အာဆင်နယ်ရဲ့ဘယ်လီရန်နှင့် မန်ယူရဲ့တဲလ်လက်စ်တို့ကို စိတ်ဝင်စားကြောင်း အင်တာ အတည်ပြု

အင်တာစီအီးအိုဘက်ပီမာရော့တာကအာဆင်နယ်ရဲ့ဟက်တာဘယ်လီရန်နှင့်မန်ယူရဲ့အဲလက်စ်တဲလ်လက်စ်တို့ကိုခေါ်ယူရန်စိတ်ဝင်စားကြောင်းအတည်ပြုလိုက်ပါတယ်။

အင်တာမီလန်ဟာယခုနွေရာသီအပြောင်းအရွှေ့အစောပိုင်းတုန်းကညာနောက်ခံလူဟာကီမီကိုပီအက်စ်ဂျီသို့မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့်ရောင်းချလိုက်ပြီးနောက်ခံစစ်ပိုင်းကိုအားဖြည့်ရန်စီစဉ်နေပါတယ်။

အာဆင်နယ်ဟာညာနောက်ခံလူဘယ်လီရန်ကိုပေါင်၁၅သန်းရရှိလျှင်ရောင်းချသွားမည်ဖြစ်ပြီးတဲလ်လက်စ်မှာလည်းလုခ်ရှောကြောင့်နေရာပျောက်နေပါတယ်။

ယခုအခါမာရော့တာက “ခင်ဗျားတို့ပြောတဲ့သူကလည်းကျွန်တော်တို့စိတ်ဝင်စားနေတဲ့သူပါ။ဒါပေမယ့်သူ(ဘယ်လီရန်)ကကျွန်တော်တို့ရဲ့ကစားသမားမဟုတ်တာကြောင့်ဒီထက်ပိုပြီးတော့ပြောလို့မရပါဘူး”လို့ဘယ်လီရန်အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးပြောကြားသွားပါတယ်။

ဒါ့အပြင်တဲလ်လက်စ်နဲ့ပတ်သက်ပြီးမာရော့တာက “ကျွန်တော်တို့ဘက်ကဘာကိုမှမငြင်းပါဘူး။အခုအချိန်ကျွန်တော်တို့ဘက်ကအမည်ကိုဖော်ထုတ်ပြီးတော့မပြောဘဲအခွင့်အရေးအားလုံးကိုကြည့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ယခင်တုန်းကပီအက်စ်ဂျီ၊ဘာစီလိုနာတို့ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ဘယ်လီရန်ဟာအာဆင်နယ်နှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဆက်တိုက်ခြေစွမ်းပြနိုင်ခြင်းမရှိမှုကြောင့်ဝေဖန်မှုကြုံနေရသူဖြစ်ပါတယ်။

ဘရာဇီးနောက်ခံလူတဲလ်လက်စ်မှာပြီးခဲ့တဲ့နွေတွင်ပေါ်တိုမှပေါင်၁၅သန်းဖြင့်ပြောင်းလာပြီးနောက်လုခ်ရှောရဲ့အရန်အဖြစ်သာကစားနေရပါတယ်။သူကတော့မန်ယူတွင်ဆက်လက်ကစားလိုကြောင်းဆိုထားပါတယ်။

ZawGyi

အာဆင္နယ္ရဲ႕ဘယ္လီရန္ႏွင့္ မန္ယူရဲ႕တဲလ္လက္စ္တို႔ကို စိတ္ဝင္စားေၾကာင္း အင္တာ အတည္ျပဳ

အင္တာစီအီးအိုဘက္ပီမာေရာ့တာကအာဆင္နယ္ရဲ႕ဟက္တာဘယ္လီရန္ႏွင့္မန္ယူရဲ႕အဲလက္စ္တဲလ္လက္စ္တို႔ကိုေခၚယူရန္စိတ္ဝင္စားေၾကာင္းအတည္ျပဳလိုက္ပါတယ္။

အင္တာမီလန္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕အေစာပိုင္းတုန္းကညာေနာက္ခံလူဟာကီမီကိုပီအက္စ္ဂ်ီသို႔ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာင္းခ်လိုက္ၿပီးေနာက္ခံစစ္ပိုင္းကိုအားျဖည့္ရန္စီစဥ္ေနပါတယ္။

အာဆင္နယ္ဟာညာေနာက္ခံလူဘယ္လီရန္ကိုေပါင္၁၅သန္းရရွိလွ်င္ေရာင္းခ်သြားမည္ျဖစ္ၿပီးတဲလ္လက္စ္မွာလည္းလုခ္ေရွာေၾကာင့္ေနရာေပ်ာက္ေနပါတယ္။

ယခုအခါမာေရာ့တာက “ခင္ဗ်ားတို႔ေျပာတဲ့သူကလည္းကြၽန္ေတာ္တို႔စိတ္ဝင္စားေနတဲ့သူပါ။ဒါေပမယ့္သူ(ဘယ္လီရန္)ကကြၽန္ေတာ္တို႔ရဲ႕ကစားသမားမဟုတ္တာေၾကာင့္ဒီထက္ပိုၿပီးေတာ့ေျပာလို႔မရပါဘူး”လို႔ဘယ္လီရန္အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးေျပာၾကားသြားပါတယ္။

ဒါ့အျပင္တဲလ္လက္စ္နဲ႔ပတ္သက္ၿပီးမာေရာ့တာက “ကြၽန္ေတာ္တို႔ဘက္ကဘာကိုမွမျငင္းပါဘူး။အခုအခ်ိန္ကြၽန္ေတာ္တို႔ဘက္ကအမည္ကိုေဖာ္ထုတ္ၿပီးေတာ့မေျပာဘဲအခြင့္အေရးအားလုံးကိုၾကည့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ယခင္တုန္းကပီအက္စ္ဂ်ီ၊ဘာစီလိုနာတို႔ရဲ႕စိတ္ဝင္စားျခင္းခံခဲ့ရတဲ့ဘယ္လီရန္ဟာအာဆင္နယ္ႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဆက္တိုက္ေျခစြမ္းျပႏိုင္ျခင္းမရွိမႈေၾကာင့္ေဝဖန္မႈႀကဳံေနရသူျဖစ္ပါတယ္။

ဘရာဇီးေနာက္ခံလူတဲလ္လက္စ္မွာၿပီးခဲ့တဲ့ေႏြတြင္ေပၚတိုမွေပါင္၁၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္လုခ္ေရွာရဲ႕အရန္အျဖစ္သာကစားေနရပါတယ္။သူကေတာ့မန္ယူတြင္ဆက္လက္ကစားလိုေၾကာင္းဆိုထားပါတယ္။