါးနှစ်စာချုပ်သစ်ကြောင့်လုပ်ခတိုးမြှင့်ရရှိလာသလို ၂၀၂၇ခုနှစ်အထိရှိနေတော့မှာဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဘရာဇီးဗဟိုနောက်ခံလူဟာအာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၈၁ပွဲကစားကာ၉ဂိုးသွင်းထားသူဖြစ်ပါတယ်။

အာတီတာက “သူကအလုပ်ကိုစနစ်တကျကြိုးစားလုပ်ဆောင်တတ်တဲ့လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ဂါဘီနဲ့အတူနေ့တိုင်းအလုပ်လုပ်ရတာကျေနပ်စရာတစ်ခုပါ။တွဲကစားဖို့ဗဟိုနောက်ခံလူတစ်ဦးရှာခဲ့တယ်။ဂါဘီကဝီလီယမ်ဆာလီဘာကိုပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်အောင်လုပ်ပေးခဲ့တယ်။တချိန်တည်းမှာဘဲဝီလီ(ဆာလီဘာ)ကလည်းသူ့ကိုပြန်ကူညီတယ်။အနိုင်ယူတဲ့အသင်းတစ်သင်းမှာကျောရိုးရှိဖို့လိုတယ်။တကယ့်ထိပ်တန်းအဆင့်မှာကစားနိုင်ရမယ်။ဂိုးမပေးရအောင်လုပ်နိုင်မယ်။ဒါနဲ့ပတ်သက်ပြီးအများကြီးလုပ်ထားနိုင်တယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပြီးဒုတိယနေရာမှမန်စီးတီးကို၄မှတ်ဖြတ်ထားနိုင်ပါတယ်။

အာဆင်နယ်ဟာတနင်္ဂနွေနေ့တွင် ဆောက်သမ်တန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

အာဆင္နယ္ႏွင့္ ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာတဲ့ ဂါဘရီရယ္

ဂါဘရီရယ္မာဂယ္ေဟးစ္ဟာ အာဆင္နယ္တြင္၂၀၂၇ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္သစ္ကိုခ်ဳပ္ဆိုလိုက္ပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ေနာက္ခံလူဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတုန္းကလိုင္လီမွအာဆင္နယ္သို႔ေပါင္၂၃.၁၄သန္းျဖင့္အာဆင္နယ္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဂါဘရီရယ္ဟာအာဆင္နယ္ႏွင့္ယခင္စာခ်ဳပ္မွာ၃ႏွစ္စာခ်ဳပ္သက္တမ္းက်န္ေနေသးသူျဖစ္ၿပီး ငါးႏွစ္စာခ်ဳပ္သစ္ေၾကာင့္လုပ္ခတိုးျမႇင့္ရရွိလာသလို ၂၀၂၇ခုႏွစ္အထိရွိေနေတာ့မွာျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိဘရာဇီးဗဟိုေနာက္ခံလူဟာအာဆင္နယ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၈၁ပြဲကစားကာ၉ဂိုးသြင္းထားသူျဖစ္ပါတယ္။

အာတီတာက “သူကအလုပ္ကိုစနစ္တက်ႀကိဳးစားလုပ္ေဆာင္တတ္တဲ့လူငယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။ဂါဘီနဲ႔အတူေန႔တိုင္းအလုပ္လုပ္ရတာေက်နပ္စရာတစ္ခုပါ။တြဲကစားဖို႔ဗဟိုေနာက္ခံလူတစ္ဦးရွာခဲ့တယ္။ဂါဘီကဝီလီယမ္ဆာလီဘာကိုပိုေကာင္းတဲ့ကစားသမားတစ္ဦးျဖစ္ေအာင္လုပ္ေပးခဲ့တယ္။တခ်ိန္တည္းမွာဘဲဝီလီ(ဆာလီဘာ)ကလည္းသူ႔ကိုျပန္ကူညီတယ္။အႏိုင္ယူတဲ့အသင္းတစ္သင္းမွာေက်ာ႐ိုးရွိဖို႔လိုတယ္။တကယ့္ထိပ္တန္းအဆင့္မွာကစားႏိုင္ရမယ္။ဂိုးမေပးရေအာင္လုပ္ႏိုင္မယ္။ဒါနဲ႔ပတ္သက္ၿပီးအမ်ားႀကီးလုပ္ထားႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနၿပီးဒုတိယေနရာမွမန္စီးတီးကို၄မွတ္ျဖတ္ထားႏိုင္ပါတယ္။

အာဆင္နယ္ဟာတနဂၤေႏြေန႔တြင္ ေဆာက္သမ္တန္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။