အာဆင်နယ်ပစ်မှတ်ထားနေတဲ့ အိုဒီဂတ်ကို ပေါင် ၃၄ သန်းဖြင့် ရောင်းချတော့မယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာကွင်းလယ်ကစားသမားမာတင်အိုဒီဂတ်ကိုရောင်းချရန်ဆန္ဒရှိနေပြီးပြောင်းရွှေ့ကြေးပေါင်၃၄သန်းရရှိပါကရောင်းချသွားတော့မည်ဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်ဟာအလယ်တန်းကစားသမားဂျိုးဝဲလ်လော့ခ်အားနယူးကာဆယ်သို့ပေါင်၂၅သန်းဖြင့်ရောင်းချလိုက်ပြီးအစားထိုးရန်အလယ်တန်းကစားသမားတစ်ဦးရှာဖွေနေပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီဟာစနေနေ့တုန်းကအလာဗက်စ်အား၄-၁ဖြင့်အနိုင်ရရှိတဲ့လာလီဂါအဖွင့်ပွဲတွင်အိုဒီဂတ်အားချန်လှပ်ထားခဲ့တဲ့အပြင်သူ့ရဲ့ကျောနံပါတ်၂၁ကိုလည်းဘရာဇီးတိုက်စစ်သမားရိုဒရီဂိုအားလွဲပြောင်းပေးထားပါတယ်။

ယခုအခါရီးရဲလ်မက်ဒရစ်ဟာအသက်၂၂နှစ်ရှိနော်ဝေကွင်းလယ်တိုက်စစ်သမားအတွက်ကမ်းလှမ်းမှုများကိုတံခါးဖွင့်ပေးထားပြီးပေါင်၃၄သန်းနှင့်အထက်ကမ်းလှမ်းမှုများကိုလက်ခံစဉ်းစားပေးသွားတော့မည်ဖြစ်ကြောင်းသိရပါတယ်။

အိုဒီဂတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအာဆင်နယ်တွင်ခြောက်လအငှားဖြင့်လာရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။သူဟာအာဆင်နယ်အတွက်ပွဲ၂၀ကစားခဲ့ပြီးအိုလံပီယာကို့စ်၊စပါးစ်တို့နှင့်ပွဲစဉ်များတွင်အရေးပါတဲ့ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာအာဆင်နယ်အတွက်၂ဂိုးသွင်းကာ၂ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi

အာဆင္နယ္ပစ္မွတ္ထားေနတဲ့ အိုဒီဂတ္ကို ေပါင္ ၃၄ သန္းျဖင့္ ေရာင္းခ်ေတာ့မယ့္ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာကြင္းလယ္ကစားသမားမာတင္အိုဒီဂတ္ကိုေရာင္းခ်ရန္ဆႏၵရွိေနၿပီးေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းရရွိပါကေရာင္းခ်သြားေတာ့မည္ျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္ဟာအလယ္တန္းကစားသမားဂ်ိဳးဝဲလ္ေလာ့ခ္အားနယူးကာဆယ္သို႔ေပါင္၂၅သန္းျဖင့္ေရာင္းခ်လိုက္ၿပီးအစားထိုးရန္အလယ္တန္းကစားသမားတစ္ဦးရွာေဖြေနပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီဟာစေနေန႔တုန္းကအလာဗက္စ္အား၄-၁ျဖင့္အႏိုင္ရရွိတဲ့လာလီဂါအဖြင့္ပြဲတြင္အိုဒီဂတ္အားခ်န္လွပ္ထားခဲ့တဲ့အျပင္သူ႔ရဲ႕ေက်ာနံပါတ္၂၁ကိုလည္းဘရာဇီးတိုက္စစ္သမား႐ိုဒရီဂိုအားလြဲေျပာင္းေပးထားပါတယ္။

ယခုအခါရီးရဲလ္မက္ဒရစ္ဟာအသက္၂၂ႏွစ္ရွိေနာ္ေဝကြင္းလယ္တိုက္စစ္သမားအတြက္ကမ္းလွမ္းမႈမ်ားကိုတံခါးဖြင့္ေပးထားၿပီးေပါင္၃၄သန္းႏွင့္အထက္ကမ္းလွမ္းမႈမ်ားကိုလက္ခံစဥ္းစားေပးသြားေတာ့မည္ျဖစ္ေၾကာင္းသိရပါတယ္။

အိုဒီဂတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအာဆင္နယ္တြင္ေျခာက္လအငွားျဖင့္လာေရာက္ကစားခဲ့ဖူးသူျဖစ္ပါတယ္။သူဟာအာဆင္နယ္အတြက္ပြဲ၂၀ကစားခဲ့ၿပီးအိုလံပီယာကို႔စ္၊စပါးစ္တို႔ႏွင့္ပြဲစဥ္မ်ားတြင္အေရးပါတဲ့ဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာအာဆင္နယ္အတြက္၂ဂိုးသြင္းကာ၂ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။