အာဆင်နယ်ပရိသတ်များရှိရာသို့ ပီအက်စ်ဗွီပရိသတ်များ မီးရှူးများ ပစ်လွှတ်ခဲ့

မနေ့ညတုန်းကအမ်းမရိတ်ကွင်းတွင်အာဆင်နယ်ကပီအက်စ်ဗွီကိုအနိုင်ရရှိတဲ့ပွဲစဉ်ကအေးချမ်းစွာပြီးဆုံးသွားခဲ့ခြင်းမရှိပါဘူး။ပီအက်စ်ဗွီပရိသတ်များဟာပွဲအပြီးတွင်အာဆင်နယ်ပရိသတ်များရှိရာသို့မီးရှူးများဖြင့်ပစ်လွှတ်ခဲ့ပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာဂါရာနစ်ဇာခါရဲ့ဒုတိယပိုင်းဂိုးဖြင့်ပီအက်စ်ဗွီကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးယူရိုပါလိဂ်အုပ်စုအဆင့်ကိုကျော်ဖြတ်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကိုအဝေးကွင်းသို့လိုက်ပါအားပေးခဲ့ကြတဲ့ ၃၀၀၀ဝန်းကျင်တော့ပီအက်စ်ဗွီပရိသတ်များဟာ ပွဲအပြီးမိနစ်အနည်းငယ်အကြာမှာအာဆင်နယ်ပရိသတ်များရှိရာသို့မီးရှူးများဖြင့်ပစ်ခဲ့ပါတယ်။

ဒါကြောင့်လည်းအဓိဂရုဏ်းထိန်းရဲတပ်ဖွဲ့ဝင်များက ပရိသတ်များအဆင်ပြေမှုရရှိရေးအတွက်ဝင်ရောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။

ဒါ့အပြင်ပီအက်စ်ဗွီပရိသတ်များဟာအမ်းမရိတ်ကွင်းရှိထိုင်ခုံများကိုဖြုတ်ကာအာဆင်နယ်ပရိသတ်များရှိရာသို့ပစ်ပေါက်ခဲ့ကြတာလည်းတွေ့ရပါတယ်။

ယူအီးအက်ဖ်အေဟာအထက်ပါဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးလာဖို့ရှိနေပြီး ပီအက်စ်ဗွီမှာလည်းဒဏ်ရိုက်ခံလာရဖို့ရှိနေပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကပီအက်စ်ဗွီနိုင်ပွဲကြောင့်ပြိုင်ပွဲအရပ်ရပ်တွင်၈ပွဲဆက်နိုင်ပွဲရယူထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi







