အာဆင်နယ်ပရိသတ်ရဲ့ရေဗူးနဲ့အထုခံခဲ့ရတဲ့ ချဲလ်ဆီးစတားရီစီဂျိမ်းစ်

ရီစီဂျိမ်းစ်ဟာမနေ့ညတုန်းကအမ်းမရိတ်ကွင်းတွင်အာဆင်နယ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အာဆင်နယ်ပရိသတ်တစ်ဦးရဲ့ရေဗူးဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အင်္ဂလန်စတားဟာပွဲချိန်၃၅မိနစ်တွင်ချဲလ်ဆီးအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူပြီးနောက်ထောင့်ကန်ဘောအလံတိုင်ဆီသို့သွားကာအောင်ပွဲခံစဉ်ရေဗူးဖြင့်ပစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့မိုက်ရိုင်းလှတဲ့ပရိသတ်ကရီစီဂျိမ်းစ်ကိုရေသန့်ဗူးဖြင့်ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ကံကောင်းတာကတော့အင်္ဂလန်စတားကိုထိမှန်ခဲ့ခြင်းမရှိဘဲတစ်စုံတစ်ရာအနာတရမဖြစ်ခဲ့ပါဘူး။

အသက်၂၁နှစ်ရှိရီစီဂျိမ်းစ်ဟာအာဆင်နယ်အားအနိုင်ရတဲ့ပွဲမှာကိုယ်တိုင်ဂိုးသွင်းယူရုံခဲ့သာမကလူကာကူအဖွင့်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးနိုင်ခဲ့ပါတယ်။

ရီစီဂျိမ်းစ်ဟာပင်နယ်တီဧရိယာအတွင်းမှာဘူကာယိုဆာကာအားဖျက်ထုတ်မှုပြုလုပ်ခဲ့ပေမယ့်ဒိုင်လူကြီးကပင်နယ်တီမပေးမှုကြောင့်ကံကောင်းခဲ့ပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲလုံးအနိုင်ရရှိမှုနဲ့အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်လာနိုင်ပါတယ်။အာဆင်နယ်ကတော့နှစ်ပွဲရှုံး၊ရဂိုးမရှိသေးဘဲအမှတ်ပေးဇယားအဆင့်၁၉နေရာမှာရပ်တည်လာပါတယ်။

ZawGyi

အာဆင္နယ္ပရိသတ္ရဲ႕ေရဗူးနဲ႔အထုခံခဲ့ရတဲ့ ခ်ဲလ္ဆီးစတားရီစီဂ်ိမ္းစ္

ရီစီဂ်ိမ္းစ္ဟာမေန႔ညတုန္းကအမ္းမရိတ္ကြင္းတြင္အာဆင္နယ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အာဆင္နယ္ပရိသတ္တစ္ဦးရဲ႕ေရဗူးျဖင့္ပစ္ေပါက္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အဂၤလန္စတားဟာပြဲခ်ိန္၃၅မိနစ္တြင္ခ်ဲလ္ဆီးအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူၿပီးေနာက္ေထာင့္ကန္ေဘာအလံတိုင္ဆီသို႔သြားကာေအာင္ပြဲခံစဥ္ေရဗူးျဖင့္ပစ္ေပါက္ခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕မိုက္႐ိုင္းလွတဲ့ပရိသတ္ကရီစီဂ်ိမ္းစ္ကိုေရသန႔္ဗူးျဖင့္ပစ္ေပါက္ခဲ့တာျဖစ္ပါတယ္။ကံေကာင္းတာကေတာ့အဂၤလန္စတားကိုထိမွန္ခဲ့ျခင္းမရွိဘဲတစ္စုံတစ္ရာအနာတရမျဖစ္ခဲ့ပါဘူး။

အသက္၂၁ႏွစ္ရွိရီစီဂ်ိမ္းစ္ဟာအာဆင္နယ္အားအႏိုင္ရတဲ့ပြဲမွာကိုယ္တိုင္ဂိုးသြင္းယူ႐ုံခဲ့သာမကလူကာကူအဖြင့္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးႏိုင္ခဲ့ပါတယ္။

ရီစီဂ်ိမ္းစ္ဟာပင္နယ္တီဧရိယာအတြင္းမွာဘူကာယိုဆာကာအားဖ်က္ထုတ္မႈျပဳလုပ္ခဲ့ေပမယ့္ဒိုင္လူႀကီးကပင္နယ္တီမေပးမႈေၾကာင့္ကံေကာင္းခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲလုံးအႏိုင္ရရွိမႈနဲ႔အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္လာႏိုင္ပါတယ္။အာဆင္နယ္ကေတာ့ႏွစ္ပြဲရႈံး၊ရဂိုးမရွိေသးဘဲအမွတ္ေပးဇယားအဆင့္၁၉ေနရာမွာရပ္တည္လာပါတယ္။