အာဆင်နယ်သမိုင်းတွင် ပထမဆုံးအားကစားဒါရိုက်တာအဖြစ် အီဒူး ရာထူးတိုးမြှင့်ခန့်အပ်ခံရ

အာဆင်နယ်ကကလပ်သမိုင်းတွင်ပထမဆုံးအားကစားဒါရိုက်တာအဖြစ်အီဒူးကိုရာထူးတိုးမြှင့်ခန့်အပ်လိုက်ကြောင်းကြေညာလာပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လကတည်းကအာဆင်နယ်တွင်နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်လာသူဖြစ်ပြီးနည်းပြမီခေးလ်အာတီတာအတွက်ကစားသမားကောင်းများခေါ်ယူအားဖြည့်ပေးကာကူညီနေသူလည်းဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်ဟောင်းဟာအမ်းမရိတ်တွင်တာဝန်ထမ်းဆောင်စဉ်အတွင်းအကောင်းဆုံးလုပ်ဆောင်နိုင်မှုနဲ့အတူ အားကစားဒါရိုက်တာအဖြစ်ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံလာရပြီဖြစ်ပါတယ်။

အီဒူးဟာအားကစားဒါရိုက်တာအဖြစ်တိုးမြှင့်ခန့်အပ်ခံရမှုနဲ့အတူ အာဆင်နယ်တွင်အကယ်ဒမီကျောင်းအတွက်ကိုပါတာဝန်ယူလုပ်ဆောင်လာရမှာဖြစ်ပြီးတာဝန်ပိုကြီးမားလာပါမယ်။

အာဆင်နယ်ဟာအီဒူးရဲ့ကစားသမားခေါ်ယူမှုပါးနပ်စွာလုပ်ဆောင်မှုနှင့်အတူ ပြီးခဲ့တဲ့၁၈လအတွင်းတွင်အကြီးအကျယ်ပြောင်းလဲလာနေပါတယ်။

အာဆင်နယ်ဟာယခုရာသီပရီးမီးယားလိဂ်၁၄ပွဲတွင်၁၂ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးဖြင့်အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ပါတယ်။

အီဒူးဟာယခင်နည်းပြအူနိုင်းအမ်မရီလက်ထက်တုန်းက ကစားသမားခေါ်ယူအားဖြည့်မှုနဲ့ပတ်သက်ပြီးပရိသတ်များရဲ့မေးခွန်းထုတ်ခံရပေမဲ့လည်း ယခုအခါ၁၈နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်နိုင်တဲ့အနေအထားသို့ရောက်အောင်တွန်းပို့ထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္သမိုင္းတြင္ ပထမဆုံးအားကစားဒါ႐ိုက္တာအျဖစ္ အီဒူး ရာထူးတိုးျမႇင့္ခန႔္အပ္ခံရ

အာဆင္နယ္ကကလပ္သမိုင္းတြင္ပထမဆုံးအားကစားဒါ႐ိုက္တာအျဖစ္အီဒူးကိုရာထူးတိုးျမႇင့္ခန႔္အပ္လိုက္ေၾကာင္းေၾကညာလာပါတယ္။

အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္းဟာ၂၀၁၉ခုႏွစ္၊ဇူလိုင္လကတည္းကအာဆင္နယ္တြင္နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္လာသူျဖစ္ၿပီးနည္းျပမီေခးလ္အာတီတာအတြက္ကစားသမားေကာင္းမ်ားေခၚယူအားျဖည့္ေပးကာကူညီေနသူလည္းျဖစ္ပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ေဟာင္းဟာအမ္းမရိတ္တြင္တာဝန္ထမ္းေဆာင္စဥ္အတြင္းအေကာင္းဆုံးလုပ္ေဆာင္ႏိုင္မႈနဲ႔အတူ အားကစားဒါ႐ိုက္တာအျဖစ္ရာထူးတိုးျမႇင့္ခန႔္အပ္ျခင္းခံလာရၿပီျဖစ္ပါတယ္။

အီဒူးဟာအားကစားဒါ႐ိုက္တာအျဖစ္တိုးျမႇင့္ခန႔္အပ္ခံရမႈနဲ႔အတူ အာဆင္နယ္တြင္အကယ္ဒမီေက်ာင္းအတြက္ကိုပါတာဝန္ယူလုပ္ေဆာင္လာရမွာျဖစ္ၿပီးတာဝန္ပိုႀကီးမားလာပါမယ္။

အာဆင္နယ္ဟာအီဒူးရဲ႕ကစားသမားေခၚယူမႈပါးနပ္စြာလုပ္ေဆာင္မႈႏွင့္အတူ ၿပီးခဲ့တဲ့၁၈လအတြင္းတြင္အႀကီးအက်ယ္ေျပာင္းလဲလာေနပါတယ္။

အာဆင္နယ္ဟာယခုရာသီပရီးမီးယားလိဂ္၁၄ပြဲတြင္၁၂ပြဲႏိုင္၊၁ပြဲသေရ၊၁ပြဲရႈံးျဖင့္အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ပါတယ္။

အီဒူးဟာယခင္နည္းျပအူႏိုင္းအမ္မရီလက္ထက္တုန္းက ကစားသမားေခၚယူအားျဖည့္မႈနဲ႔ပတ္သက္ၿပီးပရိသတ္မ်ားရဲ႕ေမးခြန္းထုတ္ခံရေပမဲ့လည္း ယခုအခါ၁၈ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ပရီးမီးယားလိဂ္ဖလားကိုစိန္ေခၚႏိုင္တဲ့အေနအထားသို႔ေရာက္ေအာင္တြန္းပို႔ထားႏိုင္ၿပီျဖစ္ပါတယ္။