အာဆင်နယ်သမိုင်းတွင် အကြီးကျယ်နည်းပြအဖြစ် သမိုင်းမှတ်တမ်းရေးထိုးလာတဲ့ မီခေးလ်အာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာပြီးခဲ့တဲ့အပတ်တုန်းကအာဆင်နယ်နည်းပြအဖြစ်ရာပြည့်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အာဆင်နယ်ဟာတနင်္ဂနွေနေ့ညတုန်းက Craven Cottage တွင်ဖူလ်ဟမ်ကို ၃-၀ ဂိုးဖြင့် ရရှိကာဒုတိယနေရာမှမန်စီးတီးကို ၅ မှတ်ဖြတ်ပြီးဦးဆောင်ထားနိုင်ပါတယ်။

ဒါပေမဲ့ အာတီတာဟာယင်းနိုင်ပွဲကြောင့် ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလတွင်အာဆင်နယ်နည်းပြ ဖြစ်လာပြီးနောက် နိုင်ပွဲ ၁၀၀ အထိရယူထားနိုင်ပြီဖြစ်ပါတယ်။

အာဆင်နယ်ဝက်ဘ်ဆိုက်တွင်ဖော်ပြထားမှုအရ အာတီတာဟာအာဆင်နယ်ကို ၁၆၈ ပွဲကိုင်တွယ်ထားရာတွင်နိုင်ပွဲ ၁၀၀ရယူထားတာဖြစ်ပြီးအနိုင်ရာခိုင်နှုန်း ၅၉.၅၂ ရာခိုင်နှုန်းအထိရရှိထားကြောင်းတွေ့ရပါတယ်။

ဒါကြောင့်လည်းအာတီတာဟာယင်းမှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်မည်ဆိုပါကအာဆင်နယ်သမိုင်းတွင်အနိုင်ရာခိုင်နှုန်းအများဆုံးရယူထားနိုင်တဲ့နည်းပြအဖြစ် သမိုင်းမှတ်တမ်းရေးထိုးလာနိုင်တော့မှာလည်းဖြစ်ပါတယ်။

အာတီတာဟာအာဆင်နယ်သမိုင်းတွင်အနိုင်ရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်ရပ်တည်နေပေမဲ့လည်းအောင်မြင်မှုအဖြစ်အက်ဖ်အေဖလား တစ်လုံးတည်းသာရယူထားနိုင်ပါတယ်။

အာတီတာဟာအာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးရဲ့၅၇.၉၈ ရာခိုင်နှုန်းကို ကျော်ဖြတ်ကာအာဆင်နယ်သမိုင်းတွင်အနိုင်ရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်ရပ်တည်လာတာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်ကို ၂၂ နှစ်ကြာကိုင်တွယ်စဉ်အတွင်း၁၂၃၅ ပွဲကိုင်တွယ်ခဲ့ရာမှာ၇၁၆ပွဲအနိုင်ရယူပေးနိုင်ခဲ့ပါတယ်။

ပြင်သစ်ဂန္ထဝင်နည်းပြရဲ့နောက်တွင်အူနိုင်းအမ်မရီကအနိုင်ရာခိုင်နှုန်း၅၅.၁၃ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါတယ်။စပိန်လူမျိုးနည်းပြဟာအာဆင်နယ်ကိုကိုင်တွယ်စဉ်အတွင်းဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကာအာတီတာနှင့်အစားထိုးခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

အာဆင်နယ်သမိုင်းတွင်အနိုင်ရာခိုင်နှုန်းအများဆုံးရယူထားနိုင်တဲ့ နည်းပြ ၉ ဦးစာရင်းတွင် ဂန္ထဝင်နည်းပြများဖြစ်ကြတဲ့သောမတ်စ်မစ်ချယ်၊ဝီလီယမ်အယ်ကော့၊ဟယ်ရီဘရက်ရှော၊ ဟားဘတ်ချက်မန်း၊ဂျော့ဂရေဟမ်၊တွမ်ဝှိုက်တစ်ကာတို့ပါဝင်နေပါတယ်။

ဒါပေမဲ့လက်ရှိအချိန်တွင်အာဆင်နယ်သမိုင်းတွင်အနိုင်ရာခိုင်နှုန်းအများဆုံးရပ်တည်နေတဲ့ နည်းပြအဖြစ်အာတီတာကရပ်တည်နေတာပါ။

ဘာပဲဖြစ်ဖြစ် အာတီတာဟာအာဆင်နယ်ကိုကိုင်တွယ်တဲ့သုံးနှစ်တာကာလအတွင်းတွင် အကြီးမားဆုံး အောင်မြင်မှုအဖြစ်လာမယ့်မေလမှာ အမ်းမရိတ်ကွင်းသို့ပရီးမီးယားလိဂ်ဖလားသယ်ဆောင်ပေးလာနိုင်မဲ့အခွင့်အရေးကြီးလက်ဝယ်ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္သမိုင္းတြင္ အႀကီးက်ယ္နည္းျပအျဖစ္ သမိုင္းမွတ္တမ္းေရးထိုးလာတဲ့ မီေခးလ္အာတီတာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာၿပီးခဲ့တဲ့အပတ္တုန္းကအာဆင္နယ္နည္းျပအျဖစ္ရာျပည့္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့အာဆင္နယ္ဟာတနဂၤေႏြေန႔ညတုန္းက Craven Cottage တြင္ဖူလ္ဟမ္ကို ၃-၀ ဂိုးျဖင့္ ရရွိကာဒုတိယေနရာမွမန္စီးတီးကို ၅ မွတ္ျဖတ္ၿပီးဦးေဆာင္ထားႏိုင္ပါတယ္။

ဒါေပမဲ့ အာတီတာဟာယင္းႏိုင္ပြဲေၾကာင့္ ၂၀၁၉ ခုႏွစ္၊ဒီဇင္ဘာလတြင္အာဆင္နယ္နည္းျပ ျဖစ္လာၿပီးေနာက္ ႏိုင္ပြဲ ၁၀၀ အထိရယူထားႏိုင္ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဝက္ဘ္ဆိုက္တြင္ေဖာ္ျပထားမႈအရ အာတီတာဟာအာဆင္နယ္ကို ၁၆၈ ပြဲကိုင္တြယ္ထားရာတြင္ႏိုင္ပြဲ ၁၀၀ရယူထားတာျဖစ္ၿပီးအႏိုင္ရာခိုင္ႏႈန္း ၅၉.၅၂ ရာခိုင္ႏႈန္းအထိရရွိထားေၾကာင္းေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းအာတီတာဟာယင္းမွတ္တမ္းေကာင္းကို ဆက္လက္ထိန္းထားႏိုင္မည္ဆိုပါကအာဆင္နယ္သမိုင္းတြင္အႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးရယူထားႏိုင္တဲ့နည္းျပအျဖစ္ သမိုင္းမွတ္တမ္းေရးထိုးလာႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။

အာတီတာဟာအာဆင္နယ္သမိုင္းတြင္အႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနေပမဲ့လည္းေအာင္ျမင္မႈအျဖစ္အက္ဖ္ေအဖလား တစ္လုံးတည္းသာရယူထားႏိုင္ပါတယ္။

အာတီတာဟာအာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးရဲ႕၅၇.၉၈ ရာခိုင္ႏႈန္းကို ေက်ာ္ျဖတ္ကာအာဆင္နယ္သမိုင္းတြင္အႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္လာတာျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္ကို ၂၂ ႏွစ္ၾကာကိုင္တြယ္စဥ္အတြင္း၁၂၃၅ ပြဲကိုင္တြယ္ခဲ့ရာမွာ၇၁၆ပြဲအႏိုင္ရယူေပးႏိုင္ခဲ့ပါတယ္။

ျပင္သစ္ဂႏၴဝင္နည္းျပရဲ႕ေနာက္တြင္အူႏိုင္းအမ္မရီကအႏိုင္ရာခိုင္ႏႈန္း၅၅.၁၃ ရာခိုင္ႏႈန္းျဖင့္ ရပ္တည္ေနပါတယ္။စပိန္လူမ်ိဳးနည္းျပဟာအာဆင္နယ္ကိုကိုင္တြယ္စဥ္အတြင္းေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရကာအာတီတာႏွင့္အစားထိုးျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။

အာဆင္နယ္သမိုင္းတြင္အႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးရယူထားႏိုင္တဲ့ နည္းျပ ၉ ဦးစာရင္းတြင္ ဂႏၴဝင္နည္းျပမ်ားျဖစ္ၾကတဲ့ေသာမတ္စ္မစ္ခ်ယ္၊ဝီလီယမ္အယ္ေကာ့၊ဟယ္ရီဘရက္ေရွာ၊ ဟားဘတ္ခ်က္မန္း၊ေဂ်ာ့ဂေရဟမ္၊တြမ္ဝႈိက္တစ္ကာတို႔ပါဝင္ေနပါတယ္။

ဒါေပမဲ့လက္ရွိအခ်ိန္တြင္အာဆင္နယ္သမိုင္းတြင္အႏိုင္ရာခိုင္ႏႈန္းအမ်ားဆုံးရပ္တည္ေနတဲ့ နည္းျပအျဖစ္အာတီတာကရပ္တည္ေနတာပါ။

ဘာပဲျဖစ္ျဖစ္ အာတီတာဟာအာဆင္နယ္ကိုကိုင္တြယ္တဲ့သုံးႏွစ္တာကာလအတြင္းတြင္ အႀကီးမားဆုံး ေအာင္ျမင္မႈအျဖစ္လာမယ့္ေမလမွာ အမ္းမရိတ္ကြင္းသို႔ပရီးမီးယားလိဂ္ဖလားသယ္ေဆာင္ေပးလာႏိုင္မဲ့အခြင့္အေရးႀကီးလက္ဝယ္ပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။