အာဆင်နယ်ပရိသတ်များရဲ့လက်ထပ်ခွင့်တောင်းခြင်း မကြာခဏကြုံနေရတဲ့ ရုပ်သံတင်ဆက်သူဟောလိဒေး

အစီအစဉ်တင်ဆက်သူနီကိုလေဟောလိဒေးကအာဆင်နယ်ပရိသတ်များရဲ့လက်ထပ်ခွင့်တောင်းခြင်းမကြာခဏကြုံတွေ့ရကြောင်းရင်ဖွင့်လာခဲ့ပါတယ်။

အသက်၂၉နှစ်ရှိရုပ်ရှည်ချောမောလှပတဲ့ဟောလိဒေးဟာဟိုက်ဘူရီသူတစ်ဦးဖြစ်ပြီးအာဆင်နယ်အတွက်အလွတ်တန်းရုပ်သံတင်ဆက်သူအဖြစ်အလုပ်လုပ်လာခဲ့တဲ့သူဖြစ်ပါတယ်။

သူဟာအာဆင်နယ်အသင်းရဲ့အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်အမြောက်အမြားတို့မှာပါဝင်ခဲ့သူဖြစ်ပြီးအာဆင်နယ်မှာ၂၀၁၉ခုနှစ်အထိအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

သူဟာအာဆင်နယ်မှထွက်ခွာလာပြီးတဲ့နောက်မှာ talkSPORT မှာရေဒီယိုအစီအစဉ်တင်ဆက်သူအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သလို Sky Arts ရဲ့ Unmuted အစီအစဉ်မှလည်းအလုပ်လုပ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းကိုငယ်စဉ်ကတည်းကအားပေးလာခဲ့တဲ့နီကိုလေဟောလိဒေးဟာသူမအိပ်မက်ထဲကအလုပ်ကိုဘယ်လိုဘယ်ပုံရလာတယ်ဆိုတာဖွင့်ဟလာခဲ့ပါတယ်။

သူမက “အာဆင်နယ်ပွဲတွေကိုပွဲပြီးဗီဒီယိုဖိုင်လေးတွေလုပ်ပြီး Youtube မှာတင်တယ်။ပွဲပြီးသုံးသပ်ချက်လိုမျိုးပေါ့။နောက်တော့ပရိုဂျူဆာတစ်ဦးကကျွန်မဆီကိုတွေ့ဆုံလို့ရမလားဆိုပြီးမက်ဆေ့ချ်ပို့လာပါတယ်။တကယ့်ကိုအလျှင်အမြန်ဘဲဖြစ်သွားတာ။ဖျော်ဖြေရေးအစီအစဉ်တွေမှာအစီအစဉ်တင်ဆက်သူအဖြစ်နှစ်အနည်းငယ်လုပ်ခဲ့ဖူးပါတယ်။ဒါပေမယ့်အားကစားမှာမလုပ်ခဲ့ဖူးဘူး။ဘောလုံးဗီဒီယိုတွေကချစ်မြတ်နိုးမှုနဲ့ဝါသနာနဲ့သက်ဆိုင်ပါတယ်။တကယ့်ကိုအံ့ဩစရာကောင်းတဲ့အခွင့်အရေးဆိုတော့အရမ်းအံ့ဩခဲ့ရတယ်။မြောက်လန်ဒန်မှာကျွန်မမွေးဖွားကြီးပြင်းလာတာပါ။အာဆင်နယ်ပရိသတ်မိသားစုကပေါက်ဖွားလာတဲ့သူဖြစ်ပါတယ်။သူတို့(မိသားစု)လည်းအရမ်းပျော်ခဲ့ကြတယ်။အံ့ဩစရာကောင်းတာကတော့နီဂယ်ဝင်းတားဘန်းတို့လိုမျိုးဂန္ထဝင်တွေနဲ့အတူထိုင်ပြီးပီဇာစားရင်းပွဲကြည့်ခွင့်ရလာခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

ဟောလိဒေးဟာအာဆင်နယ်မှာအလုပ်လုပ်စဉ်ကာလအတွင်းလူငယ်ပါရမီရှင်များစွာ၊ဂန္ထဝင်ကစားသမားများစွာ၊စူပါစတားများစွာတို့နှင့်အင်တာဗျူးလုပ်ခဲ့ရပါတယ်။

ယင်းအထဲမှာသူမအကြိုက်ဆုံးအင်တာဗျူးကတော့ဂန္ထဝင်အသင်းခေါင်းဆောင်တိုနီအဒမ်နှင့်အင်တာဗျူးခဲ့ရတာပါ။

သူမက “သူနဲ့အင်တာဗျူးကကျွန်မအကြိုက်ဆုံးအင်တာဗျူးပါ။အရမ်းကိုသေသေသပ်သပ်ထားပါတယ်။ချစ်စရာကောင်းသလိုရယ်စရာလည်းကောင်းတယ်။အင်တာဗျူးလုပ်ရင်ကျွန်မ စိတ်လှုပ်ရှားလေ့မရှိဘူး။ဒါပေမယ့်အဲဒီတစ်ကြိမ်မှာတော့ သူနဲ့စကားပြောချိန်မှာအိပ်မက်ထဲမှာထိုင်နေသလိုမျိုးအင်တာဗျူးခဲ့ရတယ်။ဂျန်လေမန်းကလည်းအရမ်းရယ်စရာကောင်းတဲ့သူပါ။သူ့မှာပြောစရာတွေအများကြီးရှိတယ်။အားလုံးကတော့ရိုးသားကြပါတယ်။သူတို့နဲ့အင်တာဗျူးရတာပျော်စရာပါ။အထူးသဖြင့်ရော့ဘ်ဟိုးဒင်းနဲ့အင်တာဗျူးရင်းအရမ်းရယ်နေရတယ်။သူနဲ့ဗျူးရတာရယ်စရာကောင်းသလိုပျော်နေရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဟောလိဒေးဟာအာဆင်နယ်ရဲ့ထုတ်လွှင့်မှုအစီအစဉ်များတွင်ပါဝင်ရမှုနဲ့အတူအာဆင်နယ်ပရိသတ်များအကြားရေပန်းစားတဲ့သူလည်းဖြစ်ပါတယ်။သူမဟာမကြာခဏဆိုသလိုဓာတ်ပုံတွဲရိုက်ဖို့တောင်းဆိုခြင်းခံရသလိုအင်စတာဂရမ်မှာလည်းမကြာခဏဆိုသလိုလက်ထပ်ခွင့်တောင်းခြင်းကြုံရပါတယ်။

သူမက “အပြင်မှာအာဆင်နယ်ပရိသတ်တွေနဲ့ဆုံတွေ့ရတာပျော်တယ်။နေ့တိုင်းတော့မတွေ့ဖြစ်ပါဘူး။ဓာတ်ပုံရိုက်ဖို့တောင်းဆိုခံရတာမျိုးရှိတယ်။ပြီးရင်ဘောလုံးနဲ့ပတ်သက်ပြီးပြောကြဆိုကြတာပေါ့။အားလုံးကတလေးတစားဆက်ဆံသလိုခင်စရာကောင်းပါတယ်။ဒါပေမယ့်အင်စတာဂရမ်မှာဆိုရင်တော့လက်ထပ်ခွင့်တောင်းတာချည်းပဲ။လာလာပြီးကျူကြတာလေ”လို့ပြောကြားသွားပါတယ်။

ZawGyi

အာဆင္နယ္ပရိသတ္မ်ားရဲ႕လက္ထပ္ခြင့္ေတာင္းျခင္း မၾကာခဏႀကဳံေနရတဲ့ ႐ုပ္သံတင္ဆက္သူေဟာလိေဒး

အစီအစဥ္တင္ဆက္သူနီကိုေလေဟာလိေဒးကအာဆင္နယ္ပရိသတ္မ်ားရဲ႕လက္ထပ္ခြင့္ေတာင္းျခင္းမၾကာခဏႀကဳံေတြ႕ရေၾကာင္းရင္ဖြင့္လာခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိ႐ုပ္ရွည္ေခ်ာေမာလွပတဲ့ေဟာလိေဒးဟာဟိုက္ဘူရီသူတစ္ဦးျဖစ္ၿပီးအာဆင္နယ္အတြက္အလြတ္တန္း႐ုပ္သံတင္ဆက္သူအျဖစ္အလုပ္လုပ္လာခဲ့တဲ့သူျဖစ္ပါတယ္။

သူဟာအာဆင္နယ္အသင္းရဲ႕အြန္လိုင္းတိုက္႐ိုက္ထုတ္လႊင့္မႈအစီအစဥ္အေျမာက္အျမားတို႔မွာပါဝင္ခဲ့သူျဖစ္ၿပီးအာဆင္နယ္မွာ၂၀၁၉ခုႏွစ္အထိအလုပ္လုပ္ခဲ့သူျဖစ္ပါတယ္။

သူဟာအာဆင္နယ္မွထြက္ခြာလာၿပီးတဲ့ေနာက္မွာ talkSPORT မွာေရဒီယိုအစီအစဥ္တင္ဆက္သူအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သလို Sky Arts ရဲ႕ Unmuted အစီအစဥ္မွလည္းအလုပ္လုပ္လာခဲ့ပါတယ္။

အာဆင္နယ္အသင္းကိုငယ္စဥ္ကတည္းကအားေပးလာခဲ့တဲ့နီကိုေလေဟာလိေဒးဟာသူမအိပ္မက္ထဲကအလုပ္ကိုဘယ္လိုဘယ္ပုံရလာတယ္ဆိုတာဖြင့္ဟလာခဲ့ပါတယ္။

သူမက “အာဆင္နယ္ပြဲေတြကိုပြဲၿပီးဗီဒီယိုဖိုင္ေလးေတြလုပ္ၿပီး Youtube မွာတင္တယ္။ပြဲၿပီးသုံးသပ္ခ်က္လိုမ်ိဳးေပါ့။ေနာက္ေတာ့ပ႐ိုဂ်ဴဆာတစ္ဦးကကြၽန္မဆီကိုေတြ႕ဆုံလို႔ရမလားဆိုၿပီးမက္ေဆ့ခ်္ပို႔လာပါတယ္။တကယ့္ကိုအလွ်င္အျမန္ဘဲျဖစ္သြားတာ။ေဖ်ာ္ေျဖေရးအစီအစဥ္ေတြမွာအစီအစဥ္တင္ဆက္သူအျဖစ္ႏွစ္အနည္းငယ္လုပ္ခဲ့ဖူးပါတယ္။ဒါေပမယ့္အားကစားမွာမလုပ္ခဲ့ဖူးဘူး။ေဘာလုံးဗီဒီယိုေတြကခ်စ္ျမတ္ႏိုးမႈနဲ႔ဝါသနာနဲ႔သက္ဆိုင္ပါတယ္။တကယ့္ကိုအံ့ဩစရာေကာင္းတဲ့အခြင့္အေရးဆိုေတာ့အရမ္းအံ့ဩခဲ့ရတယ္။ေျမာက္လန္ဒန္မွာကြၽန္မေမြးဖြားႀကီးျပင္းလာတာပါ။အာဆင္နယ္ပရိသတ္မိသားစုကေပါက္ဖြားလာတဲ့သူျဖစ္ပါတယ္။သူတို႔(မိသားစု)လည္းအရမ္းေပ်ာ္ခဲ့ၾကတယ္။အံ့ဩစရာေကာင္းတာကေတာ့နီဂယ္ဝင္းတားဘန္းတို႔လိုမ်ိဳးဂႏၴဝင္ေတြနဲ႔အတူထိုင္ၿပီးပီဇာစားရင္းပြဲၾကည့္ခြင့္ရလာခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ေဟာလိေဒးဟာအာဆင္နယ္မွာအလုပ္လုပ္စဥ္ကာလအတြင္းလူငယ္ပါရမီရွင္မ်ားစြာ၊ဂႏၴဝင္ကစားသမားမ်ားစြာ၊စူပါစတားမ်ားစြာတို႔ႏွင့္အင္တာဗ်ဴးလုပ္ခဲ့ရပါတယ္။

ယင္းအထဲမွာသူမအႀကိဳက္ဆုံးအင္တာဗ်ဴးကေတာ့ဂႏၴဝင္အသင္းေခါင္းေဆာင္တိုနီအဒမ္ႏွင့္အင္တာဗ်ဴးခဲ့ရတာပါ။

သူမက “သူနဲ႔အင္တာဗ်ဴးကကြၽန္မအႀကိဳက္ဆုံးအင္တာဗ်ဴးပါ။အရမ္းကိုေသေသသပ္သပ္ထားပါတယ္။ခ်စ္စရာေကာင္းသလိုရယ္စရာလည္းေကာင္းတယ္။အင္တာဗ်ဴးလုပ္ရင္ကြၽန္မ စိတ္လႈပ္ရွားေလ့မရွိဘူး။ဒါေပမယ့္အဲဒီတစ္ႀကိမ္မွာေတာ့ သူနဲ႔စကားေျပာခ်ိန္မွာအိပ္မက္ထဲမွာထိုင္ေနသလိုမ်ိဳးအင္တာဗ်ဴးခဲ့ရတယ္။ဂ်န္ေလမန္းကလည္းအရမ္းရယ္စရာေကာင္းတဲ့သူပါ။သူ႔မွာေျပာစရာေတြအမ်ားႀကီးရွိတယ္။အားလုံးကေတာ့႐ိုးသားၾကပါတယ္။သူတို႔နဲ႔အင္တာဗ်ဴးရတာေပ်ာ္စရာပါ။အထူးသျဖင့္ေရာ့ဘ္ဟိုးဒင္းနဲ႔အင္တာဗ်ဴးရင္းအရမ္းရယ္ေနရတယ္။သူနဲ႔ဗ်ဴးရတာရယ္စရာေကာင္းသလိုေပ်ာ္ေနရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေဟာလိေဒးဟာအာဆင္နယ္ရဲ႕ထုတ္လႊင့္မႈအစီအစဥ္မ်ားတြင္ပါဝင္ရမႈနဲ႔အတူအာဆင္နယ္ပရိသတ္မ်ားအၾကားေရပန္းစားတဲ့သူလည္းျဖစ္ပါတယ္။သူမဟာမၾကာခဏဆိုသလိုဓာတ္ပုံတြဲ႐ိုက္ဖို႔ေတာင္းဆိုျခင္းခံရသလိုအင္စတာဂရမ္မွာလည္းမၾကာခဏဆိုသလိုလက္ထပ္ခြင့္ေတာင္းျခင္းႀကဳံရပါတယ္။

သူမက ‘အျပင္မွာအာဆင္နယ္ပရိသတ္ေတြနဲ႔ဆုံေတြ႕ရတာေပ်ာ္တယ္။ေန႔တိုင္းေတာ့မေတြ႕ျဖစ္ပါဘူး။ဓာတ္ပုံ႐ိုက္ဖို႔ေတာင္းဆိုခံရတာမ်ိဳးရွိတယ္။ၿပီးရင္ေဘာလုံးနဲ႔ပတ္သက္ၿပီးေျပာၾကဆိုၾကတာေပါ့။အားလုံးကတေလးတစားဆက္ဆံသလိုခင္စရာေကာင္းပါတယ္။ဒါေပမယ့္အင္စတာဂရမ္မွာဆိုရင္ေတာ့လက္ထပ္ခြင့္ေတာင္းတာခ်ည္းပဲ။လာလာၿပီးက်ဴၾကတာေလ”လို႔ေျပာၾကားသြားပါတယ္။