အာဆင်နယ်ရဲ့အနိုင်ဂိုးတွင် ဇင်ချန်ကို လူကျွံ/မကျွံ ရုပ်သံက ဘာလို့ မပြသခဲ့တာလဲ?

အိုလက်ဇန္ဒားဇင်ချန်ကိုမှာအာဆင်နယ်ရဲ့အနိုင်ဂိုးတွင်လူကျွံ/မကျွံ ရုပ်သံကဘာကြောင့်ထုတ်လွှင့်ပြသမှုမပြုလုပ်ခဲ့သလဲဆိုတာသိခွင့်ရရှိလာပြီဖြစ်ပါတယ်။

မနေ့ညကအာဆင်နယ်နှင့်ယူနိုက်တက်ပွဲစဉ်မှာနှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားပြီလို့ယူဆခဲ့ရပေမဲ့လည်းပွဲချိန်မိနစ်၉၀တွင်အက်ဒီနကီတာကသူ့ရဲ့ဒုတိယမြောက်ဂိုးအဖြစ်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

အက်ဒီနကီတာဟာမာတင်အိုဒီဂတ်ရဲ့ကန်ချက်မှတဆင့်ထပ်ကန်ပြီးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့အက်ဒီနကီတာမှာလူကျွံနေခြင်းမရှိပေမဲ့လည်းဖြတ်တင်ဘောပြုလုပ်တဲ့ဇင်ချန်ကိုမှာလူကျွံတယ်လို့ယူဆရပါတယ်။

ဒါပေမဲ့လည်းအံ့ဩသင့်စရာကောင်းတာကတော့ဇင်ချန်ကိုအားလူကျွံ/မကျွံကိုစစ်ဆေးပြသထားတာမျိုးမပြုလုပ်ခဲ့ပါဘူး။

ယင်းနှင့်ပတ်သက်ပြီးbeIN Sportsက VAR ဒိုင်လူကြီးများမှာအက်ဒီနကီတာကိုသာလူကျွံ/မကျွံစစ်ဆေးမှုပြုလုပ်ခဲ့ပြီးဇင်ချန်ကိုအားလူကျွံမကျွံမစစ်ခဲ့ကြောင်းဆိုသွားပါတယ်။

တကယ်တမ်းတွင်ဇင်ချန်ကိုမှာလည်းလူကျံနေခြင်းမရှိပါဘူး။

ZawGyi

အာဆင္နယ္ရဲ႕အႏိုင္ဂိုးတြင္ ဇင္ခ်န္ကို လူကြၽံ/မကြၽံ ႐ုပ္သံက ဘာလို႔ မျပသခဲ့တာလဲ?

အိုလက္ဇႏၵားဇင္ခ်န္ကိုမွာအာဆင္နယ္ရဲ႕အႏိုင္ဂိုးတြင္လူကြၽံ/မကြၽံ ႐ုပ္သံကဘာေၾကာင့္ထုတ္လႊင့္ျပသမႈမျပဳလုပ္ခဲ့သလဲဆိုတာသိခြင့္ရရွိလာၿပီျဖစ္ပါတယ္။

မေန႔ညကအာဆင္နယ္ႏွင့္ယူႏိုက္တက္ပြဲစဥ္မွာႏွစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားၿပီလို႔ယူဆခဲ့ရေပမဲ့လည္းပြဲခ်ိန္မိနစ္၉၀တြင္အက္ဒီနကီတာကသူ႔ရဲ႕ဒုတိယေျမာက္ဂိုးအျဖစ္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

အက္ဒီနကီတာဟာမာတင္အိုဒီဂတ္ရဲ႕ကန္ခ်က္မွတဆင့္ထပ္ကန္ၿပီးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့အက္ဒီနကီတာမွာလူကြၽံေနျခင္းမရွိေပမဲ့လည္းျဖတ္တင္ေဘာျပဳလုပ္တဲ့ဇင္ခ်န္ကိုမွာလူကြၽံတယ္လို႔ယူဆရပါတယ္။

ဒါေပမဲ့လည္းအံ့ဩသင့္စရာေကာင္းတာကေတာ့ဇင္ခ်န္ကိုအားလူကြၽံ/မကြၽံကိုစစ္ေဆးျပသထားတာမ်ိဳးမျပဳလုပ္ခဲ့ပါဘူး။

ယင္းႏွင့္ပတ္သက္ၿပီးbeIN Sportsက VAR ဒိုင္လူႀကီးမ်ားမွာအက္ဒီနကီတာကိုသာလူကြၽံ/မကြၽံစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီးဇင္ခ်န္ကိုအားလူကြၽံမကြၽံမစစ္ခဲ့ေၾကာင္းဆိုသြားပါတယ္။

တကယ္တမ္းတြင္ဇင္ခ်န္ကိုမွာလည္းလူက်ံေနျခင္းမရွိပါဘူး။