အာဆင်နယ်ရဲ့ဆိုးရွားလွန်းလှတဲ့ရလဒ်အကြောင့် ရဝန်ဒါသမ္မတအကြီးအကျယ်ပေါက်ကွဲ

ရဝန်ဒါသမ္မတဟာအာဆင်နယ်အားအပြင်းအထန်ဝေဖန်မှုပြုလုပ်ကာအာဆင်နယ်ပရိသတ်များမှာထိုက်တန်မှုမရှိတဲ့အရာများရရှိနေကြောင်းပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာသောကြာနေ့တုန်းကပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ပရီးမီးယားလိဂ်တန်းတက်ဘရန့်ဖို့ဒ်အသင်းအား၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

သောမတ်ဖရန့်ရဲ့ဘရန့်ဖို့ဒ်အတွက်အနိုင်ဂိုးများကိုဆာဂျီကာနို့စ်နှင့်ခရစ္စတီယန်နော်ဂတ်တို့ကသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ရဝန်ဒါသမ္မတကာဂါမီဟာနိုင်ငံသမ္မတဖြစ်တဲ့အပြင်အာဆင်နယ်အသင်းရဲ့အင်္ကျီလက်မောင်းစပွန်ဆာပေးထားတဲ့ Visit Rwanda ဟိုတယ်နှင့်ခရီးသွားလာရေးဘုတ်အဖွဲ့အကြီးအကဲလည်းဖြစ်ပါတယ်။

၂၀၀၀ခုနှစ်တုန်းကရဝန်ဒါသမ္မတဖြစ်လာခဲ့တဲ့ကာဂါမီက “ရုန်းကန်လာခဲ့ရတာဆယ်စုနှစ်တစ်ခုရှိပါပြီ။တက်လိုက်ကျလိုက်နဲ့။ကျနေတာကများပါတယ်။နိုင်ပြီးရင်းနိုင်တဲ့အသင်းတစ်သင်းကိုတည်ဆောက်ရပါမယ်။ရှုံးနိုင်တယ်ဆိုပေမယ့်ဒီပွဲကတော့မရှုံးသင့်တဲ့ပွဲပါ။ပရိသတ်တွေအတွက်လုံးဝမထိုက်ပါဘူး။ဒါတွေအားလုံးအတွက်ဘယ်သူ့မှာတာဝန်ရှိသလဲကျွန်တော်တို့သိပါတယ်။မကြာခင်သူတို့လည်းသိပြီးလက်ခံလာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဘရန့်ဖို့ဒ်အားရှုံးနိမ့်မှုနဲ့အတူယခုနှစ်ပရီးမီးယားလိဂ်ရာသီတွင်ပထမဆုံးအထုတ်ခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားလာပါတယ်။အာဆင်နယ်ဟာလာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ်မန်စီးတီး၊ချဲလ်ဆီးတို့နှင့်ဆက်တိုက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္ရဲ႕ဆိုး႐ြားလြန္းလွတဲ့ရလဒ္အေၾကာင့္ ရဝန္ဒါသမၼတအႀကီးအက်ယ္ေပါက္ကြဲ

ရဝန္ဒါသမၼတဟာအာဆင္နယ္အားအျပင္းအထန္ေဝဖန္မႈျပဳလုပ္ကာအာဆင္နယ္ပရိသတ္မ်ားမွာထိုက္တန္မႈမရွိတဲ့အရာမ်ားရရွိေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာေသာၾကာေန႔တုန္းကပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ပရီးမီးယားလိဂ္တန္းတက္ဘရန႔္ဖို႔ဒ္အသင္းအား၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ေသာမတ္ဖရန႔္ရဲ႕ဘရန႔္ဖို႔ဒ္အတြက္အႏိုင္ဂိုးမ်ားကိုဆာဂ်ီကာႏို႔စ္ႏွင့္ခရစၥတီယန္ေနာ္ဂတ္တို႔ကသြင္းယူခဲ့ၾကတာျဖစ္ပါတယ္။

ရဝန္ဒါသမၼတကာဂါမီဟာႏိုင္ငံသမၼတျဖစ္တဲ့အျပင္အာဆင္နယ္အသင္းရဲ႕အက်ႌလက္ေမာင္းစပြန္ဆာေပးထားတဲ့ Visit Rwanda ဟိုတယ္ႏွင့္ခရီးသြားလာေရးဘုတ္အဖြဲ႕အႀကီးအကဲလည္းျဖစ္ပါတယ္။

၂၀၀၀ခုႏွစ္တုန္းကရဝန္ဒါသမၼတျဖစ္လာခဲ့တဲ့ကာဂါမီက “႐ုန္းကန္လာခဲ့ရတာဆယ္စုႏွစ္တစ္ခုရွိပါၿပီ။တက္လိုက္က်လိုက္နဲ႔။က်ေနတာကမ်ားပါတယ္။ႏိုင္ၿပီးရင္းႏိုင္တဲ့အသင္းတစ္သင္းကိုတည္ေဆာက္ရပါမယ္။ရႈံးႏိုင္တယ္ဆိုေပမယ့္ဒီပြဲကေတာ့မရႈံးသင့္တဲ့ပြဲပါ။ပရိသတ္ေတြအတြက္လုံးဝမထိုက္ပါဘူး။ဒါေတြအားလုံးအတြက္ဘယ္သူ႔မွာတာဝန္ရွိသလဲကြၽန္ေတာ္တို႔သိပါတယ္။မၾကာခင္သူတို႔လည္းသိၿပီးလက္ခံလာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ဘရန႔္ဖို႔ဒ္အားရႈံးနိမ့္မႈနဲ႔အတူယခုႏွစ္ပရီးမီးယားလိဂ္ရာသီတြင္ပထမဆုံးအထုတ္ခံရမယ့္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားလာပါတယ္။အာဆင္နယ္ဟာလာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအျဖစ္မန္စီးတီး၊ခ်ဲလ္ဆီးတို႔ႏွင့္ဆက္တိုက္ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။