အာဆင်နယ်သို့ ပြောင်းခွင့်တောင်းလာတဲ့ ကိုင်စီဒိုအား လကုန်တဲ့အထိ လေ့ကျင့်ခန်းဆင်းခွင့် ဘရိုက်တန်ပိတ်ပင်လာ

ဘရိုက်တန်အသင်းဟာအာဆင်နယ်သို့အသင်းပြောင်းခွင့်တောင်းဆိုလာတဲ့မွိုက်စီကိုင်စီဒိုအား ယခုလအတွင်းတွင်ရောင်းချလာမှာမဟုတ်တဲ့အပြင်အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်အထိအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းခြင်းမပြုလုပ်ရန်ပိတ်ပင်လာပါတယ်။

အာဆင်နယ်ဟာသောကြာနေ့တုန်းကကိုင်စီဒိုအားပေါင်သန်း၆၀ဖြင့်ကမ်းလှမ်းခဲ့ပေမဲ့ဘရိုက်တန်ကပယ်ချခဲ့ပါတယ်။ဘရိုက်တန်ကသူတို့ရဲ့အဓိကကစားသမားကိုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မဆုံးရှုံးလိုပါဘူး။

ဘရိုက်တန်ဟာအသက်၂၁နှစ်ရှိကိုင်စီဒိုကိုပြောင်းရွှေ့ကြေးပေါင်သန်း၈၀အထိသတ်မှတ်ထားပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်မီအာဆင်နယ်ထံမှနောက်ထပ်ကမ်းလှမ်းမှုပြုလုပ်လာဦးမယ်လို့ယူဆရပါတယ်။

ဘရိုက်တန်ဘက်ကအာဆင်နယ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချလာပြီးနောက် ကိုင်စီဒိုဟာသောကြာနေ့ညတွင်ပင် အာဆင်နယ်သို့ပြောင်းခွင့်ပေးရန် ဆိုရှယ်မီဒီယာမှတဆင့်တောင်းဆိုလာခဲ့ပါတယ်။

စနေနေ့ညတွင်အာဆင်နယ်ဟာကမ်းလှမ်းမှုကိုမြှင့်ပြီးပေါင်သန်း၇၀ဖြင့်ကမ်းလှမ်းခဲ့ပေမဲ့ဘရိုက်တန်ကဆက်လက်ပယ်ချခဲ့ပါတယ်။

ဘရိုက်တန်ဟာကလပ်သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ဥရောပဝင်ခွင့်ရရှိနိုင်တဲ့အခြေအနေမျိုးတွင်အဓိကကစားသမားကိုမဆုံးရှုံးလိုပါဘူး။

ဒါကြောင့်လည်းဘရိုက်တန်ဟာကိုင်စီဒိုအားယခုဇန်နဝါရီလတွင်ရောင်းချလာမှာမဟုတ်တဲ့အပြင်အပြောင်းအရွှေ့ဈေးကွက်ပိတ်တဲ့အထိအသင်းနှင့်အတူလေ့ကျင့်ခန်းမဆင်းရန်အကြောင်းကြားလာပါတယ်။

ဘရိုက်တန်ဟာနွေရာသီတုန်းကကူကူရယ်လာ၊ဘစ်ဆူမာတိုကိုဆုံးရှုံးထားရတဲ့အပြင်ဇန်နဝါရီတွင်လည်းထရိုဆတ်ကိုအာဆင်နယ်သို့ဆုံးရှုံးထားရပေမဲ့လည်းပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi

အာဆင္နယ္သို႔ ေျပာင္းခြင့္ေတာင္းလာတဲ့ ကိုင္စီဒိုအား လကုန္တဲ့အထိ ေလ့က်င့္ခန္းဆင္းခြင့္ ဘ႐ိုက္တန္ပိတ္ပင္လာ

ဘ႐ိုက္တန္အသင္းဟာအာဆင္နယ္သို႔အသင္းေျပာင္းခြင့္ေတာင္းဆိုလာတဲ့မြိဳက္စီကိုင္စီဒိုအား ယခုလအတြင္းတြင္ေရာင္းခ်လာမွာမဟုတ္တဲ့အျပင္အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ခ်ိန္အထိအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းျခင္းမျပဳလုပ္ရန္ပိတ္ပင္လာပါတယ္။

အာဆင္နယ္ဟာေသာၾကာေန႔တုန္းကကိုင္စီဒိုအားေပါင္သန္း၆၀ျဖင့္ကမ္းလွမ္းခဲ့ေပမဲ့ဘ႐ိုက္တန္ကပယ္ခ်ခဲ့ပါတယ္။ဘ႐ိုက္တန္ကသူတို႔ရဲ႕အဓိကကစားသမားကိုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မဆုံးရႈံးလိုပါဘူး။

ဘ႐ိုက္တန္ဟာအသက္၂၁ႏွစ္ရွိကိုင္စီဒိုကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၈၀အထိသတ္မွတ္ထားၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီအာဆင္နယ္ထံမွေနာက္ထပ္ကမ္းလွမ္းမႈျပဳလုပ္လာဦးမယ္လို႔ယူဆရပါတယ္။

ဘ႐ိုက္တန္ဘက္ကအာဆင္နယ္ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်လာၿပီးေနာက္ ကိုင္စီဒိုဟာေသာၾကာေန႔ညတြင္ပင္ အာဆင္နယ္သို႔ေျပာင္းခြင့္ေပးရန္ ဆိုရွယ္မီဒီယာမွတဆင့္ေတာင္းဆိုလာခဲ့ပါတယ္။

စေနေန႔ညတြင္အာဆင္နယ္ဟာကမ္းလွမ္းမႈကိုျမႇင့္ၿပီးေပါင္သန္း၇၀ျဖင့္ကမ္းလွမ္းခဲ့ေပမဲ့ဘ႐ိုက္တန္ကဆက္လက္ပယ္ခ်ခဲ့ပါတယ္။

ဘ႐ိုက္တန္ဟာကလပ္သမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ဥေရာပဝင္ခြင့္ရရွိႏိုင္တဲ့အေျခအေနမ်ိဳးတြင္အဓိကကစားသမားကိုမဆုံးရႈံးလိုပါဘူး။

ဒါေၾကာင့္လည္းဘ႐ိုက္တန္ဟာကိုင္စီဒိုအားယခုဇန္နဝါရီလတြင္ေရာင္းခ်လာမွာမဟုတ္တဲ့အျပင္အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္တဲ့အထိအသင္းႏွင့္အတူေလ့က်င့္ခန္းမဆင္းရန္အေၾကာင္းၾကားလာပါတယ္။

ဘ႐ိုက္တန္ဟာေႏြရာသီတုန္းကကူကူရယ္လာ၊ဘစ္ဆူမာတိုကိုဆုံးရႈံးထားရတဲ့အျပင္ဇန္နဝါရီတြင္လည္းထ႐ိုဆတ္ကိုအာဆင္နယ္သို႔ဆုံးရႈံးထားရေပမဲ့လည္းပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၆ေနရာတြင္ရပ္တည္ေနပါတယ္။