အာဆင်နယ်မှာ ခက်ခဲတဲ့နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာတီတာဝန်ခံ

မီခေးလ်အာတီတာကအာဆင်နယ်စတားများအနေဖြင့်၎င်းတို့ရဲ့ဂုဏ်အင်ကိုပြသရန်နှင့် ခက်ခဲနေတဲ့နေရာမှရုန်းထွက်နိုင်ရေးတိုက်ပွဲဝင်ကြရန်တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်ဟာစနေနေ့တုန်းကအီတီဟတ်ကွင်းတွင်ဇာခါရဲ့ခြေစုံပစ်ဝင်ဖျက်ထုတ်မှုကြောင့်အနီကတ်ပြအထုတ်ခံရမှုနဲ့အတူမန်စီးတီးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးရှုံးပွဲကြောင့်အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲသုံးပွဲဆက်တိုက်ရှုံးပွဲကြုံခဲ့ရပြီးပေးဂိုး၉ဂိုးအထိရှိထားကာရဂိုးတစ်ဂိုးမျှမရရှိသေးပါဘူး။

လာမယ့်အပတ်တွင်နိုင်ငံတကာပွဲစဉ်များဝင်ရောက်လာမည်ဖြစ်ရာအာတီတာအတွက် နော့ဝှစ်ချ်၊ဘန်လေပွဲမတိုင်မီပြင်ဆင်ချိန်ရရှိလာပါတယ်။

အာတီတာက “ပြီးခဲ့တဲ့သုံးပတ်မှာအများကြီးဖြစ်သွားပါတယ်။အခုကျွန်တော်တို့ဟာခက်ခဲတဲ့နေရာသို့ရောက်နေပြီဖြစ်ပါတယ်။နိုင်ငံတကာပွဲတွေဝင်လာတာကကျွန်တော်တို့ရဲ့အရေးပါတဲ့ကစားသမားအချို့ပြန်လည်ကောင်းမွန်လာဖို့အခွင့်ကောင်းတစ်ခုဖြစ်နေပါတယ်။ကျွန်တော်တို့ပြန်လာတဲ့အချိန်မှာနေရာကောင်းသို့ရောက်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

အသက်၃၉နှစ်ရှိအာတီတာဟာပထမပိုင်းတွင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဇာခါအားအပြစ်ဖို့ရန်ငြင်းဆိုသွားပါတယ်။

ZawGyi

အာဆင္နယ္မွာ ခက္ခဲတဲ့ေနရာသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း အာတီတာဝန္ခံ

မီေခးလ္အာတီတာကအာဆင္နယ္စတားမ်ားအေနျဖင့္၎တို႔ရဲ႕ဂုဏ္အင္ကိုျပသရန္ႏွင့္ ခက္ခဲေနတဲ့ေနရာမွ႐ုန္းထြက္ႏိုင္ေရးတိုက္ပြဲဝင္ၾကရန္တိုက္တြန္းလိုက္ပါတယ္။

အာဆင္နယ္ဟာစေနေန႔တုန္းကအီတီဟတ္ကြင္းတြင္ဇာခါရဲ႕ေျခစုံပစ္ဝင္ဖ်က္ထုတ္မႈေၾကာင့္အနီကတ္ျပအထုတ္ခံရမႈနဲ႔အတူမန္စီးတီးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မန္စီးတီးရႈံးပြဲေၾကာင့္အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲသုံးပြဲဆက္တိုက္ရႈံးပြဲႀကဳံခဲ့ရၿပီးေပးဂိုး၉ဂိုးအထိရွိထားကာရဂိုးတစ္ဂိုးမွ်မရရွိေသးပါဘူး။

လာမယ့္အပတ္တြင္ႏိုင္ငံတကာပြဲစဥ္မ်ားဝင္ေရာက္လာမည္ျဖစ္ရာအာတီတာအတြက္ ေနာ့ဝွစ္ခ်္၊ဘန္ေလပြဲမတိုင္မီျပင္ဆင္ခ်ိန္ရရွိလာပါတယ္။

အာတီတာက “ၿပီးခဲ့တဲ့သုံးပတ္မွာအမ်ားႀကီးျဖစ္သြားပါတယ္။အခုကြၽန္ေတာ္တို႔ဟာခက္ခဲတဲ့ေနရာသို႔ေရာက္ေနၿပီျဖစ္ပါတယ္။ႏိုင္ငံတကာပြဲေတြဝင္လာတာကကြၽန္ေတာ္တို႔ရဲ႕အေရးပါတဲ့ကစားသမားအခ်ိဳ႕ျပန္လည္ေကာင္းမြန္လာဖို႔အခြင့္ေကာင္းတစ္ခုျဖစ္ေနပါတယ္။ကြၽန္ေတာ္တို႔ျပန္လာတဲ့အခ်ိန္မွာေနရာေကာင္းသို႔ေရာက္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၃၉ႏွစ္ရွိအာတီတာဟာပထမပိုင္းတြင္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရတဲ့ဇာခါအားအျပစ္ဖို႔ရန္ျငင္းဆိုသြားပါတယ္။