အာဆင်နယ်ရဲ့စိတ်ဓာတ်ကို ပြန်လည်ရယူပေးနိုင်သူအဖြစ် အာတီတာကို အာစင်ဝင်းဂါးချီးကျူး

အာဆင်နယ်ဂန္ထဝင်အာစင်ဝင်းဂါးကမီခေးလ်အာတီတာမှာအသင်းရဲ့စိတ်ဓာတ်ကိုပြန်လည်ယူဆောင်ပေးနိုင်သူအဖြစ်ချီးကျူးပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာတနင်္ဂနွေနေ့တုန်းကလက်စတာကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်သုံးပွဲလျှော့ကစားပြီးအာဆင်နယ်ကိုအမှတ်ပေးဇယားအဆင့်၄နေရာသို့ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာယခုပရီးမီးယားလိဂ်ရာသီအားသွင်းဂိုးမရှိသုံးပွဲဆက်အရှုံးဖြင့်အဆိုးရွားပုံစံဖြင့်စတင်ခဲ့ရပါတယ်။ဒါပေမဲ့အာတီတာဟာအသင်းရဲ့အခြေအနေကိုအလှည့်အပြောင်းဖြစ်အောင်ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အခြေအနေကောင်းအောင်လုပ်ဆောင်ထားနိုင်ပါတယ်။

ဝင်းဂါးဟာတပည့်ဟောင်းရဲ့စွမ်းဆောင်ရည်အပေါ်ချီးကျူးမှုပြုလုပ်သွားခဲ့ပေမဲ့ လုပ်စရာများစွာရှိနေဆဲဖြစ်ကြောင်းလည်းသတိပေးသွားခဲ့ပါတယ်။

ဝင်းဂါးက “အာဆင်နယ်ရဲ့စိတ်ဓာတ်ကိုသူပြန်လည်ရယူပေးနိုင်ခဲ့တယ်လို့ထင်ပါတယ်။ကျွန်တော်တို့ဟာအင်္ဂလိပ်ဘောလုံးလောကကိုအချိန်အကြာလွှမ်းမိုးခဲ့တာကြောင့်အဲဒီအနေအထားမျိုးရောက်ဖို့တော့လမ်းတချို့လျှောက်ရပါဦးမယ်။ကျွန်တော်တို့ကွင်းသစ်ကြီးတည်ဆောက်ပြီးတဲ့နောက် ကလပ်ဟာပထမဆုံးအကြိမ်အဖြစ်ငွေတွေအများကြီးရင်းနှီးမြှပ်နှံလာခဲ့တယ်။အခုဆိုရင်အသင်းဟာရလဒ်တွေနဲ့တည်ငြိမ်လာပါပြီ။သူ့ရဲ့ဦးဆောင်မှုအပေါ်မှာလည်းကစားသမားတွေလက်ခံလာကြပါတယ်။ကစားသမားနဲ့သူ့အကြားမှာဆက်နွယ်မှုကလည်းရှိနေပါတယ်။အပြင်ကကြည့်ရင်တော့အသင်းကအပြုသဘောဆောင်တဲ့တိုးတက်မှုရှိနေတာမြင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာကြားရက်တွင်အမ်းမရိတ်ကွင်းမှာလီဗာပူးကိုဧည့်ခံကစားရပါမယ်။

အာဆင်နယ်ဟာဇန်နဝါရီလတုန်းကလီဗာပူးကိုခါရာဘောင်ဖလားနှစ်ကျော့တွင်၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနိုဝင်ဘာလတုန်းကပရီးမီးယားလိဂ်တွင်နောက်ဆုံးအကြိမ်ဆုံတွေ့တုန်းက၄-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

အာဆင္နယ္ရဲ႕စိတ္ဓာတ္ကို ျပန္လည္ရယူေပးႏိုင္သူအျဖစ္ အာတီတာကို အာစင္ဝင္းဂါးခ်ီးက်ဴး

အာဆင္နယ္ဂႏၴဝင္အာစင္ဝင္းဂါးကမီေခးလ္အာတီတာမွာအသင္းရဲ႕စိတ္ဓာတ္ကိုျပန္လည္ယူေဆာင္ေပးႏိုင္သူအျဖစ္ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာတနဂၤေႏြေန႔တုန္းကလက္စတာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္သုံးပြဲေလွ်ာ့ကစားၿပီးအာဆင္နယ္ကိုအမွတ္ေပးဇယားအဆင့္၄ေနရာသို႔ျပန္လည္ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ေျမာက္လန္ဒန္ကလပ္ဟာယခုပရီးမီးယားလိဂ္ရာသီအားသြင္းဂိုးမရွိသုံးပြဲဆက္အရႈံးျဖင့္အဆိုး႐ြားပုံစံျဖင့္စတင္ခဲ့ရပါတယ္။ဒါေပမဲ့အာတီတာဟာအသင္းရဲ႕အေျခအေနကိုအလွည့္အေျပာင္းျဖစ္ေအာင္ျပဳလုပ္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေျခအေနေကာင္းေအာင္လုပ္ေဆာင္ထားႏိုင္ပါတယ္။

ဝင္းဂါးဟာတပည့္ေဟာင္းရဲ႕စြမ္းေဆာင္ရည္အေပၚခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ေပမဲ့ လုပ္စရာမ်ားစြာရွိေနဆဲျဖစ္ေၾကာင္းလည္းသတိေပးသြားခဲ့ပါတယ္။

ဝင္းဂါးက “အာဆင္နယ္ရဲ႕စိတ္ဓာတ္ကိုသူျပန္လည္ရယူေပးႏိုင္ခဲ့တယ္လို႔ထင္ပါတယ္။ကြၽန္ေတာ္တို႔ဟာအဂၤလိပ္ေဘာလုံးေလာကကိုအခ်ိန္အၾကာလႊမ္းမိုးခဲ့တာေၾကာင့္အဲဒီအေနအထားမ်ိဳးေရာက္ဖို႔ေတာ့လမ္းတခ်ိဳ႕ေလွ်ာက္ရပါဦးမယ္။ကြၽန္ေတာ္တို႔ကြင္းသစ္ႀကီးတည္ေဆာက္ၿပီးတဲ့ေနာက္ ကလပ္ဟာပထမဆုံးအႀကိမ္အျဖစ္ေငြေတြအမ်ားႀကီးရင္းႏွီးျမႇပ္ႏွံလာခဲ့တယ္။အခုဆိုရင္အသင္းဟာရလဒ္ေတြနဲ႔တည္ၿငိမ္လာပါၿပီ။သူ႔ရဲ႕ဦးေဆာင္မႈအေပၚမွာလည္းကစားသမားေတြလက္ခံလာၾကပါတယ္။ကစားသမားနဲ႔သူ႔အၾကားမွာဆက္ႏြယ္မႈကလည္းရွိေနပါတယ္။အျပင္ကၾကည့္ရင္ေတာ့အသင္းကအျပဳသေဘာေဆာင္တဲ့တိုးတက္မႈရွိေနတာျမင္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာၾကားရက္တြင္အမ္းမရိတ္ကြင္းမွာလီဗာပူးကိုဧည့္ခံကစားရပါမယ္။

အာဆင္နယ္ဟာဇန္နဝါရီလတုန္းကလီဗာပူးကိုခါရာေဘာင္ဖလားႏွစ္ေက်ာ့တြင္၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးႏိုဝင္ဘာလတုန္းကပရီးမီးယားလိဂ္တြင္ေနာက္ဆုံးအႀကိမ္ဆုံေတြ႕တုန္းက၄-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။