အာဆင်နယ်ပါရမီရှင်ပါတီနိုရဲ့နိုင်ငံတကာအနာဂတ်အတွက် အင်္ဂလန်နှင့်စပိန်တိုက်ပွဲဝင်နေကြ

အင်္ဂလန်နှင့်စပိန်တို့ဟာအာဆင်နယ်လူငယ်ပါရမီရှင်ချာလီပါတီနိုရဲ့လက်ရွေးစင်အသင်းအနာဂတ်နှင့်ပတ်သက်ပြီးတိုက်ပွဲဝင်နေကြပါတယ်။

အသက်၁၇နှစ်ရှိပါတီနိုဟာအာဆင်နယ်ယူ-၂၃အသင်းနှင့်အတူခြေစွမ်းပြကစားလျက်ရှိမှုနဲ့အတူအင်္ဂလန်နှင့်စပိန်လူငယ်လက်ရွေးစင်အသင်းတို့ကရွေးချယ်ရေးအပြိုင်ကြိုးပမ်းနေတာအံ့ဩစရာတော့မရှိပါဘူး။

ပါတီနိုဟာဖခင်ဖြစ်သူစပိန်နိုင်ငံသားဖြစ်မှုနဲ့အတူစပိန်အတွက်ကစားခွင့်ရှိနေသူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာအင်္ဂလန်ယူ-၁၅၊ယူ-၁၇တို့အတွက်ကစားထားပြီးသူလည်းဖြစ်ပါတယ်။

 

ဒါပေမယ့်စပိန်ဟာပါတီနိုရဲ့အလားအလာကောင်းမွန်တဲ့အနာဂတ်ကြောင့်၎င်းတို့ရဲ့လူငယ်အသင်းတွင်ရွေးချယ်နိုင်ရေးကြိုးပမ်းလာနေပါတယ်။

ကွင်းလယ်ကစားသမားပါတီနိုဟာအသက်၁၆နှစ်အရွယ်တုန်းကဂျက်ဝီရှိုင်းယားထက် ပိုကောင်းသူအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးကစားဟန်စတိုင်ကြောင်းဖီးလ်ဖိုဒန်နှင့်ခိုင်းနှိုင်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ZawGyi





