
တနင်္ဂနွေနေ့တုန်းကအမ်းမရိတ်ကွင်းတွင်အာဆင်နယ်နှင့်လီဗာပူးတို့ရင်ဆိုင်ကစားရတဲ့ပွဲမှာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်ကလီဗာပူးကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပရိသတ်များအကြားအငြင်းပွားများချန်ထားရစ်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်အာဆင်နယ်ဟာပွဲအစ၁မိနစ်မှာပင်မာတီနယ်လီရဲ့ဂိုးဖြင့်ပွဲကိုစောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးဟာဂါဘရီရယ်လက်ထိဘောမှတဆင့်ပင်နယ်တီရနိုင်တဲ့အခွင့်အရေးကြုံခဲ့ပေမဲ့ဒိုင်လူကြီးမိုက်ကယ်အိုလီဗာကငြင်းဆိုခဲ့ပါတယ်။
ဂျိုတာရဲ့ဖြတ်တင်ဘောကိုတားစဉ်ဂါဘရီရယ်လက်ထိဘောဖြစ်ခဲ့တာဖြစ်ပါတယ်။ယင်းဖြစ်ရပ်ကိုVAR ကစစ်ဆေးခဲ့ပေမဲ့ပင်နယ်တီမပေးခဲ့ပါဘူး။
ပွဲချိန်၃၄မိနစ်မှာဒါဝင်းနူနက်ဇ်ကလီဗာပူးအတွက်ချေပဂိုးသွင်းခဲ့ပေမဲ့ပထမပိုင်းမပြီးခင်မှာဆာကာကအာဆင်နယ်အတွက်ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။
ပွဲချိန်၅၃မိနစ်မှာဖာမီနိုကပြန်လည်ချေပခဲ့ပေမဲ့ပွဲချိန်၇၆မိနစ်မှာတော့အာဆင်နယ်တို့အနိုင်ဂိုးရရှိစေမဲ့ပင်နယ်တီရရှိသွားပါတယ်။
ပွဲချိန်၇၅မိနစ်မှာလီဗာပူးဧရိယာအတွင်းမှာတီယာဂိုနဲ့ဂါဘရီရယ်ဂျေဆူးတို့ ဘောလုံးအပြိုင်ကန်ခဲ့ရာမှာ လီဗာပူးကွင်းလယ်ကစားသမားကအာဆင်နယ်တိုက်စစ်သမားရဲ့ခြေသလုံးကိုကန်မိခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကိုဒိုင်လူကြီးအိုလီဗာကပင်နယ်တီပေးခဲ့ပြီးဆာကာကအနိုင်ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။
ဒါပေမဲ့လီဗာပူးပရိသတ်များကတော့ 50-50 အနေအထားမျိုးတွင်တီယာဂိုရဲ့ကန်ချက်မတော်တဆ ဂျေဆူးကိုကန်ခဲ့မိမှုအတွက်ပင်နယ်တီပေးလိုက်တဲ့ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။
လီဗာပူးတိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်က “ဒီပင်နယ်တီအပေါ်မယုံကြည်နိုင်အောင်ဖြစ်ရတယ်”လို့ တွစ်တာကနေရေးသားသွားပါတယ်။
ZawGyi
အာဆင္နယ္ရႈံးပြဲမွ ပင္နယ္တီဆုံးျဖတ္ခ်က္အေပၚ လီဗာပူးပရိသတ္မ်ား မယုံၾကည္ႏိုင္ေလာက္ေအာင္ ျဖစ္ေန
တနဂၤေႏြေန႔တုန္းကအမ္းမရိတ္ကြင္းတြင္အာဆင္နယ္ႏွင့္လီဗာပူးတို႔ရင္ဆိုင္ကစားရတဲ့ပြဲမွာပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ပါတယ္။ဒါေပမဲ့အာဆင္နယ္ကလီဗာပူးကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပရိသတ္မ်ားအၾကားအျငင္းပြားမ်ားခ်န္ထားရစ္ခဲ့ပါတယ္။
အဆိုပါပြဲစဥ္တြင္အာဆင္နယ္ဟာပြဲအစ၁မိနစ္မွာပင္မာတီနယ္လီရဲ႕ဂိုးျဖင့္ပြဲကိုေစာေစာစီးစီးဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့လီဗာပူးဟာဂါဘရီရယ္လက္ထိေဘာမွတဆင့္ပင္နယ္တီရႏိုင္တဲ့အခြင့္အေရးႀကဳံခဲ့ေပမဲ့ဒိုင္လူႀကီးမိုက္ကယ္အိုလီဗာကျငင္းဆိုခဲ့ပါတယ္။
ဂ်ိဳတာရဲ႕ျဖတ္တင္ေဘာကိုတားစဥ္ဂါဘရီရယ္လက္ထိေဘာျဖစ္ခဲ့တာျဖစ္ပါတယ္။ယင္းျဖစ္ရပ္ကိုVAR ကစစ္ေဆးခဲ့ေပမဲ့ပင္နယ္တီမေပးခဲ့ပါဘူး။
ပြဲခ်ိန္၃၄မိနစ္မွာဒါဝင္းႏူနက္ဇ္ကလီဗာပူးအတြက္ေခ်ပဂိုးသြင္းခဲ့ေပမဲ့ပထမပိုင္းမၿပီးခင္မွာဆာကာကအာဆင္နယ္အတြက္ဦးေဆာင္ဂိုးထပ္မံသြင္းယူခဲ့ပါတယ္။
ပြဲခ်ိန္၅၃မိနစ္မွာဖာမီႏိုကျပန္လည္ေခ်ပခဲ့ေပမဲ့ပြဲခ်ိန္၇၆မိနစ္မွာေတာ့အာဆင္နယ္တို႔အႏိုင္ဂိုးရရွိေစမဲ့ပင္နယ္တီရရွိသြားပါတယ္။
ပြဲခ်ိန္၇၅မိနစ္မွာလီဗာပူးဧရိယာအတြင္းမွာတီယာဂိုနဲ႔ဂါဘရီရယ္ေဂ်ဆူးတို႔ ေဘာလုံးအၿပိဳင္ကန္ခဲ့ရာမွာ လီဗာပူးကြင္းလယ္ကစားသမားကအာဆင္နယ္တိုက္စစ္သမားရဲ႕ေျခသလုံးကိုကန္မိခဲ့ပါတယ္။
ယင္းျဖစ္ရပ္ကိုဒိုင္လူႀကီးအိုလီဗာကပင္နယ္တီေပးခဲ့ၿပီးဆာကာကအႏိုင္ဂိုးအျဖစ္ေျပာင္းလဲခဲ့ပါတယ္။
ဒါေပမဲ့လီဗာပူးပရိသတ္မ်ားကေတာ့ 50-50 အေနအထားမ်ိဳးတြင္တီယာဂိုရဲ႕ကန္ခ်က္မေတာ္တဆ ေဂ်ဆူးကိုကန္ခဲ့မိမႈအတြက္ပင္နယ္တီေပးလိုက္တဲ့ဆုံးျဖတ္ခ်က္အေပၚ အႀကီးအက်ယ္ေဒါသထြက္ေနၾကပါတယ္။
လီဗာပူးတိုက္စစ္မႉးေဟာင္းမိုက္ကယ္အိုဝင္က “ဒီပင္နယ္တီအေပၚမယုံၾကည္ႏိုင္ေအာင္ျဖစ္ရတယ္”လို႔ တြစ္တာကေနေရးသားသြားပါတယ္။