အာဆင်နယ်သို့ အငှားဖြင့်လာရောက်ကစားလုနီးပါးဖြစ်နေတဲ့ အေဘရာဟမ်မှာ ငယ်စဉ်ကတည်းက Gooner တစ်ဦးဖြစ်

တမ်မီအေဘရာဟမ်ဟာအာဆင်နယ်သို့အငှားဖြင့်ပြောင်းရွှေ့ရေးဖြစ်လာခဲ့လျှင်သူ့ရဲ့ငယ်ဘဝအိပ်မက်တကယ်ဖြစ်လာမှာဖြစ်ပါတယ်။

ချဲလ်ဆီးစတားဟာငယ်စဉ်ကတည်းကအာဆင်နယ်ပရိသတ်တစ်ဦးဖြစ်တဲ့အပြင်သူ့ရဲ့စံပြကစားသမားကလည်းအာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးသီယာရီဟင်နရီဖြစ်ပါတယ်။

အာဆင်နယ်ဟာချဲလ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ကိုတစ်နှစ်အငှားဖြင့်ခေါ်ယူပြီးစာချုပ်အတွင်းတွင်ပေါင်သန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုသွားပါမယ်။

၂၀၁၇ခုနှစ်တုန်းကအေဘရာဟမ်က “အရိုးသားဆုံးပြောရမယ်ဆိုရင်ကျွန်တော်ကအာဆင်နယ်ပရိသတ်တစ်ဦးပါ။ဒါကချဲလ်ဆီးမှာကျွန်တော့်ကိုဘာမှမကွဲပြားသွားစေပါဘူး။လူငယ်ဘဝမှာလူတိုင်းဟာကိုယ့်စိတ်ကြိုက်အသင်းကိုအားပေးကြပါတယ်။ဒါကကိုယ်ရေးကိုယ်တာပါ။ချဲလ်ဆီးမှာဘာပြဿနာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်အတွက်၆ပွဲကစားခွင့်ရရှိထားတဲ့အေဘရာဟမ်ဟာချဲလ်ဆီးနည်းပြလမ်းပတ်အောက်မှာနေရာရရှိခဲ့ပေမယ့်သောမတ်စ်တူချယ်လက်အောက်မှာတော့နေရာပျောက်ဆုံးနေပါတယ်။

ZawGyi

အာဆင္နယ္သို႔ အငွားျဖင့္လာေရာက္ကစားလုနီးပါးျဖစ္ေနတဲ့ ေအဘရာဟမ္မွာ ငယ္စဥ္ကတည္းက Gooner တစ္ဦးျဖစ္

တမ္မီေအဘရာဟမ္ဟာအာဆင္နယ္သို႔အငွားျဖင့္ေျပာင္းေ႐ႊ႕ေရးျဖစ္လာခဲ့လွ်င္သူ႔ရဲ႕ငယ္ဘဝအိပ္မက္တကယ္ျဖစ္လာမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးစတားဟာငယ္စဥ္ကတည္းကအာဆင္နယ္ပရိသတ္တစ္ဦးျဖစ္တဲ့အျပင္သူ႔ရဲ႕စံျပကစားသမားကလည္းအာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးသီယာရီဟင္နရီျဖစ္ပါတယ္။

အာဆင္နယ္ဟာခ်ဲလ္ဆီးတိုက္စစ္မႉးေအဘရာဟမ္ကိုတစ္ႏွစ္အငွားျဖင့္ေခၚယူၿပီးစာခ်ဳပ္အတြင္းတြင္ေပါင္သန္း၄၀ျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုသြားပါမယ္။

၂၀၁၇ခုႏွစ္တုန္းကေအဘရာဟမ္က “အ႐ိုးသားဆုံးေျပာရမယ္ဆိုရင္ကြၽန္ေတာ္ကအာဆင္နယ္ပရိသတ္တစ္ဦးပါ။ဒါကခ်ဲလ္ဆီးမွာကြၽန္ေတာ့္ကိုဘာမွမကြဲျပားသြားေစပါဘူး။လူငယ္ဘဝမွာလူတိုင္းဟာကိုယ့္စိတ္ႀကိဳက္အသင္းကိုအားေပးၾကပါတယ္။ဒါကကိုယ္ေရးကိုယ္တာပါ။ခ်ဲလ္ဆီးမွာဘာျပႆနာမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္အတြက္၆ပြဲကစားခြင့္ရရွိထားတဲ့ေအဘရာဟမ္ဟာခ်ဲလ္ဆီးနည္းျပလမ္းပတ္ေအာက္မွာေနရာရရွိခဲ့ေပမယ့္ေသာမတ္စ္တူခ်ယ္လက္ေအာက္မွာေတာ့ေနရာေပ်ာက္ဆုံးေနပါတယ္။