
နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာရိုင်ယန်ဖရေဆာကိုနယူးကာဆယ်ယူ-၂၁အသင်းသို့ပို့လိုက်ပြီဖြစ်ပါတယ်။
အသက်၂၈နှစ်ရှိစကော့တလန်တောင်ပံကစားသမားဟာအက်ဒီဟောင်းရဲ့စီမံကိန်းတွင်ပါဝင်ခြင်းမရှိမှုနဲ့အတူ ယူ-၂၁အသင်းသို့အပို့ခံခဲ့ရတာဖြစ်ပြီးလာမယ့်နွေရာသီတွင်ရောင်းချခြင်းခံရရန်သေချာနေပါတယ်။
ဘုန်းမောက်စတားဟောင်းဟာပြီးခဲ့အောက်တိုဘာလကတည်းကနယူးကာဆယ်အတွက်ကစားခွင့်မရလာသူလည်းဖြစ်ပါတယ်။
ယခုအခါ သူဟာအကယ်ဒမီကစားသမားများနှင့်အတူကစားနေရကြောင်း Daily Mail ရဲ့ဖော်ပြမှုအရသိရပါတယ်။
သူဟာ၂၀၂၀ခုနှစ်တုန်းကဘုန်းမောက်မှထွက်ခွာခဲ့သူဖြစ်ပြီးသူဟာအက်ဒီဟောင်းနှင့်လက်တွဲခဲ့ဖူးသူလည်းဖြစ်ပါတယ်။
သူဟာနယူးကာဆယ်သို့ရောက်တဲ့ပထမရာသီတွင်ခြေစွမ်းပြနိုင်ပေမဲ့လည်းအက်ဒီဟောင်းနှင့်မူအမြင်မတူမှုနဲ့အတူသဘောထားကွဲလွဲခဲ့ပါတယ်။
သူဟာဘုန်းမောက်တွင်ကစားစဉ်တုန်းကခြေစွမ်းပြနိုင်မှုကြောင့်အာဆင်နယ်ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
ZawGyi
အာဆင်နယ်ရဲ့ပစ်မှတ်ဟောင်းကို ယူ-၂၁ အသင်းသို့ ပို့လိုက်တဲ့ နယူးကာဆယ်နည်းပြအက်ဒီဟောင်း