
ကီဗင်ဒီဘရိုင်းဟာမနေ့ညတုန်းကအာဆင်နယ်ကိုမန်စီးတီးက၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာအာဆင်နယ်ပရိသတ်များရဲ့ပုလင်းများဖြင့်ပစ်ပေါက်မှုကိုသွေးအေးအေးဖြင့်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ကီဗင်ဒီဘရိုင်းဟာပွဲပြီးခါနီးအချိန်တွင်လူစားလဲခံရချိန်မှာအာဆင်နယ်ပရိသတ်တို့ရဲ့ပုလင်းများဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင်ဟာအာဆင်နယ်ပရိသတ်များရဲ့ပုလင်းများဖြင့်ပစ်ပေါက်မှု၊ဆဲဆိုမှုတို့အားရယ်မောကာမျက်စိမှိတ်ပြပြီးတုံ့ပြန်ခဲ့ပါတယ်။သူဟာပုလင်းမထိအောင်လည်းရှောင်နိုင်ခဲ့ပါတယ်။
ကီဗင်ဒီဘရိုင်းဟာအာဆင်နယ်ကိုအနိုင်ရတဲ့ပွဲရဲ့ဒုတိယပိုင်းတွင်သူလက်ပစ်ဘောမြှောက်ရန်ဘောလုံးရယူရေးကြိုးပမ်းမှုကိုတားဆီးတဲ့အာဆင်နယ်နည်းပြအာတီတာကိုဆောင့်တွန်းခဲ့သူလည်းဖြစ်ပါတယ်။
ကီဗင်ဒီဘရိုင်းဟာမနေ့ညကပွဲတွင်ပွဲချိန်၂၄မိနစ်မှာတိုမီယာဆုရဲ့နောက်ပြန်ပေးပို့တဲ့ဘောလုံးမှတဆင့်မန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းဂိုးကိုဆာကာကပင်နယ်တီကနေပြန်လည်ချေပခဲ့ပေမဲ့ဒုတိယပိုင်းတွင်ဂျက်ဂရဲလ်လစ်ရှ်နဲ့အာလင်းဟာလန်းတို့ကဂိုးထပ်မံသွင်းယူခဲ့လို့မန်စီးတီးတို့၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
အာဆင္နယ္ပရိသတ္တို႔ရဲ႕ပုလင္းျဖင့္ပစ္ေပါက္မႈကို ေသြးေအးေအးျဖင့္ တုံ႔ျပန္ခဲ့တဲ့ ကီဗင္ဒီဘ႐ိုင္း
ကီဗင္ဒီဘ႐ိုင္းဟာမေန႔ညတုန္းကအာဆင္နယ္ကိုမန္စီးတီးက၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာအာဆင္နယ္ပရိသတ္မ်ားရဲ႕ပုလင္းမ်ားျဖင့္ပစ္ေပါက္မႈကိုေသြးေအးေအးျဖင့္တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။
မန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့တဲ့ကီဗင္ဒီဘ႐ိုင္းဟာပြဲၿပီးခါနီးအခ်ိန္တြင္လူစားလဲခံရခ်ိန္မွာအာဆင္နယ္ပရိသတ္တို႔ရဲ႕ပုလင္းမ်ားျဖင့္ပစ္ေပါက္ျခင္းခံခဲ့ရပါတယ္။
ဘယ္လ္ဂ်ီယံကြင္းလယ္ဖန္တီးရွင္ဟာအာဆင္နယ္ပရိသတ္မ်ားရဲ႕ပုလင္းမ်ားျဖင့္ပစ္ေပါက္မႈ၊ဆဲဆိုမႈတို႔အားရယ္ေမာကာမ်က္စိမွိတ္ျပၿပီးတုံ႔ျပန္ခဲ့ပါတယ္။သူဟာပုလင္းမထိေအာင္လည္းေရွာင္ႏိုင္ခဲ့ပါတယ္။
ကီဗင္ဒီဘ႐ိုင္းဟာအာဆင္နယ္ကိုအႏိုင္ရတဲ့ပြဲရဲ႕ဒုတိယပိုင္းတြင္သူလက္ပစ္ေဘာေျမႇာက္ရန္ေဘာလုံးရယူေရးႀကိဳးပမ္းမႈကိုတားဆီးတဲ့အာဆင္နယ္နည္းျပအာတီတာကိုေဆာင့္တြန္းခဲ့သူလည္းျဖစ္ပါတယ္။
ကီဗင္ဒီဘ႐ိုင္းဟာမေန႔ညကပြဲတြင္ပြဲခ်ိန္၂၄မိနစ္မွာတိုမီယာဆုရဲ႕ေနာက္ျပန္ေပးပို႔တဲ့ေဘာလုံးမွတဆင့္မန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းဂိုးကိုဆာကာကပင္နယ္တီကေနျပန္လည္ေခ်ပခဲ့ေပမဲ့ဒုတိယပိုင္းတြင္ဂ်က္ဂရဲလ္လစ္ရွ္နဲ႔အာလင္းဟာလန္းတို႔ကဂိုးထပ္မံသြင္းယူခဲ့လို႔မန္စီးတီးတို႔၃-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။