
အင်္ဂလန်စီနီယာဘောလုံးလောကရဲ့သက်တော်ရှည်နည်းပြဟာအသင်းကို၂၆ရာသီကြာကိုင်တွယ်ပြီးနောက်ရာထူးမှမထင်မှတ်ဘဲနုတ်ထွက်လာပါတယ်။
Folkestone Invicta နည်းပြနေးလ်ကူဂလေးဟာ အာဆင်နယ်ကိုအာစင်ဝင်းဂါးရောက်လာပြီးနောက်တစ်နှစ်အကြာတွင် Folkestone Invicta သို့ရောက်လာခဲ့သူဖြစ်ပါတယ်။
အသက်၆၅နှစ်ရှိအပျော်တမ်းလိဂ်ဂန္ထဝင်နည်းပြဟာ၂၀၁၈ခုနှစ်တုန်းကအင်္ဂလန်ဘောလုံးလိဂ်၇ခုတွင်ကလပ်တစ်ခုတည်းကိုကိုင်တွယ်တဲ့သက်တမ်းအရင့်ဆုံးနည်းပြအဖြစ်အာစင်ဝင်ဂါးနေရာကိုရယူခဲ့ပါတယ်။
သူဟာFolkestone Invicta ကို၁၂၉၉ပွဲကိုင်တွယ်ပြီးကန့်အခြေစိုက်အသင်းကို The Pitching In Isthmian League Premier Division ရဲ့ဇယားအလယ်ပိုင်းတွင်ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးပြီးနောက်ထွက်ခွာလာခဲ့ပါတယ်။
ကူဂလေးဟာ၁၉၈၁-၈၂ရာသီတုန်းကတိုက်စစ်မှူးအဖြစ်ကစားစဉ်တုန်းက၄၆ဂိုးဖြင့် Folkestoneရဲ့တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးစံချိန်ကိုရိုက်ချိုးခဲ့သူဖြစ်ပါတယ်။
သူဟာ၁၉၉၇ခုနှစ်တွင် Folkestone ကိုစတင်ကိုင်တွယ်လာခဲ့တာဖြစ်ပြီးယခုရာသီအကုန်အထိကိုင်တွယ်သွားလိမ့်မယ်လို့ယူဆခဲ့ရသူဖြစ်ပါတယ်။
ဒါပေမဲ့သူဟာ ကလပ်ရဲ့ဘဏ္ဍရေးအခြေအနေကြောင့်ဥက္ကဌပေါလ်မော်ဂန်နုတ်ထွက်သွားပြီးနောက်သူကိုယ်တိုင်လည်းရာထူးမှထွက်ခွာရန်ဆုံးဖြတ်လာခဲ့ပါတယ်။
ကူဂလေးဟာဆယ်စုနှစ်ငါးခုကြာအချိန်ပိုင်းဘောလုံးလောကတွင်ကျင်လည်ခဲ့မှုအတွက်နာမည်ကျော်ကြားသူလည်းဖြစ်ပါတယ်။
ZawGyi
အာဆင္နယ္သို႔ ဝင္းဂါေရာက္ၿပီး တစ္ႏွစ္အၾကာတြင္ ေရာက္လာတဲ့ သက္ေတာ္ရွည္နည္းျပႏုတ္ထြက္
အဂၤလန္စီနီယာေဘာလုံးေလာကရဲ႕သက္ေတာ္ရွည္နည္းျပဟာအသင္းကို၂၆ရာသီၾကာကိုင္တြယ္ၿပီးေနာက္ရာထူးမွမထင္မွတ္ဘဲႏုတ္ထြက္လာပါတယ္။
Folkestone Invicta နည္းျပေနးလ္ကူဂေလးဟာ အာဆင္နယ္ကိုအာစင္ဝင္းဂါးေရာက္လာၿပီးေနာက္တစ္ႏွစ္အၾကာတြင္ Folkestone Invicta သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။
အသက္၆၅ႏွစ္ရွိအေပ်ာ္တမ္းလိဂ္ဂႏၴဝင္နည္းျပဟာ၂၀၁၈ခုႏွစ္တုန္းကအဂၤလန္ေဘာလုံးလိဂ္၇ခုတြင္ကလပ္တစ္ခုတည္းကိုကိုင္တြယ္တဲ့သက္တမ္းအရင့္ဆုံးနည္းျပအျဖစ္အာစင္ဝင္ဂါးေနရာကိုရယူခဲ့ပါတယ္။
သူဟာFolkestone Invicta ကို၁၂၉၉ပြဲကိုင္တြယ္ၿပီးကန႔္အေျခစိုက္အသင္းကို The Pitching In Isthmian League Premier Division ရဲ႕ဇယားအလယ္ပိုင္းတြင္ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ေပးၿပီးေနာက္ထြက္ခြာလာခဲ့ပါတယ္။
ကူဂေလးဟာ၁၉၈၁-၈၂ရာသီတုန္းကတိုက္စစ္မႉးအျဖစ္ကစားစဥ္တုန္းက၄၆ဂိုးျဖင့္ Folkestoneရဲ႕တစ္ရာသီအတြင္းသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို႐ိုက္ခ်ိဳးခဲ့သူျဖစ္ပါတယ္။
သူဟာ၁၉၉၇ခုႏွစ္တြင္ Folkestone ကိုစတင္ကိုင္တြယ္လာခဲ့တာျဖစ္ၿပီးယခုရာသီအကုန္အထိကိုင္တြယ္သြားလိမ့္မယ္လို႔ယူဆခဲ့ရသူျဖစ္ပါတယ္။
ဒါေပမဲ့သူဟာ ကလပ္ရဲ႕ဘ႑ေရးအေျခအေနေၾကာင့္ဥကၠဌေပါလ္ေမာ္ဂန္ႏုတ္ထြက္သြားၿပီးေနာက္သူကိုယ္တိုင္လည္းရာထူးမွထြက္ခြာရန္ဆုံးျဖတ္လာခဲ့ပါတယ္။
ကူဂေလးဟာဆယ္စုႏွစ္ငါးခုၾကာအခ်ိန္ပိုင္းေဘာလုံးေလာကတြင္က်င္လည္ခဲ့မႈအတြက္နာမည္ေက်ာ္ၾကားသူလည္းျဖစ္ပါတယ္။