အာဆင်နယ်ရဲ့နည်းဗျူဟာနှင့်အသားကျရန် ရုန်းကန်ခဲ့ရကြောင်း ပါတေးဝန်ခံ

သောမတ်စ်ပါတေးကအာဆင်နယ်ရဲ့နည်းဗျူဟာနှင့်အသားကျရန်ရုန်းကန်ခဲ့ရကြောင်းဝန်ခံပြောကြားလာပါတယ်။ဂါနာကွင်းလယ်ကစားသမားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအက်သလက်တီကိုမှပြောင်းရွှေ့ကြေး ပေါင်၄၅သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပြီးကြံ့ခိုင်မှုပြဿနာများကြောင့်ပရီးမီးယားလိဂ်ပွဲ၁၀ပွဲတည်းသာပွဲထွက်ကစားထားနိုင်ပါတယ်။

အသက်၂၇နှစ်ရှိကွင်းလယ်ကစားသမားက၎င်းမှာနည်းဗျူဟာပိုင်းအံ့ဝင်ရန်ရုန်းကန်ခဲ့ရတဲ့အပြင်ဒဏ်ရာပြဿနာများနှင့်လည်းနပန်းလုံးနေခဲ့ရကြောင်းဖွင့်ဟသွားပါတယ်။

သောမတ်စ်ပါတေးက “အသင်းကဘယ်လိုကစားသလဲဆိုတာသိဖို့ခက်ခဲခဲ့ပါတယ်။ဒဏ်ရာပြဿနာတွေကလည်း အသင်းမှာအသားကျဖို့အခက်အခဲတွေဖြစ်စေပါတယ်။အခုတော့အားလုံးအဆင်ပြေနေပါပြီ။ကြံ့ခိုင်မှုပြည့်ဝဖို့၊ပွဲတွေအများကြီးကစားနိုင်ဖို့လုပ်သင့်တာအားလုံးကိုလုပ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ပါတေးရဲ့အာဆင်နယ်ဟာယနေ့ညမှာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ်အိုလံပီယာကို့စ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

အာဆင္နယ္ရဲ႕နည္းဗ်ဴဟာႏွင့္အသားက်ရန္ ႐ုန္းကန္ခဲ့ရေၾကာင္း ပါေတးဝန္ခံ

ေသာမတ္စ္ပါေတးကအာဆင္နယ္ရဲ႕နည္းဗ်ဴဟာႏွင့္အသားက်ရန္႐ုန္းကန္ခဲ့ရေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။ဂါနာကြင္းလယ္ကစားသမားဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအက္သလက္တီကိုမွေျပာင္းေ႐ႊ႕ေၾကး ေပါင္၄၅သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးႀကံ့ခိုင္မႈျပႆနာမ်ားေၾကာင့္ပရီးမီးယားလိဂ္ပြဲ၁၀ပြဲတည္းသာပြဲထြက္ကစားထားႏိုင္ပါတယ္။

အသက္၂၇ႏွစ္ရွိကြင္းလယ္ကစားသမားက၎မွာနည္းဗ်ဴဟာပိုင္းအံ့ဝင္ရန္႐ုန္းကန္ခဲ့ရတဲ့အျပင္ဒဏ္ရာျပႆနာမ်ားႏွင့္လည္းနပန္းလုံးေနခဲ့ရေၾကာင္းဖြင့္ဟသြားပါတယ္။

ေသာမတ္စ္ပါေတးက “အသင္းကဘယ္လိုကစားသလဲဆိုတာသိဖို႔ခက္ခဲခဲ့ပါတယ္။ဒဏ္ရာျပႆနာေတြကလည္း အသင္းမွာအသားက်ဖို႔အခက္အခဲေတြျဖစ္ေစပါတယ္။အခုေတာ့အားလုံးအဆင္ေျပေနပါၿပီ။ႀကံ့ခိုင္မႈျပည့္ဝဖို႔၊ပြဲေတြအမ်ားႀကီးကစားႏိုင္ဖို႔လုပ္သင့္တာအားလုံးကိုလုပ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပါေတးရဲ႕အာဆင္နယ္ဟာယေန႔ညမွာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္အိုလံပီယာကို႔စ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။