အာဆင်နယ်ပရိသတ်တွေကို ဖမ်းစားလာမဲ့ ကစားသမားသစ် ကီဝီယော်ရဲ့ချစ်သူ တင်လှုပ်အကဘုရင်မ

အာဆင်နယ်ဟာစပီဇီယာမှပိုလန်နောက်ခံလူယာကူ့ကီဝီယော်ကိုပေါင်၂၁သန်းဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်များကတော့ပိုလန်နောက်ခံလူနဲ့အတူ ချစ်သူကလူဒီယာကိုဝါချက်ဇ်လည်းတပါတည်းလန်ဒန်သို့ပါလာတာကြောင့်ပျော်ရွှင်လာကြရပါမယ်။

အသက်၂၂နှစ်ရှိကီဝီယော်ဟာစီးရီးအေတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားခဲ့သလိုပိုလန်နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

သူ့ရဲ့ချစ်သူကသူ့ထက်အသက်၈နှစ်ပိုကြီးတဲ့အသက်၃၀နှစ်ရှိကလူဒီယာကာဝါချက်ဇ်ဖြစ်ပါတယ်။

သူမဟာတင်လှုပ်အကချန်ပီယံတစ်ဦးဖြစ်ပြီးသူမရဲ့အင်စတာဂရမ်အကောင့်မှတင်ပါးအလှဓာတ်ပုံများကိုတင်ကာပရိသတ်များကိုဖမ်းစားနေသူလည်းဖြစ်ပါတယ်။

သူမဟာ၂၀၁၇ခုနှစ်တုန်းက Queen of Germany’s Twerk Competition သရဖူရရှိခဲ့သူလည်းဖြစ်ပြီးအနုပညာအမည်က Redheadedဖြစ်ပါတယ်။

သူမဟာချစ်သူနဲ့အတူနေပေမဲ့ဥရောပတလွှားခရီးသွားကာဖျော်ဖြေပွဲများကပြနေသူလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့သူမဟာချစ်သူနဲ့အတူလန်ဒန်မှာအခြေချလာတော့မှာဖြစ်ပါတယ်။

၎င်းတို့ချစ်သူစုံတွဲဟာ၂၀၂၁ခုနှစ်၊နိုဝင်ဘာလတုန်းကစေ့စပ်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

ZawGyi









