အာဆင်နယ်မှ ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမ်းမရိတ်သို့ ရောက်လာခဲ့တဲ့ အာစင်ဝင်းဂါး

အာစင်ဝင်းဂါးဟာအာဆင်နယ်နည်းပြရာထူးမှထွက်ခွာခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အမ်းမရိတ်ကွင်းသို့ရောက်လာခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ၂၀၁၈ခုနှစ်၊မေလတုန်းကအာဆင်နယ်နည်းပြရာထူးမှထွက်ခွာခဲ့ပြီးတဲ့နောက်သူ့အပေါ်ကောင်းမွန်စွာမဆက်ဆံခဲ့တဲ့အာဆင်နယ်ဘုတ်အဖွဲ့ကိုအခဲမကြေနိုင်အောင်ဖြစ်ကာအမ်းမရိတ်သို့တစ်ကြိမ်မျှမရောက်လာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဝင်းဂါးဟာမနေ့ညတုန်းကဝက်စ်ဟမ်းကိုအာဆင်နယ်က၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာတော့အမ်းမရိတ်ကွင်းသို့ပထမဆုံးအကြိမ်အဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပါတယ်။

မနေ့ညတုန်းကပွဲတွင်အာဆင်နယ်ဟာဘင်ရာမာရဲ့ပင်နယ်တီကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းဆာကာ၊မာတီနယ်လီ၊အက်ဒီနကီတာတို့ရဲ့ဂိုးများဖြင့်၃-၁ဖြင့်အနိုင်ယူကာပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်အခြေအနေကောင်းနေခဲ့ပါတယ်။

အာတီတာကတော့ပရီးမီးယားလိဂ်ဖလားရယူနိုင်ရေးအကောင်းဆုံးအခြေအနေပိုင်ဆိုင်ထားချိန်တွင်ကလပ်သို့အာစင်ဝင်းဂါးရောက်လာမှုကအချိန်သင့်အခါသင့်ဖြစ်နေပြီးကလပ်နှင့်အချိန်များစွာကုန်ဆုံးလာဖို့မျှော်လင့်ကြောင်းပြောကြားသွားပါတယ်။

အာစင်ဝင်းဂါးဟာ၁၉၉၆ခုနှစ်မှ၂၀၁၈ခုနှစ်၊မေလအထိအာဆင်နယ်ကို၂၂နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီးဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပြီးနောက်ရာထူးမှနုတ်ထွက်ခဲ့ရပါတယ်။

လက်ရှိအာဆင်နယ်နည်းပြအာတီတာမှာအာစင်ဝင်းဂါးလက်အောက်တွင်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီးကလပ်တွင်ဝင်းဂါးပြန်လည်တာဝန်ထမ်းဆောင်ရေးအစွမ်းကုန်ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္မွ ထြက္ခြာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အမ္းမရိတ္သို႔ ေရာက္လာခဲ့တဲ့ အာစင္ဝင္းဂါး

အာစင္ဝင္းဂါးဟာအာဆင္နယ္နည္းျပရာထူးမွထြက္ခြာခဲ့ၿပီးေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္အမ္းမရိတ္ကြင္းသို႔ေရာက္လာခဲ့ပါတယ္။

အာစင္ဝင္းဂါးဟာ၂၀၁၈ခုႏွစ္၊ေမလတုန္းကအာဆင္နယ္နည္းျပရာထူးမွထြက္ခြာခဲ့ၿပီးတဲ့ေနာက္သူ႔အေပၚေကာင္းမြန္စြာမဆက္ဆံခဲ့တဲ့အာဆင္နယ္ဘုတ္အဖြဲ႕ကိုအခဲမေၾကႏိုင္ေအာင္ျဖစ္ကာအမ္းမရိတ္သို႔တစ္ႀကိမ္မွ်မေရာက္လာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဝင္းဂါးဟာမေန႔ညတုန္းကဝက္စ္ဟမ္းကိုအာဆင္နယ္က၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာေတာ့အမ္းမရိတ္ကြင္းသို႔ပထမဆုံးအႀကိမ္အျဖစ္လူကိုယ္တိုင္လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

မေန႔ညတုန္းကပြဲတြင္အာဆင္နယ္ဟာဘင္ရာမာရဲ႕ပင္နယ္တီေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းဆာကာ၊မာတီနယ္လီ၊အက္ဒီနကီတာတို႔ရဲ႕ဂိုးမ်ားျဖင့္၃-၁ျဖင့္အႏိုင္ယူကာပရီးမီးယားလိဂ္ဖလားအတြက္ဆက္လက္အေျခအေနေကာင္းေနခဲ့ပါတယ္။

အာတီတာကေတာ့ပရီးမီးယားလိဂ္ဖလားရယူႏိုင္ေရးအေကာင္းဆုံးအေျခအေနပိုင္ဆိုင္ထားခ်ိန္တြင္ကလပ္သို႔အာစင္ဝင္းဂါးေရာက္လာမႈကအခ်ိန္သင့္အခါသင့္ျဖစ္ေနၿပီးကလပ္ႏွင့္အခ်ိန္မ်ားစြာကုန္ဆုံးလာဖို႔ေမွ်ာ္လင့္ေၾကာင္းေျပာၾကားသြားပါတယ္။

အာစင္ဝင္းဂါးဟာ၁၉၉၆ခုႏွစ္မွ၂၀၁၈ခုႏွစ္၊ေမလအထိအာဆင္နယ္ကို၂၂ႏွစ္ၾကာကိုင္တြယ္ခဲ့သူျဖစ္ၿပီးဒုတိယအႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိၿပီးေနာက္ရာထူးမွႏုတ္ထြက္ခဲ့ရပါတယ္။

လက္ရွိအာဆင္နယ္နည္းျပအာတီတာမွာအာစင္ဝင္းဂါးလက္ေအာက္တြင္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူျဖစ္ၿပီးကလပ္တြင္ဝင္းဂါးျပန္လည္တာဝန္ထမ္းေဆာင္ေရးအစြမ္းကုန္ႀကိဳးပမ္းေနသူလည္းျဖစ္ပါတယ္။