အာဆင်နယ်အတွက်သတင်းကောင်း၊ ဒဏ်ရာကြောင့် မန်စီးတီးစတားဒီဘရိုင်း ပါဝင်နိုင်မည်မဟုတ်

မန်စီးတီးအဓိကကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်စနေနေ့တွင်အာဆင်နယ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အားလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိဘယ်လ်ဂျီယံစတားဟာနောက်ပိုင်းတွင်ဒဏ်ရာပြဿနာများနှင့်ဆက်တိုက်ရင်ဆိုင်လာခဲ့ရသူလည်းဖြစ်ပါတယ်။သူဟာဒဏ်ရာကြောင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလွဲခဲ့သလိုယူရို၂၀၂၀တွင်လည်းပွဲအချို့လွဲခဲ့ပါတယ်။

သူဟာခြေကျင်းဝတ်ဒဏ်ရာကိုယူရို၂၀၂၀ပြိုင်ပွဲတွင်ရရှိခဲ့တာဖြစ်ပြီးမန်စီးတီးရဲ့အာဆင်နယ်နှင့်ပွဲစဉ်အပြင်ဘယ်လ်ဂျီယံရဲ့လာမယ့်လကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလည်းလွဲချော်ပါမယ်။

ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်က “ကီဗင်ကနားနေရပါတယ်။စပါးစ်နဲ့ပွဲမှာမိနစ်အနည်းငယ်ကစားခဲ့တယ်။ဒီအပတ်ပွဲမှာသူပါဝင်မှာမဟုတ်ပါဘူး။သူ့တိုးတက်မှုအခြေအနေကြည့်ရပါမယ်။ကျွန်တော်တို့မန်စီးတီးနဲ့ချိတ်ဆက်အလုပ်လုပ်နေပါတယ်။ သူလည်းကြိုးစားနေပါတယ်။ဒါပေမယ့်အခုအချိန်မှာတော့သူကြံ့ခိုင်မှုမပြည့်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မန်စီးတီးအသင်းတွင်အင်္ဂလန်အလယ်တန်းကစားသမားဖီးလ်ဖိုဒန်မှာလည်းပါဝင်လာမှာမဟုတ်ပါဘူး။အဓိကဗဟိုနောက်ခံလူဂျွန်စတုန်းမှာလည်းအာဆင်နယ်နှင့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။

ZawGyi

အာဆင္နယ္အတြက္သတင္းေကာင္း၊ ဒဏ္ရာေၾကာင့္ မန္စီးတီးစတားဒီဘ႐ိုင္း ပါဝင္ႏိုင္မည္မဟုတ္

မန္စီးတီးအဓိကကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္စေနေန႔တြင္အာဆင္နယ္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္အားလြဲေခ်ာ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိဘယ္လ္ဂ်ီယံစတားဟာေနာက္ပိုင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ဆက္တိုက္ရင္ဆိုင္လာခဲ့ရသူလည္းျဖစ္ပါတယ္။သူဟာဒဏ္ရာေၾကာင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလြဲခဲ့သလိုယူ႐ို၂၀၂၀တြင္လည္းပြဲအခ်ိဳ႕လြဲခဲ့ပါတယ္။

သူဟာေျခက်င္းဝတ္ဒဏ္ရာကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ရရွိခဲ့တာျဖစ္ၿပီးမန္စီးတီးရဲ႕အာဆင္နယ္ႏွင့္ပြဲစဥ္အျပင္ဘယ္လ္ဂ်ီယံရဲ႕လာမယ့္လကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကိုလည္းလြဲေခ်ာ္ပါမယ္။

ဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္က “ကီဗင္ကနားေနရပါတယ္။စပါးစ္နဲ႔ပြဲမွာမိနစ္အနည္းငယ္ကစားခဲ့တယ္။ဒီအပတ္ပြဲမွာသူပါဝင္မွာမဟုတ္ပါဘူး။သူ႔တိုးတက္မႈအေျခအေနၾကည့္ရပါမယ္။ကြၽန္ေတာ္တို႔မန္စီးတီးနဲ႔ခ်ိတ္ဆက္အလုပ္လုပ္ေနပါတယ္။ သူလည္းႀကိဳးစားေနပါတယ္။ဒါေပမယ့္အခုအခ်ိန္မွာေတာ့သူႀကံ့ခိုင္မႈမျပည့္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္မန္စီးတီးအသင္းတြင္အဂၤလန္အလယ္တန္းကစားသမားဖီးလ္ဖိုဒန္မွာလည္းပါဝင္လာမွာမဟုတ္ပါဘူး။အဓိကဗဟိုေနာက္ခံလူဂြၽန္စတုန္းမွာလည္းအာဆင္နယ္ႏွင့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။