အာဆင်နယ်သမိုင်းတွင် အကောင်းဆုံးနည်းပြအဖြစ် သမိုင်းမှတ်တမ်းရေးထိုးလာတဲ့ အာတီတာ

မီခေးလ်အာတီတဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်လန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးကိုအနိုင်ရရှိပြီးနောက်အာဆင်နယ်သမိုင်းတွင်အကောင်းဆုံးနည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကဒုတိယပိုင်းတွင်ဂါဘရီရယ်သွင်းယူတဲ့ဂိုးဖြင့် ချဲလ်ဆီးကိုအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ယင်းနိုင်ပွဲကြောင့်အာတီတာဟာအာဆင်နယ်အတွက်ပွဲ၁၅၀ကိုင်တွယ်ပြီးချိန်တွင်အာဆင်နယ်သမိုင်းတွင်နိုင်ပွဲအများဆုံးရယူထားနိုင်တဲ့နည်းပြဖြစ်လာပါတယ်။

အာတီတာဟာအာဆင်နယ်ကိုပွဲ၁၅၀ကိုင်တွယ်ထားရာမှာ၈၇ပွဲအထိနိုင်ပွဲရယူထားပြီးအာဆင်နယ်သမိုင်းတွင်ပွဲ၁၅၀ကိုင်တွယ်ရာမှာနိုင်ပွဲအများဆုံးရယူထားနိုင်တဲ့နည်းပြဖြစ်လာပါတယ်။

အာတီတာရဲ့နိုင်ပွဲရယူနိုင်မှုပမာဏက အာစင်ဝင်းဂါးကိုပါကျော်သွားပါတယ်။အာစင်ဝင်းဂါးဟာအာဆင်နယ်ကိုပွဲ၁၅၀ကိုင်တွယ်ရာမှာ၈၂ပွဲသာနိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ်။

ဒါ့အပြင်အာဆင်နယ်ဂန္ထဝင်နည်းပြဂျော့ဂရေဟမ်မှာလည်းပွဲ၁၅၀ကိုင်တွယ်ရာမှာနိုင်ပွဲ၈၂ပွဲရယူထားပါတယ်။၎င်းတို့နှင့်အတူ အာဆင်နယ်သမိုင်းတွင်ပွဲ၁၅၀ကိုင်တွယ်ရာမှာနိုင်ပွဲအများဆုံးရယူထားနိုင်တဲ့နည်းပြများအဖြစ်ဟယ်ရီဘရက်ရှော(၇၈ပွဲ)၊တွမ်ဝှိုက်တစ်ကာ(၇၅ပွဲ)၊တယ်ရီနေးလ်(၇၂ပွဲ)တို့ဖြစ်ကြပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကချဲလ်ဆီးကိုအနိုင်ရယူပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။

ZawGyi


မီခေးလ်အာတီတဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ခ်ျတွင်လန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးကိုအနိုင်ရရှိပြီးနောက်အာဆင်နယ်သမိုင်းတွင်အကောင်းဆုံးနည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။





